ထို့နောက် အပြစ်ဖြေရာယဇ်ကောင်အဖြစ် ဆိတ်သငယ်တို့ကို ရှင်ဘုရင်နှင့်လူထုရှေ့သို့ယူလာ၍ သူတို့သည် ဆိတ်သငယ်တို့အပေါ်တွင် လက်ကိုတင်ကြ၏။
ဝတ်ပြု 4:33 - မြန်မာ့စံမီသမ္မာကျမ်း သူသည် မိမိလက်ကို အပြစ်ဖြေရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်ရမည်။ ၎င်းကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၌ အပြစ်ဖြေရာယဇ်အဖြစ် သတ်ရမည်။ Common Language Bible သူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာ ယဇ်ကောင်များသတ်သည့်နေရာ၌ သိုး၏ဦး ခေါင်းပေါ်တွင်လက်ကိုတင်၍သိုးကိုသတ် ရမည်။- Garrad Bible ကြန် အင် စုံ သော အ မ ကို တင် သွင်း၍ ဦး ခေါင်း ပေါ် တွင် လက် တင် ပြီး လျှင် အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဖြင့် မီး ရှို့ ရာ သ က္ကာ ကို စီ ရင် မြဲ နေ ရာ၌ စီ ရင် စေ။ Judson Bible အပြစ်ဖြေရာယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ အပြစ်ဖြေရာယဇ်ဖြစ်စေခြင်းငှာ သတ်ရမည်။ |
ထို့နောက် အပြစ်ဖြေရာယဇ်ကောင်အဖြစ် ဆိတ်သငယ်တို့ကို ရှင်ဘုရင်နှင့်လူထုရှေ့သို့ယူလာ၍ သူတို့သည် ဆိတ်သငယ်တို့အပေါ်တွင် လက်ကိုတင်ကြ၏။
သူ့လက်ကို မီးရှို့ရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်သောအခါ ထိုယဇ်ကို သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းယဇ်အဖြစ် လက်ခံတော်မူမည်။
သူသည် နွားထီးပျိုကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကိုယူဆောင်လာ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ထိုသွေးကို ဖျန်းရမည်။
သူသည် နွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်သို့ ဆွဲခေါ်လာ၍ မိမိလက်ကို နွားထီး၏ခေါင်းပေါ်၌ တင်ရမည်။ နွားထီးကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။
၎င်းကို အာရုန်၏သားမြေးတို့တွင် ယောက်ျားတိုင်း စားခွင့်ရှိ၏။ ဤသည်ကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်နှင့်ပတ်သက်၍ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ ၎င်းတို့ကိုထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်”ဟု မိန့်တော်မူ၏။
အပြစ်ဒဏ်ဖြေရာယဇ်ကောင်ကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၌ သတ်၍ သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။