အချိန်စေ့သောအခါ၊ ကာဣနသည် မြေမှရသောအသီးအနှံကို ပူဇော်သက္ကာအဖြစ် ထာဝရဘုရားထံယူဆောင်လာ၏။
ဝတ်ပြု 2:14 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် အဦးဆုံးသီးနှံ၏ဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားအား ပူဇော်လိုလျှင် အဦးဆုံးသီးနှံကို အနှံလိုက်မီးကင်၍ အစေ့ကိုကြိတ်ပြီး ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ Common Language Bible သင်တို့သည်အဦးဆုံးရိတ်သိမ်းသော ကောက်ပဲသီးနှံကို ထာဝရဘုရားအား ပူဇော်သောအခါဆန်လှော်သို့မဟုတ် ဆန်မှုန့်ကိုပူဇော်ရမည်။- Garrad Bible အ ဦး မှည့် သော အ သီး အ နှံ ဘော ဇဉ် သ က္ကာ ကို ထာ ဝ ရ ဘု ရား ထံ တင် သွင်း လျှင် မီး လှော် သော စ ပါး၊ ဆန် ခွဲ နှင့် အ သီး များ ကို တင် သွင်း ရာ Judson Bible အဦးသီးသောအသီးအနှံကို၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ စပါးနှံကို အရည်စစ်အောင် မီးနားမှာထား၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊ |
အချိန်စေ့သောအခါ၊ ကာဣနသည် မြေမှရသောအသီးအနှံကို ပူဇော်သက္ကာအဖြစ် ထာဝရဘုရားထံယူဆောင်လာ၏။
ထို့နောက် ဗာလရှလိရှမြို့မှလူတစ်ဦးသည် မုယောအသီးဦးဖြင့်လုပ်ထားသောမုယောမုန့်အလုံးနှစ်ဆယ်နှင့် အသီးအနှံတို့ကို အိတ်ထဲထည့်၍ ဘုရားသခင်၏လူထံ ယူဆောင်လာ၏။ ဧလိရှဲကလည်း “လူတို့စားဖို့ ပေးလော့”ဟု ဆို၏။
၎င်းပေါ်တွင် ဆီထည့်၍ လော်ဗန်ကို တင်ထားရမည်။ ဤသည်ကား ဘောဇဉ်ပူဇော်သက္ကာ ဖြစ်၏။
ယဇ်ပုရောဟိတ်သည် လော်ဗန်ရှိသမျှနှင့်တကွ ကြိတ်ထားသောအစေ့နှင့်ဆီထဲမှ ပူဇော်သက္ကာအမှတ်သညာကို ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် ရှို့ရမည်။
ထာဝရဘုရားအား ကျေးဇူးတော်ချီးမွမ်းရာယဇ်ပူဇော်သောအခါ သင်တို့ကို လက်ခံအောင် ပူဇော်ရမည်။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့အား ငါပေးသောပြည်သို့ သင်တို့ဝင်ရောက်၍ သီးနှံရိတ်သိမ်းသောအခါ သင်တို့ရိတ်သိမ်းသော အသီးဦးသီးနှံတစ်စည်းကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာရမည်။
ထိုယဇ်နှင့်အတူ ပူဇော်သောဘောဇဉ်ပူဇော်သက္ကာသည် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံဖြစ်ရမည်။ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။ ထိုယဇ်နှင့်အတူ ပူဇော်သောသွန်းလောင်းရာပူဇော်သက္ကာသည်လည်း စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံဖြစ်ရမည်။
ယဇ်ပုရောဟိတ်သည် သိုးသငယ်နှစ်ကောင်ကို အဦးဆုံးသီးနှံ၏မုန့်နှင့်အတူ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။ ထိုအရာတို့သည် ယဇ်ပုရောဟိတ်အတွက် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
“အစ္စရေးအမျိုးသားတို့ကို မိန့်မှာလော့။ ‘ငါ့အဖို့ ပူဇော်သက္ကာ၊ ငါ့အဖို့မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောစားဖွယ်ရာကို သတ်မှတ်ထားသောအချိန်၌ ပူဇော်ရန် သတိပြုရမည်’ဟု သူတို့အား ဆင့်ဆိုလော့။
ယခုမူကား ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အသီးဦးဖြစ်တော်မူပြီ။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်မှထွက်ရှိသည့် မြေအသီးအနှံအားလုံး၏အသီးဦးအချို့ကိုယူ၍ တောင်းထဲထည့်ပြီးလျှင် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။