ယဇ်ပုရောဟိတ်သည် အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်သောသိုးသငယ်နှင့် ဆီတစ်လောဃကို ယူရမည်။ ယဇ်ပုရောဟိတ်သည် ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
ယဇ်ပုရောဟိတ်သည်သိုးနှင့်သံလွင်ဆီကို ယဇ်ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးပူဇော်သကာအဖြစ်ဆက်ကပ်ရမည်။-
ပ ရော ဟိတ် သည် ပြစ် ဒဏ် ပြေ ရာ သ က္ကာ သိုး နှင့် ဆီ အ စိတ် ကို ယူ၍ ဦး တိုက် ရာ အ လှူ အ ဖြစ် ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် ခြင်း၊
ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်သိုးသငယ်နှင့် ဆီတစ်လောဃကိုယူ၍ ထာဝရဘုရားရှေ့တော်၌ချီလွှဲရာ၊ ပူဇော်သကာဖို့ ချီလွှဲရမည်။
ရှစ်ရက်မြောက်သောနေ့၌ အပြစ်အနာအဆာကင်းသောသိုးသငယ်အထီးနှစ်ကောင်၊ အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံနှင့် ဆီတစ်လောဃကို ယူဆောင်လာရမည်။
ယဇ်ပုရောဟိတ်သည် သိုးသငယ်အထီးတစ်ကောင်ကိုယူ၍ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဆီတစ်လောဃနှင့်အတူ ပူဇော်ပြီး ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကိုလည်းကောင်း မိမိတတ်နိုင်သည့်အတိုင်း ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၍ ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
သူသည် သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ထာဝရဘုရားထံသို့ ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။