Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 14:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ယဇ်ပုရောဟိတ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​သော​သိုးသငယ်​ကို​သတ်​ပြီးလျှင် အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို​ယူ​၍ စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​ပေါ်၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​ပေါ်၌​လည်းကောင်း သုတ်လိမ်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 သူ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး​အ​နည်း ငယ်​ဖြင့် ထို​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​ကို​သုတ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ထို ပြစ် ဒဏ် ပြေ ရာ သ က္ကာ သိုး ကို စီ ရင် ပြီး မှ ပြစ် ဒဏ် ပြေ ရာ သ က္ကာ၏ အ သွေး အ ချို့ အ ဝက် ကို ယူ၍ သန့် စေ ခြင်း လို သော သူ၏ လက်ျာ နား ပျင်း၊ လက်ျာ လက် မ၊ လက်ျာ ခြေ မ များ၌ သုတ် ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ထို​သိုး​သ​ငယ်​ကို​သတ်​ပြီး​လျှင်၊ အ​သွေး​ကို​ယူ၍ စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:25
7 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​ကို နှစ်သက်​တော်​မ​မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​နား​ကို​ဖွင့်​ပေး​တော်မူ​၏​။ ကိုယ်တော်​သည် မီးရှို့ရာယဇ်​နှင့်​အပြစ်ဖြေရာယဇ်​ကို တောင်း​တော်​မ​မူ​ပါ​။


ထို​သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​အချို့​ကို​ယူ​၍ အာရုန်​၏​ယာဘက်​နားပျဉ်း​နှင့် သူ့​သား​တို့​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ သူ​တို့​၏​ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​ပေး​ရ​မည်​။ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌​လည်း သွေး​ကို​ဖျန်း​ရ​မည်​။


ဘုရားသခင်​၏​အိမ်​တော်​သို့​သွား​သောအခါ သင်​၏​ခြေလှမ်း​ကို​စောင့်ထိန်း​လော့​။ နားထောင်​ရန်​ချဉ်းကပ်​ခြင်း​သည် မိုက်မဲ​သော​သူ​တို့​နှင့်ဆိုင်သော​ယဇ်​ကို​ပူဇော်​ခြင်း​ထက် ပို၍​ကောင်း​၏​။ အကြောင်းမူကား သူ​တို့​သည် မိမိ​တို့​မကောင်းမှု​ပြု​နေ​သည်​ကို မ​သိ​ကြ​ချေ​။


ယဇ်ပုရောဟိတ်​သည် ဆီ​အချို့​ကို မိမိ​၏​ဘယ်​ဘက်​လက်ဖဝါး​ထဲသို့ လောင်းထည့်​ရ​မည်​။


သူ​သည် သိုးသငယ်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ထာဝရဘုရား​ထံသို့ ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်ပြီး ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။


မောရှေ​သည် သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​အချို့​ကို​ယူ​၍ အာရုန်​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့် ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ