သူ့အား ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာများကိုအုပ်စိုးစေ၍ အရာခပ်သိမ်းတို့ကိုသူ၏ခြေအောက်၌ ချထားတော်မူပြီ။
လုကာ 5:9 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့လျှောက်သည်မှာ ဖမ်းမိသောငါးများပြားသဖြင့် ရှိမုန်နှင့် သူ၏အပေါင်းအဖော်အားလုံးသည် အံ့အားသင့်ကြသောကြောင့်ဖြစ်၏။ Common Language Bible ရှိမုန်နှင့်တကွပါလာသူအပေါင်းတို့သည် မိမိ တို့ဖမ်းမိသောငါးအရေအတွက်ကိုကြည့်၍ တအံ့တသြဖြစ်ကြ၏။- Garrad Bible အ သို့ ဆို သော် ရှိ မုန် မှ စ၍ ဇေ ဗေ ဒဲ့ သား ဆောင် ဖက် ဖြစ် သူ ယာ ကုပ် နှင့် ယော ဟန် တို့ သည် အ ပေါင်း အ ဖော် တို့ ပါ ဖမ်း မိ သော ငါး များ ကြောင့် အံ့ အား သင့် ကြ သ တည်း။ ထို အ ခါ ရှိ မုန် အား ယေ ရှု က၊ မ ကြောက် ကြ နှင့်။ ယ ခု မှ စ၍ သင် သည် လူ တို့ ကို ဖမ်း မိ ရ မည် ဟု မိန့် တော် မူ သော်၊ Judson Bible အဘယ်ကြောင့် ဤသို့ လျှောက်သနည်း ဟူမူကား၊ အုပ်မိသောငါးများကို ထောက်သဖြင့်၊ ရှိမုန်နှင့် သူ၏အပေါင်းအဖော် ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်မှစ၍ ရှိမုန်နှင့် ပါသမျှသောသူတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့လျှောက်ရသည်မှာ ဖမ်းမိသောငါးများသည် အလွန်များပြား၍ ရှိမုန်နှင့် အခြားတံငါသည်များအားလုံးက အံဩကြသောကြောင့် ဖြစ်၏။ မြန်မာ အဘယ်ကြောင့် ဤသို့ လျှောက်သနည်း ဟူမူကား၊ အုပ်မိသောငါးများကို ထောက်သဖြင့်၊ ရှိမုန်နှင့် သူ၏အပေါင်းအဖော် ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်မှစ၍ ရှိမုန်နှင့် ပါသမျှသောသူတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။- |
သူ့အား ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာများကိုအုပ်စိုးစေ၍ အရာခပ်သိမ်းတို့ကိုသူ၏ခြေအောက်၌ ချထားတော်မူပြီ။
မိုးကောင်းကင်ငှက်များ၊ ပင်လယ်ငါးများနှင့် သမုဒ္ဒရာရေကြောင်းတို့၌ ကူးခပ်သွားလာသည့် သတ္တဝါများပါ၏။
သူတို့သည် အလွန်ကြောက်ရွံ့ကြသဖြင့် ပေတရုသည် မည်သို့လျှောက်ရမည်ကိုမသိသောကြောင့် ထိုသို့လျှောက်ထားခြင်းဖြစ်၏။
ကြားရသောသူအပေါင်းတို့သည်လည်း မိမိတို့အား သိုးထိန်းတို့ပြောဆိုသောအကြောင်းအရာများကြောင့် အံ့ဩကြ၏။
ကိုယ်တော်၏စကားတော်သည် အခွင့်အာဏာရှိသောကြောင့် လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤစကားသည် မည်သို့သောစကားနည်း။ ညစ်ညူးသောနတ်များကို အခွင့်အာဏာနှင့် တန်ခိုးတို့ဖြင့် အမိန့်ပေးလေရာ ၎င်းတို့သည် ထွက်သွားကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။
ရှိမုန်၏အပေါင်းအဖော်များဖြစ်ကြသော ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်တို့သည်လည်း အံ့အားသင့်ကြ၏။ ယေရှုကလည်း“မကြောက်နှင့်။ သင်သည် ယခုမှစ၍ လူကိုဖမ်းလိမ့်မည်”ဟု ရှိမုန်အား မိန့်တော်မူ၏။
ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။