ငါကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်ပြီး ငါစားဖို့ ငါ့ထံ ယူလာလော့”ဟု ဆိုလေ၏။
လုကာ 24:50 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ဗေသနိရွာသို့တိုင်အောင် သူတို့ကိုခေါ်ဆောင်သွားပြီးလျှင် လက်တော်ကိုမြှောက်၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။ Common Language Bible ကိုယ်တော်သည်တပည့်တော်တို့အားဗေသနိရွာ သို့ခေါ်ဆောင်သွားတော်မူပြီးလျှင်လက်တော်ကို ချီ၍ကောင်းချီးပေးတော်မူ၏။- Garrad Bible ထို နောက် ကိုယ် တော် သည် တ ပည့် တော် တို့ ကို ဗေ သ နိ ရွာ အ နီး ရောက် ခေါ် သွား ပြီး လျှင် လက် စုံ ချီ ၍ ကောင်း ကြီး ပေး တော် မူ ၏။ Judson Bible ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တော်ကိုချီ၍ ကောင်းကြီးပေးတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် တပည့်တော်တို့အား ဗေသနိရွာထိတိုင် ခေါ်ဆောင်သွားပြီးလျှင် လက်တော်ကိုမြှောက်၍ ကောင်းချီးပေးတော်မူ၏။ မြန်မာ ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တော်ကိုချီ၍ ကောင်းကြီးပေးတော်မူ၏။- |
ငါကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်ပြီး ငါစားဖို့ ငါ့ထံ ယူလာလော့”ဟု ဆိုလေ၏။
ယောသပ်က “သူတို့သည် ဤပြည်၌ အကျွန်ုပ်အားဘုရားသခင်ပေးတော်မူသော အကျွန်ုပ်၏သားများဖြစ်ပါ၏”ဟု ဖခင်အားပြန်ဖြေ၏။ အစ္စရေးက “သူတို့ကို ငါ့နားသို့ ခေါ်လာလော့။ သူတို့ကို ငါကောင်းချီးပေးမည်”ဟု ဆိုလေ၏။
ဤသူအပေါင်းတို့သည် အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်ဖြစ်၏။ ဤသည်ကား သူတို့၏ဖခင်သည် သူတို့အသီးသီးရထိုက်သောကောင်းချီးမင်္ဂလာအတိုင်း သူတို့အားကောင်းချီးပေးသောအခါ မြွက်ဆိုသောစကားဖြစ်၏။
ထို့နောက် အာရုန်သည် လူတို့ဘက်သို့ လက်မြှောက်လျက် သူတို့ကို ကောင်းချီးပေး၍ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ရာမှ ဆင်းလာ၏။
ထို့နောက် ကိုယ်တော်သည် သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ခွာလျက် ဗေသနိရွာသို့ကြွကာ ထိုရွာ၌ တစ်ညတာကုန်လွန်စေတော်မူ၏။
ထို့နောက် ကိုယ်တော်သည် ကလေးသူငယ်တို့ကိုပွေ့ချီ၍ သူတို့အပေါ်၌ လက်တော်တင်လျက် ကောင်းချီးပေးတော်မူ၏။
သူတို့သည် ဂျေရုဆလင်မြို့နှင့်နီးကပ်လာ၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာနှင့်ဗေသနိရွာသို့ ရောက်လာကြသောအခါ ယေရှုသည် တပည့်တော်နှစ်ပါးကိုစေလွှတ်၍
ထိုသို့ကောင်းချီးပေးတော်မူစဉ်၌ပင် ကိုယ်တော်သည် သူတို့ထံမှ ခွဲခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ထို့နောက် သူတို့သည် သံလွင်အမည်ရှိသောတောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ ထိုတောင်သည် ဂျေရုဆလင်မြို့နှင့် မိုင်ဝက်ခန့်အကွာအဝေး၌ရှိ၏။
ထိုသို့မိန့်တော်မူပြီးနောက် သူတို့ကြည့်ရှုလျက်နေကြစဉ် ကိုယ်တော်သည် အထက်သို့ချီဆောင်ခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့မြင်ကွင်းမှဆောင်ယူသွားလေ၏။
သို့ဖြစ်၍ အမျိုးသားတို့သည် အမျက်ထွက်ခြင်းနှင့်ငြင်းခုံခြင်းတို့မရှိဘဲ အရပ်ရပ်တို့၌ သန့်ရှင်းသောလက်ကိုမြှောက်ချီ၍ဆုတောင်းကြရန် ငါအလိုရှိ၏။
ထို့နောက် ယောရှုသည် သူတို့ကိုကောင်းချီးပေးပြီး ပြန်စေသဖြင့် သူတို့လည်း မိမိတို့အိမ်သို့ပြန်သွားကြလေ၏။