ငါ့ညီအစ်ကိုတို့ကို ငါနှင့် ဝေးကွာစေတော်မူပြီ။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို ကျောခိုင်းသွားကြပြီ။
လုကာ 23:49 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိုသိကျွမ်းသောသူအပေါင်းတို့မှစ၍ ဂါလိလဲနယ်မှ ကိုယ်တော်၏နောက်သို့လိုက်လာကြသော အမျိုးသမီးတို့သည် အဝေးမှရပ်လျက် ဤအခြင်းအရာများကိုကြည့်နေကြ၏။ Common Language Bible ဂါလိလဲပြည်မှကိုယ်တော်၏နောက်သို့လိုက် လာကြသောအမျိုးသမီးများအပါအဝင် ကိုယ်တော်ကိုသိကျွမ်းသူအပေါင်းတို့သည် အဝေးမှာရပ်လျက်ကြည့်ရှုနေကြ၏။ Garrad Bible ကိုယ် တော် နှင့် ကျွမ်း ဝင် သူ ခပ် သိမ်း သည် ဂါ လိ လဲ နယ် မှ လိုက် လာ သော တ ပည့် တော် မ တို့ ပါ အ ဝေး က ရပ်၍ ရှု ကြည့် လျက် နေ ကြ ၏။ Judson Bible ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုယ်တော်ကို သိကျွမ်းသောသူ အပေါင်းတို့သည်လည်း အဝေးကကြည့်ရှု၍ ရပ်နေကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂါလိလဲပြည်မှ နောက်တော်သို့ လိုက်ခဲ့ကြသောအမျိုးသမီးများမှစ၍ ယေရှု၏အသိမိတ်ဆွေအပေါင်းတို့သည် ဤအရာများကို အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။ မြန်မာ ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုယ်တော်ကို သိကျွမ်းသောသူ အပေါင်းတို့သည်လည်း အဝေးကကြည့်ရှု၍ ရပ်နေကြ၏။- |
ငါ့ညီအစ်ကိုတို့ကို ငါနှင့် ဝေးကွာစေတော်မူပြီ။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို ကျောခိုင်းသွားကြပြီ။
လက်ယာဘက်သို့ကြည့်၍ သိမြင်တော်မူပါ။ အကျွန်ုပ်ကိုအသိအမှတ်ပြုသူ တစ်စုံတစ်ဦးမျှမရှိပါ။ အကျွန်ုပ်ထွက်ပြေးစရာလမ်းလည်းမရှိပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဂရုစိုက်သူလည်းမရှိပါ။
အကျွန်ုပ်ချစ်သောသူတို့နှင့် အကျွန်ုပ်၏မိတ်ဆွေတို့သည် အကျွန်ုပ်၏အနာကြောင့် အကျွန်ုပ်ကိုရှောင်ဖယ်ကြပါ၏။ အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့သည်လည်း အဝေး၌ရပ်နေကြပါ၏။
ချစ်သောသူနှင့်မိတ်ဆွေကို ကိုယ်တော်သည် အကျွန်ုပ်နှင့်ဝေးကွာစေတော်မူ၏။ အကျွန်ုပ်သည် မှောင်မိုက်နှင့်သာ မိတ်ဖွဲ့ရပါ၏။
မာဂဒလမြို့သူမာရိနှင့် အခြားသောမာရိတို့သည်လည်း ထိုနေရာ၌ရှိလျက် သင်္ချိုင်းတော်ရှေ့တွင်ထိုင်နေကြ၏။
မာဂဒလမြို့သူမာရိနှင့် ယောသေ၏မိခင်ဖြစ်သောမာရိတို့သည်လည်း မည်သည့်နေရာ၌ အလောင်းတော်ထားကြသည်ကို ကြည့်ရှုကြ၏။
လူအမြောက်အမြားနှင့်တကွ ကိုယ်တော်အတွက် ရင်ဘတ်စည်တီးလျက်မြည်တမ်းနေကြသော အမျိုးသမီးတို့သည် ကိုယ်တော်၏နောက်မှလိုက်သွားကြ၏။
ဂါလိလဲနယ်မှ ကိုယ်တော်နှင့်အတူပါလာသော အမျိုးသမီးများသည်လည်း နောက်မှလိုက်လာကြ၍ သင်္ချိုင်းတော်ကိုလည်းကောင်း၊ ကိုယ်တော်၏အလောင်းတော်ကို မည်သို့ထားကြသည်ကိုလည်းကောင်း တွေ့မြင်ကြ၏။
သူတို့အပြင်အနာရောဂါများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သော အမျိုးသမီးအချို့ဖြစ်ကြသည့် နတ်ဆိုးခုနစ်ကောင်ထွက်သွားခဲ့သော မာဂဒလမြို့သူဟုခေါ်သည့်မာရိ၊