မိမိ၏အညစ်အကြေးကို မဆေးကြောဘဲ ကိုယ့်ကိုယ်ကိုယ်စင်ကြယ်သည်ဟု ထင်မြင်သောသူများရှိ၏။
လုကာ 18:9 - မြန်မာ့စံမီသမ္မာကျမ်း မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုယုံမှတ်လျက် သူတစ်ပါးတို့ကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ Common Language Bible မိမိတို့ကိုယ်ကိုသူတော်ကောင်းဟုယုံကြည် ကာသူတစ်ပါးတို့ကိုအထင်အမြင်သေး တတ်သူလူအချို့တို့အားသခင်ယေရှု သည်ပုံဥပမာကိုဆောင်၍၊- Garrad Bible ကိုယ် တိုင် ဖြောင့် မတ် သည် ဟု အား ကိုး၍ သူ တ ကာ ကို မ ထီ လေး စား ပြု တတ် သော သူ တို့ အား ဥ ပ မာ ဆောင် လျက် မိန့် တော် မူ သည် မှာ၊ Judson Bible ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတစ်ပါးကို မထီမဲ့မြင်ပြုတတ်သောသူ အချို့တို့အား မိန့်တော်မူသော ဥပမာကား၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် မိမိကိုယ်ကိုယ် သူတော်ကောင်းဖြစ်သည်ဟု ခံယူကြလျက် သူတစ်ပါးအား မထီမဲ့မြင်ပြုသူတချို့အား ပုံဥပမာပေး၍ မိန့်တော်မူ၏။ မြန်မာ ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတစ်ပါးကို မထီမဲ့မြင်ပြုတတ်သောသူ အချို့တို့အား မိန့်တော်မူသော ဥပမာကား၊- |
မိမိ၏အညစ်အကြေးကို မဆေးကြောဘဲ ကိုယ့်ကိုယ်ကိုယ်စင်ကြယ်သည်ဟု ထင်မြင်သောသူများရှိ၏။
သူတို့က ‘တသီးတခြားနေလော့။ ငါသည် သင့်ထက်သန့်ရှင်း၏။ ငါ့အနီးသို့မလာနှင့်’ဟု ပြောဆိုကြ၏။ ဤသူတို့သည် ငါ့နှာခေါင်းထဲမှ မီးခိုး၊ တစ်နေ့လုံးတောက်လောင်နေသောမီးနှင့်တူ၏။
ထာဝရဘုရား၏စကားတော်ကြောင့် စိုးရိမ်ထိတ်လန့်သောသူတို့၊ စကားတော်ကိုနားထောင်ကြလော့။ သင်တို့ကိုမုန်း၍ ငါ့နာမကြောင့် သင်တို့ကိုနှင်ထုတ်သော ညီအစ်ကိုတို့က ‘သင်တို့ဝမ်းမြောက်သည်ကို ငါတို့မြင်ရမည့်အကြောင်း ထာဝရဘုရားသည် ဘုန်းထင်ရှားပါစေသော’ဟု ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း သူတို့သည် အရှက်ကွဲကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် အနာကို ကြည့်ရှုစစ်ဆေး၍ ယားနာသည် ပျံ့သွားခြင်းမရှိ၊ အနာပေါ်ရှိအမွေးသည်လည်း မဝါ၊ ယားနာသည် အရေပြားအောက်ရောက်နေဟန်မရှိလျှင်
ထိုသူသည် မိမိကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြလို၍ “သို့ဖြစ်လျှင် မည်သူသည် အကျွန်ုပ်၏ဝန်းကျင်၌ရှိသောသူဖြစ်သနည်း”ဟု ယေရှုအား မေးလျှောက်လေ၏။
ထိုအခါ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က “ဤသူသည် အပြစ်သားများကိုလက်ခံ၍ သူတို့နှင့်အတူစားသောက်ပါသည်တကား”ဟု ဝေဖန်ပြစ်တင်ကြ၏။
သို့သော် ကိုယ်တော်က“သင်တို့သည် လူတို့ရှေ့၌ မိမိတို့ကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြတတ်သူများဖြစ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကိုသိတော်မူ၏။ လူတို့အမြတ်တနိုးထားသောအရာသည် ဘုရားသခင်၏ရှေ့တော်၌ ရွံရှာဖွယ်ဖြစ်၏။
ဖာရိရှဲသည် တစ်ဦးတည်းရပ်လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လုယူသောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သောသူမဟုတ်သည့်အပြင် ဤအခွန်ကောက်ခံသူကဲ့သို့လည်း မဟုတ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။
ဤအခြင်းအရာကို မြင်သောသူအပေါင်းတို့က “ကိုယ်တော်သည် အပြစ်သား၏အိမ်သို့ဝင်၍တည်းခိုပါသည်တကား”ဟု ဝေဖန်ပြစ်တင်ကြ၏။
ကိုယ်တော်ကိုဖိတ်ခေါ်သောဖာရိရှဲသည် ထိုအခြင်းအရာကိုမြင်သောအခါ “ဤသူသည် ပရောဖက်ဖြစ်သည်ဆိုလျှင် သူ့ကိုတို့ထိနေသောအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောအမျိုးသမီးဖြစ်ကြောင်းသိရမည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
ဂျူးလူမျိုးတို့ကလည်း “သင်သည် ရှမာရိနယ်သားဖြစ်ပြီး သင့်ကိုနတ်ဆိုးပူးနေသည်ဟူ၍ ငါတို့ပြောကြသည်မှာ လျောက်ပတ်သည်မဟုတ်လော”ဟု ပြန်ပြောကြ၏။
ထိုအခါ ဂျူးလူမျိုးတို့က “သင်သည် သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှေ၏တပည့်များဖြစ်ကြ၏။
ဂျူးလူမျိုးတို့ကလည်း “သင်သည် တစ်ကိုယ်လုံးအပြစ်နှင့်ပြည့်နှက်ပြီး မွေးဖွားလာသူဖြစ်လျက်နှင့် ငါတို့ကိုသွန်သင်မည်လော”ဟု ပြန်၍ပြောဆိုကာ သူ့ကို အပြင်သို့နှင်ထုတ်လိုက်ကြ၏။
ထိုအခါ ကိုယ်တော်က‘သွားလော့။ ငါသည် သင့်ကို လူမျိုးခြားတို့ရှိရာ ဝေးသောအရပ်သို့ စေလွှတ်မည်’ဟု အကျွန်ုပ်အား မိန့်တော်မူသည်”ဟု ဆိုလေ၏။
အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။
သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သင့်ညီအစ်ကိုကို စီရင်သနည်း။ အဘယ်ကြောင့် သင့်ညီအစ်ကိုကို မထီမဲ့မြင်ပြုသနည်း။ ငါတို့အားလုံးသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့၌ ရပ်ကြရလိမ့်မည်။
စားသောသူသည် မစားသောသူကိုမထီမဲ့မြင်မပြုနှင့်။ မစားသောသူသည်လည်း စားသောသူကို မစီရင်နှင့်။ အကြောင်းမူကား ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ။
ငါသည် တစ်ချိန်က ပညတ်တရားမပါဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ရောက်လာသောအခါ အပြစ်သည် ပြန်လည်ရှင်သန်လာပြီး ငါမူကား သေဆုံးခဲ့သဖြင့်