Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 9:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ထိုအခါ ဂျူး​လူမျိုး​တို့​က “သင်​သည် သူ့​တပည့်​ဖြစ်​၏။ ငါ​တို့​မူကား မောရှေ​၏​တပည့်​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ထို​သူ​တို့​က​သူ့​အား ``သင်​သာ​လျှင်​သူ့​တ​ပည့် ဖြစ်​၏။ ငါ​တို့​ကား​မော​ရှေ​၏​တ​ပည့်​များ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ထိုသူတို့ကဲ့ရဲ့လျက် သင်သည်သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှေ့တပည့်ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ထို​သူ​တို့​က​လည်း၊ သင်​သည် သူ့​တ​ပည့်​ဖြစ်၏။ ငါ​တို့​မူ​ကား မော​ရှေ၏​တ​ပည့်​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ထိုအခါ ဖာရိရှဲတို့​က သူ့​အား “သင်​သည်သာ သူ​၏ တပည့်​ဖြစ်၏။ ငါ​တို့​မှာ မောရှေ​၏ တပည့်များ​ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 ထို​သူ​တို့​က​လည်း၊ သင်​သည် သူ့​တ​ပည့်​ဖြစ်၏။ ငါ​တို့​မူ​ကား မော​ရှေ၏​တ​ပည့်​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 9:28
12 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်​ခြင်း​ကို​သိ​၍ ငါ​၏​ပညတ်တရား​ကို နှလုံး​သွင်း​သော​သူ​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ လူ​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို မ​ကြောက်​ကြ​နှင့်​။ သူ​တို့​၏​ကဲ့ရဲ့စော်ကား​ခြင်း​ကို မ​လန့်​ကြ​နှင့်​။


ဖြတ်သန်း​သွားလာ​သော​သူ​တို့​သည် မိမိ​တို့​ခေါင်း​ကို​ခါယမ်း​လျက်


ငါ့​ကြောင့် လူ​တို့​သည် သင်​တို့​ကို ကဲ့ရဲ့​ပြစ်တင်​လျက် ညှဉ်းဆဲ​ကာ မကောင်း​သော​အရာ​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို မဟုတ်မမှန်​ဆန့်ကျင်​ပြောဆို​ကြ​သောအခါ သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။


မောရှေ​သည် သင်​တို့​အား ပညတ်​တရား​ကို​ပေး​ခဲ့​သည်​မ​ဟုတ်​လော။ သို့သော် သင်​တို့​တွင် ထို​ပညတ်​တရား​ကို လိုက်နာ​ကျင့်သုံး​သော​သူ​တစ်စုံ​တစ်ယောက်​မျှ​မ​ရှိ။ သင်​တို့​သည် အဘယ်ကြောင့် ငါ့​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သနည်း”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ဂျူး​လူမျိုး​တို့​က​လည်း “သင်​သည် တစ်ကိုယ်လုံး​အပြစ်​နှင့်​ပြည့်နှက်​ပြီး မွေးဖွား​လာ​သူ​ဖြစ်​လျက်​နှင့် ငါ​တို့​ကို​သွန်သင်​မည်​လော”​ဟု ပြန်​၍​ပြောဆို​ကာ သူ့​ကို အပြင်​သို့​နှင်ထုတ်​လိုက်​ကြ​၏။


အကယ်၍ သင်​သည် မိမိ​ကိုယ်​ကို​ဂျူး​လူမျိုး​ဟု​ခေါ်​လျက်၊ ပညတ်​တရား​ကို​ကိုးစား​လျက်၊ ဘုရားသခင်​၌​ဝါကြွား​လျက်၊


မိမိ​တို့​လက်​ဖြင့် အားထုတ်​လုပ်ဆောင်​လျက် နေ​ကြ​ရ​၏။ ပုတ်ခတ်​ပြောဆို​ခြင်း​ခံရ​သောအခါ ကောင်းချီး​ပေး​ကြ​၏။ ညှဉ်းဆဲ​ခြင်း​ခံရ​သောအခါ သည်းခံ​ကြ​၏။


သူခိုး​များ၊ လောဘ​လွန်ကျူး​သူ​များ၊ သောက်​စား​မူးယစ်​သူ​များ၊ ဝေဖန်​ပုတ်ခတ်​သူ​များ​နှင့် လိမ်လည်​လုယူ​သူ​များ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်။


ပုတ်ခတ်​ပြောဆို​ခြင်း​ခံရ​သောအခါ ပြန်​၍​မ​တုံ့ပြန်၊ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သောအခါ​၌​လည်း ခြိမ်းခြောက်​ခြင်း​ကို​မ​ပြု​ဘဲ ဖြောင့်မတ်​စွာ​တရား​စီရင်​တော်မူ​သော​အရှင်​ထံသို့ မိမိ​ကိုယ်​ကို​အပ်နှံ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ