အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 18:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အခွန်​ကောက်ခံ​သူ​မူကား အဝေး​၌​ရပ်​လျက် ကောင်းကင်​သို့​ပင်​မော်​မ​ကြည့်​ဝံ့​ဘဲ ရင်ဘတ်စည်တီး​လျက် ‘အို ဘုရားသခင်၊ အပြစ်​များ​သော​အကျွန်ုပ်​ကို သနား​တော်မူ​ပါ’​ဟု ဆုတောင်း​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ရာ​တွင်​အ​ခွန်​ခံ​သူ​မူ​ကား​အ​ဝေး​တွင် ရပ်​လျက်​ကောင်း​ကင်​သို့​မော်​၍​မျှ​မ​ကြည့်​ဝံ့ ဘဲ `အို ဘု​ရား​သ​ခင်၊ အ​ပြစ်​ကူး​သူ​အ​ကျွန်ုပ် အား​သ​နား​တော်​မူ​ပါ' ဟု​ရင်​ပတ်​ကို​တီး​ခတ် လျက်​ဆု​တောင်း​လေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ခွန် ကောက် မူ ကား အ ဝေး က ရပ် လျက် ကောင်း ကင် သို့ မြော်၍ မျှ မ ကြည့် ဝံ့ ဘဲ အို ဘု ရား သ ခင်၊ အ ပြစ် သား ဖြစ် သူ အ ကျွန်ုပ် ကို သ နား တော် မူ ပါ ဟု ရင် တီး လျက် လျှောက် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ခွန်​ခံ​မူ​ကား၊ အ​ဝေး​က​ရပ်၍ ကောင်း​ကင်​သို့ မ​မျှော်​မ​ကြည့်​ဝံ့​ဘဲ ရင်​ပတ်​ကို​ခတ်​လျက်၊ အို ဘု​ရား​သ​ခင်၊ အ​ပြစ်​များ​သော အ​ကျွန်ုပ်​ကို သ​နား​ခြင်း​က​ရု​ဏာ​စိတ် ရှိ​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အခွန်​ကောက်သူ​မှာ အဝေး​မှ ရပ်​လျက် ကောင်းကင်​သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်​ကို လက်​ဖြင့် ထု​၍ ‘ဘုရားသခင်… အပြစ်သား​ဖြစ်သော အကျွန်ုပ်​ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။

အခန်းကိုကြည့်ပါ။

မြန်မာ

အ​ခွန်​ခံ​မူ​ကား၊ အ​ဝေး​က​ရပ်၍ ကောင်း​ကင်​သို့ မ​မျှော်​မ​ကြည့်​ဝံ့​ဘဲ ရင်​ပတ်​ကို​ခတ်​လျက်၊ အို ဘု​ရား​သ​ခင်၊ အ​ပြစ်​များ​သော အ​ကျွန်ုပ်​ကို သ​နား​ခြင်း​က​ရု​ဏာ​စိတ် ရှိ​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။-

အခန်းကိုကြည့်ပါ။



လုကာ 18:13
45 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဒါဝိဒ်​မင်းကြီး​က နာသန်​အား “​ထာဝရဘုရား​ကို ငါ​ပြစ်မှား​မိ​ပါ​ပြီ​”​ဟု ဆို​လျှင် နာသန်​က ဒါဝိဒ်​မင်းကြီး​အား “​ထာဝရဘုရား​သည် မင်းကြီး​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပြီ​ဖြစ်၍ မင်းကြီး မ​သေ​ရ​ပါ​။


သူ​၏​ဆုတောင်းချက်​၊ သူ့​ကို​ဘုရားသခင်​နားညောင်း​တော်မူ​ခြင်း​၊ မိမိကိုယ်ကို မ​နှိမ့်ချ​မီ သူ​သစ္စာမဲ့​၍​ပြု​မိ​ခဲ့​သော​အပြစ်​အားလုံး​၊ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​တည်​ခြင်း​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​နှင့် ရုပ်တု​များ​စိုက်ထူ​ခြင်း စသည်​တို့​ကို ဟောဇဲ​၏​မှတ်တမ်း​တွင် ရေးမှတ်​ထား​လျက်​ရှိ​၏​။


ခမည်းတော်​မနာရှေ​မင်းကြီး​သည် မိမိကိုယ်ကို​နှိမ့်ချ​ခဲ့​သော်လည်း အာမုန်​မင်းကြီး​မူကား ထာဝရဘုရား​ရှေ့​တော်​တွင် မိမိကိုယ်ကို​မ​နှိမ့်ချ​ခဲ့​သည်​သာမက ပို၍ပင်​အပြစ်ပြု​သေး​၏​။


“​အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် အလွန်​ရှက်​လှ​ပါ​၏​။ အသရေပျက်​လျက် ရှိ​ပါ​၏​။ ကိုယ်တော့်​ကို မ​မျှော်ကြည့်​ဝံ့​ပါ​။ အကျွန်ုပ်​တို့​၏​ဒုစရိုက်​အပြစ်​များ​သည် ဦးခေါင်း​ကို​ပင် ကျော်လွန်​၍ မိုးကောင်းကင်​ထိ​တိုင် ရောက်​ပါ​ပြီ​။


ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာ​မိ​ပါ​၏​။ နောင်တရ​လျက် မြေမှုန့်​ထဲ​၊ ပြာပုံ​ထဲမှာ ထိုင်​နေ​ရ​ပါ​၏”​ဟု လျှောက်​လေ​၏​။


အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​နှင့်အတူ အပြစ်ပြု​ကြ​ပါ​ပြီ​။ ဒုစရိုက်​ကို​ပြု​ကြ​ပါ​ပြီ​။ ဆိုးယုတ်​သော​အမှု​ကို​ပြု​ကြ​ပါ​ပြီ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကတိ​တော်​အတိုင်း ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့်​ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည် အကျွန်ုပ်​ထံ ရောက်လာ​ပါစေသော​။


အို အစ္စရေး​လူမျိုး​၊ ထာဝရဘုရား​ကို မျှော်လင့်ကိုးစား​လော့​။ အကြောင်းမူကား ထာဝရဘုရား​၌ မေတ္တာကရုဏာ​တော်​ရှိ​၏​။ ကြွယ်ဝ​သော​ရွေးနုတ်ကယ်တင်​ခြင်း​လည်း ကိုယ်တော်​၌​ရှိ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဒုစရိုက်​သည်​ကြီးမား​လှ​သောကြောင့် ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ ခွင့်လွှတ်​တော်မူ​ပါ​။


အကျွန်ုပ်​၏​ပျိုရွယ်​စဉ်က​အပြစ်​များ​နှင့် အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို အောက်မေ့​တော်​မ​မူ​ပါ​နှင့်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကောင်းမြတ်​တော်မူ​ခြင်း​ကို​ထောက်၍ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။


အကြောင်းမူကား မ​ရေ​မ​တွက်​နိုင်​သော​ဘေးအန္တရာယ်​များ​သည် အကျွန်ုပ်​ကို​ဝန်းရံ​လျက်​ရှိ​ကြ​ပါ​၏​။ အကျွန်ုပ်​၏​ဒုစရိုက်​များ​သည် အကျွန်ုပ်​ကို​ဖုံးလွှမ်း​သဖြင့် အကျွန်ုပ်​ဘာမျှ မ​မြင်​နိုင်​တော့​ပါ​။ ၎င်း​တို့​သည် အကျွန်ုပ်​၏​ဦးခေါင်း​မှ​ဆံပင်​များ​ထက် များပြား​၍ အကျွန်ုပ်​၏​စိတ်နှလုံး​သည် အားလျော့​ပါ​ပြီ​။


ငါ​က “​အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ပြစ်မှား​ခဲ့​သည်​ဖြစ်၍ အကျွန်ုပ်​စိတ်ဝိညာဉ်​၏​အနာ​ကို ပျောက်ကင်း​စေ​တော်မူ​ပါ​”​ဟု လျှောက်ဆို​၏​။


တဲ​တော်​အဝင်ဝ​၌​တည်​နေ​သော မိုးတိမ်​တိုင်​ကို မြင်​သည်​နှင့် လူ​အပေါင်း​တို့​သည် မိမိ​တဲ​အဝင်ဝ​၌ ရှိခိုးကိုးကွယ်​ကြ​လေ​၏​။


ထာဝရဘုရား​က “ယခု လာ​ကြ​။ အတူတကွ​အချေအတင်ဆွေးနွေး​ကြ​စို့​။ သင်​တို့​အပြစ်​သည် အနီရောင်​ကဲ့သို့​ဖြစ်​သော်လည်း နှင်းပွင့်​ကဲ့သို့​ဖြူ​လိမ့်မည်​။ ကြက်သွေးရောင်​ကဲ့သို့​ဖြစ်​သော်လည်း သိုးမွေး​ကဲ့သို့​ဖြစ်​လိမ့်မည်​။


ထိုအခါ “​ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် ပျက်စီးဆုံးရှုံး​ပြီ​။ အကြောင်းမူကား ငါ​သည် နှုတ်ခမ်း​ညစ်ညူး​လျက်​၊ နှုတ်ခမ်း​ညစ်ညူး​သော​လူမျိုး​အလယ်​တွင်​နေထိုင်​လျက်ပင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​တည်းဟူသော ရှင်ဘုရင်​ကို ငါ့​မျက်စိ​နှင့်​မြင်​လေ​ပြီ​တကား​”​ဟု ငါ​ဆို​၏​။


ထာဝရဘုရား​က “​အလုံးစုံ​ကို ငါ့​လက်​ဖြင့်​ဖန်ဆင်း​၍ အလုံးစုံ​သည် ဖြစ်တည်​လေ​ပြီ​။ စိတ်နှိမ့်ချ​သော​သူ​၊ နောင်တရ​သော​သူ​၊ ငါ့​နှုတ်ထွက်စကား​ကြောင့် စိုးရိမ်ထိတ်လန့်​သော​သူ​ကို ငါ​ကြည့်ရှု​မည်​။


ငါ​သည် သင်​ပြု​ခဲ့​သမျှ​တို့​ကို ခွင့်လွှတ်​ပေး​သောအခါ သင်​လုပ်​ခဲ့​သော​ရှက်ဖွယ်​လုပ်ရပ်​ကို သင်​အောက်မေ့​၍ ရှက်​သောကြောင့် နှုတ်​ပင်​ဟ​နိုင်​တော့​မည်​မ​ဟုတ်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏”​ဟု မိန့်ဆို​၏​။


အကျွန်ုပ်​တို့ ပြစ်မှား​မိ​ကြ​ပါ​ပြီ​။ ဒုစရိုက်​ကို ပြု​မိ​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တို့​သည် ဆိုးယုတ်​၍ ကိုယ်တော့်​ကို ပုန်ကန်​မိ​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​ပညတ်ချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​မှ လမ်းလွဲ​မိ​ကြ​ပါ​ပြီ​။


ဖိလိပ္ပု​နှင့်​ဗာသောလမဲ၊ သောမ​နှင့်​အခွန်​ကောက်ခံ​သူ​မဿဲ၊ အာလဖဲ​၏​သား ယာကုပ်​နှင့်​သဒ္ဒဲ၊


သင်​တို့​ဆုတောင်း​သောအခါ​တွင်​လည်း သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​ကဲ့သို့ မ​ပြု​ကြ​နှင့်။ အကြောင်းမူကား သူ​တို့​သည် လူ​တို့​မြင်​စေရန် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့်​လမ်းဆုံလမ်းခွ​များ​တွင် မတ်တတ်ရပ်​လျက် ဆုတောင်း​သည်​ကို နှစ်သက်​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။


‘ငါ​သည် ယဇ်​ပူဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ ကရုဏာ​ကို အလိုရှိ​၏’ဟူသော​ကျမ်း​စကား​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း သွား​၍​သင်ယူ​ကြ​လော့။ အကြောင်းမူကား ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​သည် မတ်တတ်ရပ်​လျက် ဆုတောင်း​ကြ​သောအခါ တစ်ဦးတစ်ယောက်​အပေါ် အပြစ်တင်​စရာ​တစ်စုံတစ်ခု​ရှိ​လျှင် ခွင့်လွှတ်​ကြ​လော့။ သို့ပြုလျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​သည်​လည်း သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်။


ရွာ​တစ်​ရွာ​သို့​ဝင်​တော်မူ​သောအခါ အနာကြီး​ရောဂါသည်​ဆယ်​ဦး​တို့​သည် ကိုယ်တော်​ကို​ဆီးကြို​ကြ​၏။ သူ​တို့​သည် အဝေး​၌​ရပ်​လျက်


ထို့နောက် ကိုယ်တော်​သည် သူ​တို့​ထံမှ​ခဲတစ်ပစ်စာ​ခန့်​ခွာသွား​၍ ဒူး​ထောက်​လျက်


ထို​အမှုအရာ​ကို​ကြည့်ရှု​ရန် စုဝေး​လာ​ကြ​သော​လူထု​ပရိသတ်​အပေါင်း​တို့​သည်​လည်း ဤ​အဖြစ်အပျက်​များ​ကို​မြင်​၍ ရင်ဘတ်စည်တီး​လျက်​ပြန်​သွား​ကြ​၏။


ရှိမုန်​ပေတရု​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် ယေရှု​၏​ခြေ​တော်​ရင်း​၌ ပျပ်ဝပ်​လျက် “သခင်၊ အကျွန်ုပ်​သည် အပြစ်​များ​သော​သူ​ဖြစ်၍ အကျွန်ုပ်​ထံမှ ကြွသွား​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။


လူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ စိတ်နှလုံး​ထဲ၌ စူးနစ်​စွာ​ခံစား​ရ​လျက် ပေတရု​နှင့်​အခြား​သော​တမန်တော်​တို့​အား “ညီအစ်ကို​တို့၊ ငါ​တို့​မည်သို့​ပြု​ရ​မည်နည်း”​ဟု မေးမြန်း​ကြ​၏။


သို့သော် ငါ​တို့​သည် အပြစ်သား​များ​ဖြစ်​ကြ​စဉ်​ပင် ခရစ်တော်​သည် ငါ​တို့​အတွက် အသေခံ​တော်မူ​ခြင်း​အားဖြင့် ဘုရားသခင်​သည် ငါ​တို့​အပေါ်​ထားရှိ​သော မိမိ​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို ထင်ရှား​စေ​တော်မူ​၏။


ကြည့်​ကြ​လော့။ ဘုရားသခင်​၏​အလို​တော်​နှင့်​ညီ​သော ဤ​ဝမ်းနည်း​ခြင်း​သည် သင်​တို့​အထဲတွင် မည်သို့​သော ကြိုးစား​အားထုတ်​ခြင်း၊ ဖြေရှင်း​ချက်​ပေး​ခြင်း၊ မခံမရပ်​နိုင်​ဖြစ်​ခြင်း၊ ကြောက်ရွံ့​ခြင်း၊ အလွန်​တောင့်တ​ခြင်း၊ စိတ်အား​ထက်သန်​ခြင်း​နှင့် တရား​သဖြင့်​စီရင်​ခြင်း​တို့​ကို ဖြစ်ပေါ်​စေ​ခဲ့​သနည်း။ သင်​တို့​သည် ဤ​အမှု​၌​အပြစ်​ကင်းစင်​ကြောင်း သင်​တို့​ကိုယ်တိုင် အရာရာ​၌​ထင်ရှား​စေ​ကြ​ပြီ။


ခရစ်တော်​ယေရှု​သည် အပြစ်သား​တို့​ကို​ကယ်တင်​ရန် ဤ​လောက​သို့​ကြွလာ​တော်မူ​၏​ဟူသော​စကား​သည် သစ္စာ​စကား​ဖြစ်​ပြီး အပြည့်အဝ​လက်ခံ​ထိုက်​သော​စကား​ဖြစ်​၏။ ထို​အပြစ်သား​များ​ထဲတွင် ငါ​သည် အဆိုးဆုံး​ဖြစ်​၏။


ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​နှင့်​ကျေးဇူး​တော်​တို့​ကို​ခံစား​ရ​လျက် သင့်လျော်​သော​အချိန်​၌ ကူညီမစ​မှု​ကို​ရရှိ​မည့်​အကြောင်း ယုံကြည်​စိတ်ချ​စွာ​ဖြင့် ကျေးဇူး​တော်​ပလ္လင်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်​စို့။


အဘယ်ကြောင့်​ဆိုသော် ငါ​သည် သူ​တို့​၏​မတရားမှု​များ​အပေါ်​ကရုဏာ​ထား​၍ သူ​တို့​၏​အပြစ်​များ​ကို လုံးဝ​သတိရ​တော့မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။