သင်တို့သွားကြသောအခါ ‘ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီ’ဟု ဟောပြောကြလော့။
လုကာ 16:16 - မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများသည် ယောဟန်လက်ထက်တိုင်အောင်ဖြစ်၏။ ထိုအချိန်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောကြ၏။ လူအပေါင်းတို့သည်လည်း ထိုနိုင်ငံတော်ထဲသို့ အတင်းတိုးဝင်ကြ၏။ Common Language Bible ``ယောဟန်မပေါ်မီကာလကပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများအာဏာတည်လျက်ရှိ ၏။ ယောဟန်ပေါ်ပြီးချိန်မှစ၍ဘုရားသခင်၏ နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောကြေညာခဲ့၏။ လူအပေါင်းတို့သည်လည်း နိုင်ငံတော်သို့အနိုင်အထက်ဝင်ကြကုန်၏။- Garrad Bible ပ ည တ္တိ ကျမ်း နှင့် ပ ရော ဖက် ကျမ်း များ သည် ယော ဟန့် လက် ထက် တိုင် ရှိ လျက် ထို ကာ လ က စ၍ ဘု ရား သ ခင့် နိုင် ငံ တော် ဆိုင် ရာ သ တင်း တော် မြတ် ကို ကြား ပြော သော် လူ တိုင်း ပင် အ နိုင့် အ ထက် ဝင် သည် တ ကား။ Judson Bible ယောဟန်မရောက်မီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော်ကို အနိုင်အထက်ဝင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မောရှေ၏ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို နှစ်ခြင်းဆရာယောဟန် မပေါ်မီတိုင်အောင် သွန်သင်လျက်ရှိ၏။ သို့သော် ယောဟန်အချိန်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်းကို ဟောပြောကြ၏။ လူတို့သည်လည်း ထိုနိုင်ငံတော်သို့ အတင်းတိုးဝင်ကြ၏။ မြန်မာ ယောဟန်မရောက်မီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော်ကို အနိုင်အထက်ဝင်ကြ၏။- |
သင်တို့သွားကြသောအခါ ‘ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီ’ဟု ဟောပြောကြလော့။
ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်လာသောအရာကသာ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်ခြင်းတရားလမ်းဖြင့် သင်တို့ထံသို့လာသော်လည်း သင်တို့သည် သူ့ကိုမယုံကြည်ကြ။ အခွန်ကောက်ခံသူတို့နှင့်ပြည့်တန်ဆာတို့မူကား သူ့ကိုယုံကြည်ကြ၏။ သင်တို့သည် ထိုအခြင်းအရာကိုမြင်လျက်ပင် နောက်မှစိတ်ပြောင်းလဲ၍ သူ့ကိုယုံကြည်လာခြင်းမရှိကြ။
“ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီဖြစ်၍ နောင်တရကြလော့”ဟု ယုဒနယ်ရှိတောကန္တာရတွင် ဟောပြောလေ၏။
ထိုအချိန်မှစ၍ ယေရှုသည်“ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီဖြစ်၍ နောင်တရကြလော့”ဟု စတင်ဟောပြောတော်မူ၏။
ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်နယ်လုံးကို လှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်တော်မူကာ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူတို့ထဲ၌စွဲကပ်နေသော ရောဂါအမျိုးမျိုးနှင့်အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
ယောဟန်အကျဉ်းချခံရပြီးနောက် ယေရှုသည် ဂါလိလဲနယ်သို့ကြွတော်မူ၍ ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို ဟောပြောလျက်
သို့သော် ထိုသူသည် ထွက်သွား၍ ထိုသတင်းကို အားပါးတရပြောကြားပြီး ပျံ့နှံ့စေသဖြင့် ကိုယ်တော်သည် မြို့ထဲသို့ ထင်ရှားစွာမဝင်နိုင်တော့ဘဲ မြို့ပြင်လူသူကင်းဝေးရာအရပ်၌ နေတော်မူ၏။ ထိုအခါ အရပ်ရပ်မှလူတို့သည် ကိုယ်တော်ထံသို့ရောက်လာကြ၏။
‘ငါတို့ခြေတွင်ကပ်နေသည့် သင်တို့မြို့မှ မြေမှုန့်ကိုပင် ငါတို့ခါချခဲ့၏။ သို့သော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သိမှတ်ကြလော့’ဟု ဟောပြောကြလော့။
ထိုမြို့ရှိ နာမကျန်းဖြစ်သူများကိုကျန်းမာစေ၍ ‘ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီ’ဟု သူတို့အား ဟောပြောကြလော့။
သို့သော် အာဗြဟံက ‘သူတို့၌ မောရှေနှင့်ပရောဖက်များရှိကြ၏။ ထိုသူတို့၏စကားကို သူတို့နားထောင်ကြပါစေ’ဟု ဆို၏။
သို့သော် အာဗြဟံက ‘သူတို့သည် မောရှေနှင့်ပရောဖက်တို့၏စကားကိုနားမထောင်လျှင် တစ်စုံတစ်ယောက်သည် သေသောသူတို့ထဲမှ ထမြောက်လျှင်လည်း သူတို့ယုံကြည်ကြလိမ့်မည်မဟုတ်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
ထို့နောက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟောပြောရန်နှင့် နာမကျန်းဖြစ်သူများကိုကျန်းမာစေရန် သူတို့ကိုစေလွှတ်တော်မူ၍
ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင် “မောရှေသည် ပညတ်တရားကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည်လည်း သူတို့ကျမ်း၌လည်းကောင်း ရေးသားဖော်ပြထားသောသူ၊ ယောသပ်၏သား၊ နာဇရက်မြို့မှယေရှုကို ငါတို့တွေ့ကြပြီ”ဟု ဆို၏။
ထိုသူကို ဤအတိုင်းလွှတ်ထားလျှင် လူအားလုံးတို့သည် သူ့ကိုယုံကြည်ကြလိမ့်မည်။ ထိုအခါ ရောမလူမျိုးတို့သည်လာ၍ ငါတို့၏အရပ်ဌာနနှင့်တကွ ငါတို့၏လူမျိုးကိုပါ သိမ်းယူကြလိမ့်မည်”ဟု ပြောဆိုကြ၏။
ထို့ကြောင့် ဖာရိရှဲတို့က “တွေ့သလော။ သင်တို့လုပ်ရပ်တစ်ခုမျှအကျိုးမရှိ။ ကြည့်ပါ။ တစ်ကမ္ဘာလုံး သူ့နောက်သို့လိုက်သွားကြပြီ”ဟု အချင်းချင်းပြောဆိုကြ၏။
အကြောင်းမှာ ကောင်းကင်တမန်သည် ရေကန်သို့ တစ်ခါတစ်ရံဆင်းလာပြီး ရေကိုလှုပ်ရှားစေတတ်၏။ ထိုသို့ ရေလှုပ်ရှားသည့်နောက် ရေထဲသို့ အဦးဆုံးဆင်းသောသူသည် မည်သည့်ရောဂါစွဲကပ်နေသည်ဖြစ်စေ ရောဂါပျောက်ကင်းတတ်၏။]
သို့သော် ဘုရားသခင်သည် မိမိ၏ခရစ်တော်ဒုက္ခဝေဒနာခံစားရမည်ဟု ပရောဖက်အပေါင်းတို့၏နှုတ်အားဖြင့် ကြိုတင်ဖော်ပြထားသောအရာတို့ကို ထိုသို့ပြည့်စုံစေတော်မူ၏။