အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 14:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ကြောင့် ဖိတ်ခေါ်​ခြင်း​ခံရ​သောအခါ နောက်ဆုံး​နေရာ​၌ သွား​၍​ထိုင်​လော့။ သို့ပြုလျှင် သင့်​ကို​ဖိတ်ခေါ်​ထား​သော​သူ​သည်​လာ​၍ ‘မိတ်ဆွေ ရှေ့သို့​ကြွ​ပါ’​ဟု သင့်​အား​ဆို​လိမ့်မည်။ ထိုအခါ သင်​သည် သင်​နှင့်အတူ​ထိုင်​နေ​သော​သူ​အားလုံး​တို့​ရှေ့​၌ ဂုဏ်သရေ​ရှိ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ဖြစ်​၍​သင်​သည်​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​လျှင် ပွဲ​သို့​သွား​၍​အ​နိမ့်​ကျ​ဆုံး​သော​နေ​ရာ​တွင် ထိုင်​လော့။ သို့​မှ​သာ​ပွဲ​ရှင်​သည်​သင့်​ထံ​လာ​၍ `အ​ဆွေ​သာ​၍​ကောင်း​သော​နေ​ရာ​သို့​ကြွ​ပါ' ဟု​သင့်​အား​ဆို​လိမ့်​မည်။ ထို​အ​ခါ​သင်​သည် ဧည့်​ပ​ရိ​သတ်​တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ ရှိ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ဖိတ် ခံ ရ သည့် အ ခါ အ နိမ့် ဆုံး သော နေ ရာ သို့ သွား၍ ထိုင် နေ လော့။ ဖိတ် သူ လာ သော် အ ဆွေ မြင့် မြတ် သော နေ ရာ သို့ တက် ပါ ဟု ဆို သ ဖြင့် အ တူ စား ပွဲ ထိုင် ဘက် တို့ ရှေ့ ဂုဏ် အ သ ရေ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တစ်​ပါး​တို့​သည် သင့်​ကို ခေါ်​ဖိတ်​သော​အ​ခါ၊ သွား၍ နိမ့်​သော​နေ​ရာ၌ လျောင်း​လော့။ ထို​သို့​လျောင်း​လျှင် သင့်​ကို​ခေါ်​ဖိတ်​သော​သူ လာ​သည်​ရှိ​သော်၊ အ​ဆွေ၊ တက်​ပါ​ဟု သင့်​ကို​ဆို​လိမ့်​မည်။ ထို​အ​ခါ သင်​နှင့်​အ​တူ လျောင်း​သော​သူ​တို့​ရှေ့​မှာ သင်၏​အ​သ​ရေ ထင်​ရှား​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သို့ဖြစ်၍ သင်​သည် ဖိတ်ခေါ်ခြင်း​ခံရ​သောအခါ နောက်ဆုံး​နေရာ​၌သာ ထိုင်လော့။ ထိုသို့​ပြု​လျှင် ပွဲရှင်​သည် သင့်​ကို မြင်​သောအခါ ‘မိတ်ဆွေ… ရှေ့​၌ နေရာ​ရှိပါသည်’ ဟူ၍ ပြော​လိမ့်မည်။ ထိုအခါ သင်​နှင့်အတူ​ထိုင်သော ဧည့်သည်​အားလုံး ရှေ့​တွင် သင်​သည် ဂုဏ်အသရေရှိ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

မြန်မာ

သူ​တစ်​ပါး​တို့​သည် သင့်​ကို ခေါ်​ဖိတ်​သော​အ​ခါ၊ သွား၍ နိမ့်​သော​နေ​ရာ၌ လျောင်း​လော့။ ထို​သို့​လျောင်း​လျှင် သင့်​ကို​ခေါ်​ဖိတ်​သော​သူ လာ​သည်​ရှိ​သော်၊ အ​ဆွေ၊ တက်​ပါ​ဟု သင့်​ကို​ဆို​လိမ့်​မည်။ ထို​အ​ခါ သင်​နှင့်​အ​တူ လျောင်း​သော​သူ​တို့​ရှေ့​မှာ သင်၏​အ​သ​ရေ ထင်​ရှား​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။



လုကာ 14:10
5 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​နှင့်ဆိုင်သော​ဆုံးမပဲ့ပြင်​ခြင်း​ဖြစ်​၏​။ ဂုဏ်သရေ​၏​ရှေ့ပြေး​ကား စိတ်နှိမ့်ချ​ခြင်း​ဖြစ်​၏​။


သင့်​ကို​နှိပ်စက်​ခဲ့​သော​သူ​၏​သား​တို့​သည် သင့်​ထံသို့​လာ​၍ ဦးညွှတ်​ကြ​လိမ့်မည်​။ သင့်​ကို​မထီလေးစား​ပြု​သော​သူ​အပေါင်း​တို့​သည် သင်​၏​ခြေရင်း​၌​ပျပ်ဝပ်​ကြ​လိမ့်မည်​။ သူ​တို့​သည် သင့်​ကို​ထာဝရဘုရား​၏​မြို့​၊ အစ္စရေး​လူမျိုး​တို့​၏​သန့်ရှင်း​သော​အရှင်​၏​ဇိအုန်​မြို့​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။


ကြည့်ရှု​လော့။ မိမိတို့ကိုယ်ကို ဂျူး​လူမျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်လည်း ဂျူး​လူမျိုး​မ​ဟုတ်​ဘဲ စာတန်​၏​အသင်းဝင်​များ​ဖြစ်​ကြ​သည့် လိမ်လည်​ပြောဆို​သော​သူ​တို့​ကို သင်​၏​ခြေရင်း​၌ လာ​၍​ရှိခိုး​စေ​ကာ ငါ​သည် သင်​တို့​ကို​ချစ်​ကြောင်း သူ​တို့​အား​သိ​စေ​မည်။


ရှမွေလ​က “​သင်​သည် သင့်ကိုယ်သင် သေးသိမ်​သော​သူ​ဟု ထင်မှတ်​သော်လည်း အစ္စရေး​အမျိုးအနွယ်​တို့​၏​အကြီးအမှူး ဖြစ်လာ​သည်​မ​ဟုတ်​လော​။ ထာဝရဘုရား​သည် သင့်​ကို အစ္စရေး​လူမျိုး​၏​ရှင်ဘုရင်​အဖြစ် ဘိသိက်ပေး​တော်မူ​၏​။