ထို့နောက် ယေရှုသည် မြို့ရွာအားလုံးကိုလှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်လျက် နိုင်ငံတော်နှင့်ဆိုင်သည့်ကောင်းမြတ်သောသတင်းကိုဟောပြောကာ ရောဂါအမျိုးမျိုးနှင့် အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
လုကာ 13:22 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် တစ်မြို့ပြီးတစ်မြို့၊ တစ်ရွာပြီးတစ်ရွာလှည့်လည်၍ သွန်သင်တော်မူရင်း ဂျေရုဆလင်မြို့သို့ခရီးပြုတော်မူ၏။ Common Language Bible ကိုယ်တော်သည်ယေရုရှလင်မြို့သို့ခရီးပြု တော်မူရာလမ်းတွင်ဟောပြောသွန်သင်လျက် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာကိုဖြတ် ၍ကြွတော်မူ၏။- Garrad Bible ထို နောက် ကိုယ် တော် သည် တစ် မြို့ နောက် တစ် မြို့၊ တစ် ရွာ နောက် တစ် ရွာ လျှောက် ကြွ၍ ဒေ သ နာ ပေး လျက် ယေ ရု ရှ လင် မြို့ သို့ ခ ရီး သွား တော် မူ စဉ်၊ Judson Bible ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက်၊ ဆုံးမဩဝါဒပေးလျက်၊ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ဂျေရုဆလင်မြို့သို့ ခရီးသွားတော်မူရာလမ်းတွင် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာသို့ လှည့်လည်၍ ဆုံးမသွန်သင်တော်မူ၏။ မြန်မာ ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက်၊ ဆုံးမဩဝါဒပေးလျက်၊ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏။- |
ထို့နောက် ယေရှုသည် မြို့ရွာအားလုံးကိုလှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်လျက် နိုင်ငံတော်နှင့်ဆိုင်သည့်ကောင်းမြတ်သောသတင်းကိုဟောပြောကာ ရောဂါအမျိုးမျိုးနှင့် အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
ကိုယ်တော်သည် သူတို့၏မယုံကြည်မှုအတွက် အံ့သြတော်မူ၏။ ဤသို့ဖြင့် ဝန်းကျင်ရှိကျေးရွာများသို့ လှည့်လည်၍သွန်သင်တော်မူ၏။
ထိုအခါ လူတစ်ဦးက “သခင်၊ ကယ်တင်ခြင်းခံရသူ အနည်းငယ်သာရှိသလော”ဟု မေးလျှောက်၏။ ကိုယ်တော်ကလည်း
ကိုယ်တော်သည် ကောင်းကင်ဘုံသို့ဆောင်ယူခြင်းခံတော်မူမည့်နေ့ရက် နီးကပ်လာသောအခါ ဂျေရုဆလင်မြို့သို့ကြွရန် ရှေးရှုလျက်
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။