အိုမင်းသောအရွယ်၌ပင် ဆက်၍အသီးသီးလျက်၊ စိမ်းလန်းစိုပြည်လျက်ရှိခြင်းအားဖြင့်
ရှောလမုန်သီချင်း။ 4:13 - မြန်မာ့စံမီသမ္မာကျမ်း သင့်အစို့အညှောက်သည် အကောင်းဆုံးအသီးကိုသီးသောသလဲတော၊ နာဒုပင်ရောပေါက်သော ဟင်္နာတော၊ Common Language Bible နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသော နံ့သာပင်မျိုးပါကြ၏။ Garrad Bible သင်၏ ပေါက် စ အ ပင် များ ကား၊ အ ထူး အ မြတ် သီး တတ် သော သ လဲ ခြံ၊ နာ ဒု ပင် များ နှင့် ဒန်း ခြံ၊ Judson Bible သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ်သော သလဲတော၊ နာဒုပင်နှင့်ရောသော ဟင်္နာတော၊ |
အိုမင်းသောအရွယ်၌ပင် ဆက်၍အသီးသီးလျက်၊ စိမ်းလန်းစိုပြည်လျက်ရှိခြင်းအားဖြင့်
ဥယျာဉ်များနှင့် သစ်သီးခြံများကိုလည်း ငါလုပ်၍ ထိုနေရာများတွင် သီးစားပင်အမျိုးမျိုးကို ငါစိုက်ပျိုး၏။
“ရှင်ဘုရင်သည် စားပွဲဝိုင်း၌ထိုင်စဉ် အကျွန်ုပ်၏နာဒုဆီမွှေးရနံ့သည် ပျံ့လွင့်မွှေးကြိုင်လျက် ရှိပါ၏။
“ယောက်ျားများအလယ်တွင် အကျွန်ုပ်ချစ်သူသည် တောသစ်ပင်တို့အလယ်မှ ပန်းသီးပင်ကဲ့သို့ ဖြစ်ပါ၏။ သူ့အရိပ်၌ ခိုနားရသည်ကို အကျွန်ုပ်အလွန်နှစ်သက်ပါ၏။ သူ့အသီးသည်လည်း အကျွန်ုပ်အဖို့ အလွန်ချိုမြိန်၍ အရသာရှိပါ၏။
နာဒုနှင့်ကုံကုမံ၊ ခါနဲနှင့်သစ်ကြံပိုး စသည့်အမွှေးနံ့သာပင်အပေါင်းတို့ပေါက်ရာတော၊ မုရန်၊ သစ်မွှေးနှင့် အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်ပင်အပေါင်းတို့ပေါက်ရာတော ဖြစ်၏။
“အို မြောက်လေ၊ နိုးပါ။ အို တောင်လေ၊ လာပါ။ အကျွန်ုပ်ဥယျာဉ်တွင် တိုက်ခတ်ပါ။ သို့မှ အရှင့်ထံမှအမွှေးနံ့သာတို့ ပျံ့သွားမည်။ အကျွန်ုပ်ချစ်သူသည် မိမိဥယျာဉ်ထဲသို့ လာပါစေ။ အကောင်းဆုံးအသီးကို စားပါစေ။”
“ချိုင့်ဝှမ်းလွင်ပြင်ရှိအပင်ငယ်တို့ကို ကြည့်ရှုရန်နှင့် စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ သလဲပင် ပွင့်မပွင့် တွေ့မြင်ဖို့ရန် သစ်သီးခြံသို့ အကျွန်ုပ်ဆင်းသွား၏။
“အကျွန်ုပ်ချစ်သူသည် ဥယျာဉ်ထဲတွင် သိုးထိန်းရင်း နှင်းပန်းများကိုခူးဆွတ်ဖို့ရန် မွှေးကြိုင်သောအိပ်ရာရှိရာ သူ၏ဥယျာဉ်သို့ ဆင်းသွားပါ၏။
အကျွန်ုပ်အား သွန်သင်လမ်းပြပေးခဲ့သော အကျွန်ုပ်၏မိခင်အိမ်သို့ အရှင့်ကို ဦးဆောင်ခေါ်သွားပါမည်။ အရှင့်ကို ရနံ့သင်းသောဝိုင်ဖြစ်သည့် သလဲသီးဝိုင်အသစ်ကို တိုက်ပါမည်။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။
မြေကြီးသည် အစို့အညှောက်ကိုထွက်စေသကဲ့သို့၊ ဥယျာဉ်သည် ကြဲထားသောမျိုးစေ့ကိုပေါက်စေသကဲ့သို့ ဘုရားရှင်ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ရှေ့၌ ဖြောင့်မတ်ခြင်း၊ ချီးမွမ်းခြင်းကို ပေါက်စေတော်မူမည်။
အချင်းချင်း မတိုးမတိုက်ဘဲ ကိုယ့်လမ်းကြောင်းနှင့်ကိုယ် ချီတက်ကြ၏။ လက်နက်ကြားတိုးဝင်သော်လည်း မကျဆုံး။
ယေရှုသည် ဗေသနိရွာတွင် အနာကြီးရောဂါသည်ရှိမုန်၏အိမ်ထဲ၌ထိုင်၍ စားသောက်နေတော်မူစဉ် အမျိုးသမီးတစ်ဦးသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်ထည့်ထားသည့် ကျောက်ဖြူဘူးကိုယူဆောင်လာ၍ ထိုကျောက်ဖြူဘူးကိုခွဲပြီးလျှင် ကိုယ်တော်၏ခေါင်းပေါ်၌ ဆီမွှေးကို သွန်းလောင်းလေ၏။
ထိုအခါ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်နှစ်ဆယ်သားကိုယူ၍ ယေရှု၏ခြေတော်ကိုလိမ်းပြီးလျှင် မိမိဆံပင်နှင့် ခြေတော်ကိုသုတ်လေ၏။ ထိုဆီမွှေး၏ရနံ့သည်လည်း တစ်အိမ်လုံးပျံ့နှံ့သွား၏။
ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းအသီးအပွင့်နှင့်ပြည့်စုံ၍ ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်သို့ရောက်မည့်အကြောင်း ငါဆုတောင်း၏။