Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှောလမုန်သီချင်း။ 4:13 - Garrad Bible

13 သင်၏ ပေါက် စ အ ပင် များ ကား၊ အ ထူး အ မြတ် သီး တတ် သော သ လဲ ခြံ၊ နာ ဒု ပင် များ နှင့် ဒန်း ခြံ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသော နံ့သာပင်မျိုးပါကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သင်၏​ပျိုး​ပင်​တို့​ကား၊ ချို​သော​အ​သီး​ကို သီး​တတ်​သော သ​လဲ​တော၊ နာ​ဒု​ပင်​နှင့်​ရော​သော ဟင်္နာ​တော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သင့်​အစို့အညှောက်​သည် အကောင်းဆုံး​အသီး​ကို​သီး​သော​သလဲ​တော​၊ နာဒုပင်​ရော​ပေါက်​သော ဟင်္နာ​တော​၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှောလမုန်သီချင်း။ 4:13
18 ပူးပေါင်းရင်းမြစ်များ  

စည် ပင် စိမ်း လန်း လျက် အ သီး သီး သ ဖြင့်၊


ဥ ယျာဉ်၊ ခြံ များ ကို ပြု ပြင်၍၊ အ သီး အ ပင် အ မျိုး မျိုး ကို စိုက် ပျိုး ခြင်း။


အ ရှင် မင်း ပွဲ တော် တည် နေ စဉ်၊ ကျွန် မ ထုံ သော နာ ဒု ဆီ မွှေး သည် ပျံ့ နှံ့ လေ ၏။


ကျွန် မ၏ ချစ် သူ သည်၊ အင်္ဂေ ဒိ စ ပျစ် ဥ ယျာဉ် မှ ပေါက် သော ဒန်း ပွင့် ခိုင် နှင့် တူ ၏။


ကျွန် မ၏ ချစ် သူ သည်၊ သ တို့ သား စု ထဲ မှာ၊ တော ပင် စု တွင် သစ် သော့ ပင် ကဲ့ သို့ ဖြစ်၏။ ကျွန် မ သည် သူ၏ အ ရိပ်၌၊ နှစ် သက် ခို ဝင်၍၊ အ သီး ကို မြိန် ရှက် စွာ စား ရ၏။


နာ ဒု၊ စ ပါး လင်၊ ကြံ၊ သစ် ကြမ်း ပိုး မှ စ သော၊ လော ဗန် ပင် အ မျိုး မျိုး၊ မု ရန်၊ အ ကျော် များ နှင့် အ ကောင်း ဆုံး သော နံ့ သာ ပင် အ မျိုး မျိုး တည်း။


မြောက် လေ ဆော် ပါ။ တောင် လေ သွင်း ပါ။ မွှေး ကြိုင် သော ရ နံ့ သင်း ပျံ့ စေ ရန်၊ ကျွန် မ ဥ ယျာဉ် ပေါ် သို့ သွေး ပါ။ ကျွန် မ ချစ် သူ သည်၊ ကိုယ့် ဥ ယျာဉ် တော် သို့ ဝင်၍၊ ထူး မြတ် သော အ သီး ကို သုံး ဆောင် တော် မူ ပါ စေ။


စ ပျစ် ပင် သန် မ သန်၊ သ လဲ ပင် ပွင့် မ ပွင့်၊ ရှု ကြည့် ရန် လည်း ကောင်း၊ ချိုင့် ဝှမ်း ရာ၌ အ ညှောက် အ စို့ ကို ရှု ကြည့် ရန် လည်း ကောင်း၊


ကျွန် မ ၏ ချစ် သူ သည်၊ သူ့ ဥ ယျာဉ်၌ စား သောက်၍၊ နှင်း ပန်း များ ကို ဆွတ် ယူ ရန်၊ ဥ ယျာဉ် အ တွင်း၊ ဒန်း ခင်း သို့ ဆင်း သွား လေ၏။


ကျွန် မ သည် အ ရှင် ကို လမ်း ပြ၍၊ ကျွန် မ ကို သွန် သင် စေ ရန်၊ မိ ခင့် တိုက် ခန်း သို့ ခေါ် သွင်း ပြီး လျှင်၊ အ နံ့ ဆေး ကူ သော စ ပျစ် ရည် နှင့် သ လဲ ရည် ကို ကျွန် မ တိုက် ပါ မည်။


မြို့ သူ မြို့ သား အ ပေါင်း တို့ သည် ဖြောင့် မတ် စွာ နေ သ ဖြင့်၊ ဘုန်း တော် ထင် ရှား စေ ရန် ငါ စိုက် ပျိုး သော ပျိုး ပင်၊ ငါ၏ လက် မှု အ ဖြစ်၊ နေ ပြည် ကို ထာ ဝ ရ ပိုင် ခွင့် ရ ကြ လိမ့် မည်။


မြေ ကြီး သည် အ ညှောက် ပေါ် စေ သ ကဲ့ သို့ လည်း‌ ကောင်း၊ ခြံ လည်း ကြဲ ရာ မျိုး ကို ပေါက် စေ သ ကဲ့ သို့ လည်း‌ ကောင်း၊ အ ရှင် ထာ ဝ ရ ဘု ရား သည် ခပ် သိမ်း သော လူ မျိုး တို့ မျက် မှောက် တွင်၊ အောင် မြင် ခြင်း နှင့် ချီး မွမ်း ခြင်း ကို ပေါက် စေ တော် မူ လိမ့် သ တည်း။


အ ချင်း ချင်း မ တိုး မ ဝှေ့ ဘဲ၊ ကိုယ့် လမ်း သို့ လိုက် ချီ လျက်၊ စစ် လက် နက် များ ဖြင့် ကျ လဲ သော် လည်း၊ မ တွန့် မ ဆုတ် ချေ။


ကိုယ် တော် သည် ဗေ သ နိ ရွာ နေ လူ နူ ရှိ မုန့် အိမ် တွင် စား ပွဲ ထိုင် တော် မူ စဉ် မိန်း မ တစ် ယောက် သည် အ ဖိုး ထိုက် သော နာ ဒု နံ့ သာ ဆီ စစ် ကို ကျောက် ဖြူ ဘူး နှင့် ယူ လာ၍၊


မာရိသည် အဖိုးထိုက်သောနာဒုနံ့သာဆီစစ် အချိန်နှစ်ဆယ့်ငါးကျပ်ကိုယူလာ၍ ယေရှု၏ခြေတော်ကိုလိမ်းကျံလျက် ကိုယ့်ဦးဆံနှင့်သုတ်၏။ ထိုနံ့သာဆီနံ့လည်း တစ်အိမ်လုံး မွှေးကြိုင်လျက်ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ