အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်တော်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းတော်မူပါ။ မိုက်မဲသောသူသည် ကိုယ်တော်ကို တစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်သည်ကို အောက်မေ့တော်မူပါ။
ရှင်မာကု 9:12 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ဧလိယသည် ဦးစွာလာ၍ အရာခပ်သိမ်းတို့ကို ပြန်လည်ထူထောင်မည်မှန်၏။ သို့ရာတွင် လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရပြီး ပစ်ပယ်ခြင်းကိုခံရမည်ဟု ရေးထားသည်မှာ မည်သို့နည်း။ Common Language Bible ကိုယ်တော်က ``အမှုအရာခပ်သိမ်းကိုအသင့် ပြင်ဆင်ရန် ဦးစွာပထမဧလိယကြွလာရ သည်ကားမှန်၏။ သို့ရာတွင်ကျမ်းစာတော်က လူသားသည်များစွာသောဒုက္ခဆင်းရဲကိုလည်း ကောင်း၊ ပစ်ပယ်ခြင်းကိုလည်းကောင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။- Garrad Bible ကိုယ် တော် က ဧလိ ယ သည် လာ နှင့်၍ အ ရာ ခပ် သိမ်း ကို အ သစ် ပြု ပြင် ရ မည် မှန် သော် လည်း လူ့ သား နှင့် စပ် လျက် မည် သို့ သော ကျမ်း ချက် ရှိ သ နည်း။ များ စွာ သော ဒု က္ခ နှင့် ငြင်း ပယ် ခြင်း ကို ခံ ရ လိမ့် တ ကား။ Judson Bible ကိုယ်တော်က၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။ လူသားသည်လည်း အလွန်ဆင်းရဲ၍ ကဲ့ရဲ့ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာလာ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဧလိယသည် အရာအားလုံးကို ပြန်လည်တည်ထောင်ရန် စော၍ လာမည်မှာ မှန်ပါ၏။ သို့သော်လည်း ကျမ်းစာ၌ လူသားသည် ဒုက္ခများစွာနှင့် ကဲ့ရဲ့ပစ်ပယ်ခံရမည်ဟု အဘယ်ကြောင့်ရေးထားသနည်း။ မြန်မာ ကိုယ်တော်က၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။ လူသားသည်လည်း အလွန်ဆင်းရဲ၍ ကဲ့ရဲ့ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာလာ၏။- |
အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်တော်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းတော်မူပါ။ မိုက်မဲသောသူသည် ကိုယ်တော်ကို တစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်သည်ကို အောက်မေ့တော်မူပါ။
အစ္စရေးလူမျိုးကိုရွေးနုတ်တော်မူသောအရှင်၊ ထိုလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားက လူတို့၏မထီမဲ့မြင်ပြုခြင်းခံရသော၊ လူမျိုးတကာတို့၏စက်ဆုပ်ရွံရှာခြင်းခံရသော၊ အုပ်စိုးသောမင်းတို့ထံ၌ကျွန်ခံရသောသူအား “သင့်ကိုရွေးချယ်တော်မူ၍ သစ္စာရှိတော်မူသော အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ထာဝရဘုရားကို ရှင်ဘုရင်တို့သည် မြင်၍ အကြီးအကဲတို့မတ်တတ်ရပ်ကြပြီး သူတို့အတူတကွ ရှိခိုးကိုးကွယ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ရိုက်နှက်သူတို့အား ငါ့ကျောကိုပေး၏။ မုတ်ဆိတ်ဆွဲနုတ်သူတို့အား ငါ့ပါးကိုပေး၏။ အသရေဖျက်ခံရခြင်း၊ တံတွေးထွေးခံရခြင်းမှ ငါ့မျက်နှာကို ငါမလွှဲ။
သူ၏ရုပ်ရည်သည် လူမဟုတ်သကဲ့သို့၊ သူ၏ရုပ်ဆင်းသဏ္ဌာန်သည် လူသားမဟုတ်သကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ်သဖြင့် လူများစွာတို့သည် သူ့ကိုအလွန်အံ့အားသင့်ကြ၏။
ထိုအခါ ထာဝရဘုရားက “ငါ့ကို အဖိုးဖြတ်သောငွေ များလှသည်တကား။ ထိုငွေကို အိုးထိန်းသည်ထံ ပစ်လိုက်ပါ”ဟု မိန့်တော်မူသည့်အတိုင်း ငွေစသုံးဆယ်ကိုယူ၍ ထာဝရဘုရား၏အိမ်တော်ရှိ အိုးထိန်းသည်ထံ ငါပစ်ချပေးလေ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဓား၊ ထလော့။ ငါ၏သိုးထိန်းကို တိုက်ခိုက်လော့။ ငါ၏အိမ်နီးချင်းကို တိုက်ခိုက်လော့။ သိုးထိန်းကိုရိုက်နှက်လော့။ ထိုအခါ သိုးတို့ ကွဲလွင့်သွားကြလိမ့်မည်။ ငါသည်လည်း သိုးငယ်များကို လက်ဖြင့်ရွယ်၍ တိုက်ခိုက်မည်”ဟု မိန့်တော်မူ၏။
သူသည် ဖခင်တို့၏စိတ်နှလုံးကို သားသမီးထံသို့လည်းကောင်း၊ သားသမီးတို့၏စိတ်နှလုံးကို ဖခင်တို့ထံသို့လည်းကောင်း ပြန်လှည့်လာစေလိမ့်မည်။ သို့မဟုတ်လျှင် ငါသည် ကြွလာ၍ ကမ္ဘာမြေကို ကျိန်ခြင်းဖြင့်ဒဏ်ခတ်ရလိမ့်မည်။
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏လက်၌ ဒုက္ခဝေဒနာများစွာခံစားရပြီး အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
လူ့သားသည် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မမွေးဖွားလာခဲ့လျှင် သူ့အတွက် သာ၍ကောင်းပေလိမ့်မည်”ဟု မိန့်တော်မူ၏။
“နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့သွားနေကြ၏။ လူ့သားသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများထံ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကိုသေဒဏ်စီရင်၍ လူမျိုးခြားတို့ထံ အပ်နှံကြလိမ့်မည်။
သို့သော် သင်တို့အား ငါဆိုသည်ကား ဧလိယသည် ရောက်လာခဲ့ပြီ။ လူတို့သည်လည်း သူနှင့်ပတ်သက်၍ ကျမ်းစာ၌ရေးထားသည့်အတိုင်း သူ့အပေါ် ပြုလိုရာပြုခဲ့ကြပြီ”ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်က တပည့်တော်တို့အား သွန်သင်လျက်“လူ့သားသည် လူတို့၏လက်သို့အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည်လည်း သူ့ကိုသတ်ကြလိမ့်မည်။ သို့သော် အသေသတ်ခြင်းခံရပြီး သုံးရက်ကြာသောအခါ သူသည် ထမြောက်လိမ့်မည်”ဟု မိန့်တော်မူသောကြောင့်ဖြစ်၏။
အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ပရောဖက်ဟုခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား သင်သည် ထာဝရဘုရား၏လမ်းတော်ကိုပြင်ဆင်ရန်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အား အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအားဖြင့်သက်ရောက်သော ကယ်တင်ခြင်းနှင့်ဆိုင်သည့်အသိပညာကိုပေးရန်လည်းကောင်း၊ ကိုယ်တော်၏ရှေ့တော်၌ သွားလိမ့်မည်။
ဟေရုဒ်သည်လည်း မိမိစစ်သားများနှင့်အတူ ကိုယ်တော်ကိုမထီမဲ့မြင်ပြုလျက် ပြောင်လှောင်ကာ တင့်တယ်သောဝတ်လုံကိုဝတ်စေပြီးလျှင် ပိလတ်မင်းထံသို့ ပြန်ပို့လေ၏။
ဆွဲထားခြင်းခံရသောရာဇဝတ်သားတို့ထဲမှ တစ်ဦးသည်လည်း ကိုယ်တော်ကိုစော်ကားလျက် “သင်သည် ခရစ်တော်မဟုတ်လော။ သင့်ကိုယ်သင်ကယ်တင်၍ ငါတို့ကိုလည်းကယ်တင်လော့”ဟု ဆို၏။
တစ်ဖန် သူတို့စုဝေးလာကြသောအခါ သူတို့က ကိုယ်တော်အား “သခင်ဘုရား၊ ကိုယ်တော်သည် ယခုအချိန်တွင် အစ္စရေးလူမျိုးအတွက် နိုင်ငံကို ပြန်လည်ထူထောင်ပေးတော်မူမည်လော”ဟု မေးလျှောက်ကြ၏။
ထိုအရှင်သည် တိုက်ဆောက်သူများတည်းဟူသောသင်တို့က ပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်ဖြစ်၏။