Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကု 9:12 - မြန်မာ

12 ကိုယ်​တော်​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ၍ အ​လုံး​စုံ​တို့​ကို ပြု​ပြင်​ရ​သည် မှန်​ပေ၏။ လူ​သား​သည်​လည်း အ​လွန်​ဆင်း​ရဲ၍ ကဲ့​ရဲ့​ပယ်​ထား​ခြင်း​ကို ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ကိုယ်​တော်​က ``အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​အ​သင့် ပြင်​ဆင်​ရန် ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​ကြွ​လာ​ရ သည်​ကား​မှန်​၏။ သို့​ရာ​တွင်​ကျမ်း​စာ​တော်​က လူ​သား​သည်​များ​စွာ​သော​ဒုက္ခ​ဆင်း​ရဲ​ကို​လည်း ကောင်း၊ ပစ်​ပယ်​ခြင်း​ကို​လည်း​ကောင်း​ခံ​ရ​မည်​ဟု အ​ဘယ်​ကြောင့်​ဆို​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ကိုယ် တော် က ဧလိ ယ သည် လာ နှင့်၍ အ ရာ ခပ် သိမ်း ကို အ သစ် ပြု ပြင် ရ မည် မှန် သော် လည်း လူ့ သား နှင့် စပ် လျက် မည် သို့ သော ကျမ်း ချက် ရှိ သ နည်း။ များ စွာ သော ဒု က္ခ နှင့် ငြင်း ပယ် ခြင်း ကို ခံ ရ လိမ့် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ကိုယ်​တော်​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ၍ အ​လုံး​စုံ​တို့​ကို ပြု​ပြင်​ရ​သည် မှန်​ပေ၏။ လူ​သား​သည်​လည်း အ​လွန်​ဆင်း​ရဲ၍ ကဲ့​ရဲ့​ပယ်​ထား​ခြင်း​ကို ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ကိုယ်တော်​က​လည်း“ဧလိယ​သည် ဦးစွာ​လာ​၍ အရာ​ခပ်သိမ်း​တို့​ကို ပြန်လည်​ထူထောင်​မည်​မှန်​၏။ သို့ရာတွင် လူ့သား​သည် ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​ပြီး ပစ်ပယ်​ခြင်း​ကို​ခံရ​မည်​ဟု ရေး​ထား​သည်​မှာ မည်သို့နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ယေရှု​က “ဧလိယ​သည် အရာအားလုံး​ကို ပြန်လည်​တည်ထောင်​ရန် စော​၍ လာမည်​မှာ မှန်ပါ၏။ သို့သော်လည်း ကျမ်းစာ​၌ လူသား​သည် ဒုက္ခ​များစွာ​နှင့် ကဲ့ရဲ့​ပစ်ပယ်ခံရမည်​ဟု အဘယ်ကြောင့်​ရေးထားသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 9:12
30 ပူးပေါင်းရင်းမြစ်များ  

ဟေ​ရုဒ်​မင်း​သည် စစ်​သူ​ရဲ​တို့​နှင့်​တ​ကွ ကိုယ်​တော်​ကို မ​ခန့်​မ​ညား​ဘဲ ပြက်​ရယ်​ပြု၍ တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​စေ​ပြီး​မှ ပိ​လတ်​မင်း​ထံ​သို့ ပို့​ပြန်​စေ၏။-


အ​ချင်း​သူ​ငယ်၊ သင်​သည်​လည်း အ​မြင့်​ဆုံး​သော​ဘု​ရား၏ ပ​ရော​ဖက်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။-


ဆွဲ​ထား​သော လူ​ဆိုး​နှစ်​ယောက်​တွင် တစ်​ယောက်​က၊ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ကိုယ်​ကို​လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း၊ ကယ်​တင်​လော့​ဟု ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ဆို​လေ၏။-


ကျမ်း​စာ​လာ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို​အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​သူ​သည် ဖွား​မြင်​ခြင်း​ကို​မ​ခံ​ရ​လျှင် အ​နေ​သာ၍​ကောင်း​သည်​ဟု မိန့်​တော်​မူ၏။-


ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။-


ငါ​ဆို​သည်​ကား၊ ဧ​လိ​ယ​သည် ရောက်​လေ​ပြီ။ သူ၏​အ​ကြောင်း​ကို ကျမ်း​စာ၌​ရေး​ထား​သည်​အ​တိုင်း လူ​များ​သည် သူ့​အား​ပြု​ချင်​သ​မျှ​ကို ပြု​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။


အ​ကြောင်း​မူ​ကား၊ လူ​သား​သည် လူ​တို့​လက်​သို့ အပ်​နှံ​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။-


လူ​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​သူ​တို့​သည် သေ​ပြစ်​ကို စီ​ရင်၍ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ