အစ္စရေးလူမျိုး၏ရှင်ဘုရင်ထာဝရဘုရား၊ အစ္စရေးလူမျိုးကိုရွေးနုတ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် အဦးဆုံးသောသူဖြစ်၏။ နောက်ဆုံးသောသူလည်း ဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။
ရှင်မာကု 15:32 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့တွေ့မြင်၍ ယုံကြည်နိုင်ရန် အစ္စရေးဘုရင်ဖြစ်သောခရစ်တော်သည် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းလာပါစေ”ဟု အချင်းချင်းပြောဆိုကြ၏။ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသောသူတို့သည်လည်း ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြ၏။ Common Language Bible ဣသရေလရှင်ဘုရင်၊ မေရှိယအရှင်သည် လက်ဝါးကပ်တိုင်မှယခုဆင်းခဲ့ပါစေ။ သို့ ဆင်းသည်ကိုမြင်ရလျှင်ငါတို့ယုံကြည် ပေအံ့'' ဟုအချင်းချင်းပြောဆိုလျက် သရော်ကြ၏။ ကိုယ်တော်နှင့်အတူလက်ဝါးကပ်တိုင်တွင် အတင်ခံရသောသူများကလည်း ကိုယ်တော် ကိုပြက်ရယ်ပြုကြ၏။ Garrad Bible ဣ သ ရေ လ လူ မျိုး တို့ ဘု ရင် မင်း ခ ရစ် တော် သည် ငါ တို့ မြင်၍ ယုံ ကြည် စေ ရန် ကား တိုင် မှ ယ ခု ဆင်း လာ ပါ စေ ဟု အ ချင်း ချင်း ပြော ဆို လျက် သ ရော် ကြ၏။ ကိုယ် တော် နှင့် အ တူ ကား တင် ခံ ရ သူ တို့ က လည်း ကဲ့ ရဲ့ ကြ ၏။ Judson Bible ငါတို့မြင်၍ ယုံကြည်စေခြင်းငှာ၊ ဣသရေလရှင်ဘုရင် တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေဟု အချင်းချင်းပြက်ရယ်ပြု၍ ပြောဆိုကြ၏။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အစ္စရေးတို့၏ရှင်ဘုရင်ဟူသော ခရစ်တော်သည် လက်ဝါးကပ်တိုင်မှ ဆင်းလာပါစေ။ ဆင်းသည်ကို ငါတို့မြင်လျှင် ယုံကြည်မည်” ဟု အော်ဟစ်၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားခြင်းခံရသောဓားပြများကလည်း ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ မြန်မာ ငါတို့မြင်၍ ယုံကြည်စေခြင်းငှာ၊ ဣသရေလရှင်ဘုရင် တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေဟု အချင်းချင်းပြက်ရယ်ပြု၍ ပြောဆိုကြ၏။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ၏။ |
အစ္စရေးလူမျိုး၏ရှင်ဘုရင်ထာဝရဘုရား၊ အစ္စရေးလူမျိုးကိုရွေးနုတ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် အဦးဆုံးသောသူဖြစ်၏။ နောက်ဆုံးသောသူလည်း ဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။
ထာဝရဘုရားသည် သင်ခံရမည့်အပြစ်ဒဏ်များကို ပယ်ရှားလိုက်ပြီ။ ရန်သူတို့ကိုလည်း သင့်ထံမှ ပြန်လှည့်သွားစေပြီ။ အစ္စရေးဘုရင်ထာဝရဘုရားသည် သင့်အလယ်တွင် ရှိနေသည်ဖြစ်၍ သင်သည် ဘေးအန္တရာယ်ကို ကြောက်ရတော့မည်မဟုတ်။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
သို့ဖြစ်၍ ဆွေမျိုးအစဉ်အဆက်စုစုပေါင်းကား အာဗြဟံမှ ဒါဝိဒ်အထိ တစ်ဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရသည့်အချိန်အထိ တစ်ဆယ့်လေးဆက်၊ ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရသည့်အချိန်မှ ခရစ်တော်အထိ တစ်ဆယ့်လေးဆက်ဖြစ်၏။
“သူသည် သူတစ်ပါးတို့ကိုကယ်တင်ခဲ့သော်လည်း မိမိကိုယ်ကိုမကယ်တင်နိုင်ပါတကား။ အစ္စရေးဘုရင်ဖြစ်လျှင် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာပါစေ။ ထိုအခါ ငါတို့သည် သူ့ကိုယုံကြည်မည်။
ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသော ဓားပြတို့သည်လည်း ကိုယ်တော်ကို ထိုနည်းတူကဲ့ရဲ့ပြစ်တင်ကြ၏။
ကိုယ်တော်အပေါ်တင်သောစွဲချက်ကိုရေးထားသည့်ကမ္ပည်းစာမှာ “ဂျူးလူမျိုးတို့၏ဘုရင်”ဟူ၍ဖြစ်၏။
ဓားပြနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။
နာသနေလက “ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်။ အစ္စရေးဘုရင်လည်းဖြစ်ပါသည်”ဟု လျှောက်လေ၏။
စွန်ပလွံခက်များကိုကိုင်ဆောင်လျက် ကိုယ်တော်ကိုကြိုဆိုရန် ထွက်သွားကြ၍ “ဟောရှဏ္ဏ၊ ထာဝရဘုရား၏နာမတော်အားဖြင့် ကြွလာတော်မူသောအရှင်၊ အစ္စရေးဘုရင်သည် မင်္ဂလာရှိစေသတည်း”ဟု ကြွေးကြော်ကြ၏။
ထိုသို့ဆိုလျှင် သူတို့တွင် မယုံကြည်သောသူအချို့ရှိပါက မည်သို့ဖြစ်မည်နည်း။ ဘုရားသခင်၏သစ္စာတော်သည် သူတို့၏မယုံကြည်မှုကြောင့် ပျက်ပြယ်သွားမည်လော။
သူတို့သည် သမ္မာတရားလမ်းမှလွဲချော်၍ သေသောသူတို့၏ရှင်ပြန်ထမြောက်ခြင်းသည် ဖြစ်ပျက်ခဲ့လေပြီဟုဆိုလျက် အချို့သောသူတို့၏ယုံကြည်ခြင်းကို ချွတ်ချော်လွဲမှားစေကြ၏။