Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 15:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ကိုယ်တော်​အပေါ်​တင်​သော​စွဲချက်​ကို​ရေး​ထား​သည့်​ကမ္ပည်းစာ​မှာ “ဂျူး​လူမျိုး​တို့​၏​ဘုရင်”​ဟူ၍​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ကိုယ်​တော်​၏​ပြစ်​မှု​ကို​ကမ္ပည်း​ရေး​ထိုး​၍​လက်​ဝါး ကပ်​တိုင်​အ​ထက်​တွင်​တင်​ထား​သည်​ကား ``ယု​ဒ ရှင်​ဘု​ရင်'' ဟူ​၍​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက် ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု ရေး​ထား​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ယေရှု​ကို စွဲချက်တင်​၍ ရေးထိုးထားသည့် ကမ္ပည်း​မှာ “ဂျူးတို့​၏ ရှင်ဘုရင်” ဟူ၍ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

26 အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက် ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု ရေး​ထား​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 15:26
14 ပူးပေါင်းရင်းမြစ်များ  

“​ငါ​၏​သန့်ရှင်း​သော​ဇိအုန်​တောင်​ပေါ်တွင် ငါ​၏​ရှင်ဘုရင်​ကို ငါ​ခန့်အပ်​ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။


အကယ်စင်စစ် လူ​တို့​၏​အမျက်ဒေါသ​သည် ကိုယ်တော်​ကို​ချီးမွမ်း​လိမ့်မည်​။ ကိုယ်တော်​သည် အမျက်ဒေါသ​အကြွင်းအကျန်​များ​ဖြင့် မိမိကိုယ်မိမိ​ပတ်စည်း​တော်မူ​လိမ့်မည်​။


ရှင်ဘုရင်​၏​စိတ်နှလုံး​သည် ထာဝရဘုရား​၏​လက်​တော်​၌​ရှိ​၍ ရေစီး​သော​ချောင်း​များ​ကဲ့သို့​ဖြစ်​၏​။ ကိုယ်တော်​သည် ၎င်း​ကို အလို​တော်​ရှိ​သည့် နေရာတိုင်း​သို့ လှည့်​စေ​တော်မူ​၏​။


သို့သော် သူ​သည် ထိုသို့​မ​ကြံရွယ်​။ သူ​၏​စိတ်နှလုံး​သည် ထိုသို့​မ​စဉ်းစား​။ သူ​၏​စိတ်နှလုံး​ထဲ၌ လူမျိုး​များစွာ​တို့​ကို ဖျက်ဆီး​ပယ်ရှား​ရန် ကြံရွယ်​၏​။


အစအဦး​ကပင် အဆုံး​ကို​ဖော်ပြ​သော​အရှင်​၊ ရှေးကာလ​ကပင် မ​ဖြစ်​သေး​သော​အရာ​တို့​ကို​ဖော်ပြ​သော​အရှင်​က “​ငါ့​အကြံအစည်​သည် တည်​မည်​။ ငါ​အလို​ရှိသမျှ​ကို ငါ​ပြု​မည်​”​ဟု မိန့်​တော်မူ​၏​။


အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။


“ဖွားမြင်​တော်မူ​သော ဂျူး​လူမျိုး​တို့​၏​ဘုရင်​သည် အဘယ်မှာ​ရှိ​သနည်း။ အရှေ့​ပြည်​၌ သူ​၏​ကြယ်​ကို အကျွန်ုပ်​တို့​မြင်​ခဲ့​ရ​သဖြင့် သူ့​ကို​ရှိခိုး​ရန် လာ​ကြ​ပါ​၏”​ဟု မေးမြန်း​ပြောဆို​ကြ​၏။


ကိုယ်တော်​၏​ဦးခေါင်း​တော်​အထက်​၌​ကား “ဤ​သူ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင် ယေရှု​ဖြစ်​၏”​ဟု ရေး​ထား​သည့် ကိုယ်တော်​အပေါ်​တင်​သော​စွဲချက်​ကို တပ်​ထား​ကြ​၏။


ထိုအခါ ပိလတ်​မင်း​က “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု ကိုယ်တော်​အား မေး​လေ​၏။ ကိုယ်တော်​က​လည်း“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု မိန့်​တော်မူ​၏။


ဓားပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်တော်​နှင့်အတူ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။


ငါ​တို့​တွေ့မြင်​၍ ယုံကြည်​နိုင်​ရန် အစ္စရေး​ဘုရင်​ဖြစ်​သော​ခရစ်တော်​သည် ယခု​ပင် လက်ဝါးကပ်တိုင်​ပေါ်မှ ဆင်း​လာ​ပါစေ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ကိုယ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သော​သူ​တို့​သည်​လည်း ကိုယ်တော်​ကို​ကဲ့ရဲ့​ပြစ်တင်​ကြ​၏။


သို့ရာတွင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဗာလမ်​၏​စကား​ကို နားညောင်း​တော်​မ​မူ​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ချစ်​တော်မူ​သောကြောင့် သင့်​အဖို့​ကျိန်ဆဲ​ခြင်း​ကို ကောင်းချီးမင်္ဂလာ​ဖြစ်​စေ​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ