ရှင်မာကု 14:49 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် နေ့တိုင်း သင်တို့နှင့်အတူရှိလျက် ဗိမာန်တော်၌သွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသို့ဖြစ်ခြင်းမှာ ကျမ်းစာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း”ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် သင်တို့ ရှေ့မှာဟောပြောသွန်သင်ခဲ့၏။ သင်တို့ငါ့ကို မဖမ်းမဆီးခဲ့ကြ။ သို့ရာတွင်ကျမ်းစာလာ သည်အတိုင်းဖြစ်ပျက်ရမည်'' ဟုထိုသူတို့ အားမိန့်တော်မူ၏။ Garrad Bible ငါ သည် သင် တို့ ရှေ့ ဗိ မာန် တော် တွင် နေ့ တိုင်း ဒေ သ နာ ပေး လျက် ထိုင် နေ စဉ် မ ဖမ်း ကြ ပါ တ ကား၊ ဤ အ ခြင်း အ ရာ မှာ ကျမ်း ချက် များ ပြည့် စုံ စေ ခြင်း ငှာ တည်း ဟု မိန့် တော် မူ၏။ Judson Bible ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒပေးလျက်၊ သင်တို့အလယ်၌ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဖမ်းမဆီးကြ။ ဤအကြောင်းအရာကား၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် နေ့စဉ်နေ့တိုင်း သင်တို့နှင့်အတူ ရှိလျက် ဗိမာန်တော်တွင် ဟောပြောသွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။ သို့သော် ဤသို့ဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတွင် ငါနှင့်ပတ်သက်၍ ဖော်ပြထားသည့် အကြောင်းအရာများ ဖြစ်ပျက်လာစေရန်ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။ မြန်မာ ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒပေးလျက်၊ သင်တို့အလယ်၌ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဖမ်းမဆီးကြ။ ဤအကြောင်းအရာကား၊- |
သို့ဖြစ်လျှင် ဤသို့ဖြစ်ရမည်ဟုဆိုထားသော ကျမ်းချက်များသည် မည်သို့ပြည့်စုံခြင်းသို့ရောက်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။
ထိုအချိန်တွင် ယေရှုသည် လူအစုအဝေးတို့အား“သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် ငါ့ကိုဖမ်းဆီးရန်လာကြသလော။ ငါသည် နေ့တိုင်း ဗိမာန်တော်၌ထိုင်လျက် သွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။
သို့သော် ဤအမှုအရာအားလုံးဖြစ်ပျက်ရခြင်းမှာ ပရောဖက်ကျမ်းများပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးတို့သည် ကိုယ်တော်ကိုစွန့်ခွာ၍ ထွက်ပြေးကြ၏။
ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထ၍ ယုဒနယ်ဆိုင်ရာအရပ်ဒေသနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ကြွတော်မူရာ လူထုပရိသတ်တို့သည် အထံတော်သို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ပြုလေ့ရှိသည့်အတိုင်း သူတို့ကိုသွန်သင်တော်မူ၏။
ထို့နောက် သူတို့သည် ဂျေရုဆလင်မြို့သို့ တစ်ဖန်ရောက်ကြ၏။ ကိုယ်တော်သည် ဗိမာန်တော်ထဲ၌ ကြွတော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့်သက်ကြီးဝါကြီးများသည် အထံတော်သို့လာ၍
တစ်ဖန် ယေရှုသည် ဗိမာန်တော်၌ သွန်သင်တော်မူစဉ်“ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု ကျမ်းပြုဆရာတို့က မည်သို့ပြောဆိုနိုင်ကြသနည်း။
ယေရှုက ထိုသူတို့အား“သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် ငါ့ကိုဖမ်းဆီးရန်လာကြသလော။
ကိုယ်တော်သည် ဗိမာန်တော်၌ နေ့စဉ်နေ့တိုင်း သွန်သင်လျက်နေတော်မူ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် လူထုခေါင်းဆောင်များသည် ကိုယ်တော်ကိုသတ်ရန် ရှာကြံနေကြသော်လည်း
သင်တို့အား ငါဆိုသည်ကား ‘သူသည် တရားမဲ့သောသူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ဟု ရေးထားသောအရာသည် ငါ၌ပြည့်စုံရမည်။ အမှန်စင်စစ် ငါနှင့်ပတ်သက်သောအရာသည် ဆုံးခန်းသို့ရောက်နေပြီ”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“ငါသည် လောက၌ ထင်ရှားစွာဟောပြောခဲ့၏။ ဂျူးလူမျိုးအပေါင်းတို့စုဝေးရာ ဝတ်ပြုစည်းဝေးကျောင်းနှင့် ဗိမာန်တော်၌ အစဉ်အမြဲသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပေ။
ထိုပွဲတော်၏ကြီးမြတ်သောနေ့ဖြစ်သည့် နောက်ဆုံးနေ့၌ ယေရှုသည်ရပ်လျက်“မည်သူမဆို ရေငတ်လျှင် ငါ့ထံသို့လာ၍ သောက်လော့။
တစ်ဖန် ယေရှုသည် လူတို့အားမြွက်ဆိုတော်မူ၍“ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မည်သည့်အခါမျှ မှောင်မိုက်၌သွားလာခြင်းမရှိဘဲ အသက်၏အလင်းကိုရရှိမည်”ဟု မိန့်တော်မူ၏။
အရုဏ်တက်ချိန်၌ ဗိမာန်တော်သို့ နောက်တစ်ဖန်ကြွတော်မူရာ လူအပေါင်းတို့သည် အထံတော်သို့ရောက်လာကြသဖြင့် ကိုယ်တော်သည် ထိုင်၍သူတို့အား သွန်သင်တော်မူ၏။