ယေရမိ 52:7 - မြန်မာ့စံမီသမ္မာကျမ်း
နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားသဖြင့် စစ်သူရဲအပေါင်းတို့ ထွက်ပြေးကြ၏။ ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း စစ်သူရဲတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
အခန်းကိုကြည့်ပါ။
ထိုအခါမြို့ရိုးများသည်ကျိုးပေါက်၍သွား တော့၏။ မြို့ကိုဗာဗုလုန်အမျိုးသားတို့ဝိုင်းရံ လျက်ထားသော်လည်း စစ်သည်တပ်သားအပေါင်း သည်ညဥ့်အခါတွင်ထွက်ပြေးရန်ကြိုးစားကြ ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်အတိုင်း သွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြားရှိတံခါး ပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်းဘက်သို့ပြေး ကြ၏။-
အခန်းကိုကြည့်ပါ။
ဘု ရင် မင်း နှင့် တ ကွ စစ် သား အ ပေါင်း တို့ သည်၊ ဥ ယျာဉ် တော် အ နီး၊ မြို့ ရိုး နှစ် ထပ် ကြား မ လွယ် တံ ခါး ဖြင့်၊ မြို့ တွင်း မှ ထွက်၍၊ အာ ရာ ဗာ ချိုင့် လမ်း သို့ ပြေး သွား ကြ ရာ၊
အခန်းကိုကြည့်ပါ။
ခါလဒဲလူတို့သည် မြို့ရိုးကို ဖြိုဖောက်၍၊ မြို့ကိုလည်းဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့သည် ညအခါပြေး၍၊ မြို့ရိုးနှစ်ထပ်စပ်ကြား၊ ဥယျာဉ်တော်နားတံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။
အခန်းကိုကြည့်ပါ။