ထာဝရဘုရား၏အိမ်တော်၌ ရှောလမုန်မင်းကြီးပြုလုပ်ထားသော တိုင်နှစ်တိုင်၊ ရေကန်တစ်ကန်၊ ရေကန်အောက်၌ရှိသောကြေးနီနွားရုပ်တစ်ဆယ့်နှစ်ရုပ်နှင့် တွန်းလှည်းများ စသည့် ကြေးနီတန်ဆာပလာအားလုံး၏အလေးချိန်မှာ ချိန်တွယ်၍ပင်မရနိုင်ချေ။
ဗိမာန်တော်အတွက်ရှောလမုန်မင်းပြု လုပ်ခဲ့သောကြေးဝါပစ္စည်းများဖြစ်သည့် တိုင်ကြီးနှစ်လုံး၊ အောက်ခံခုံများ၊ ရေကန် ကြီးနှင့်အောက်ခံနွားရုပ်တစ်ဆယ့်နှစ်ခု တို့သည်ချိန်တွယ်၍မရအောင်ပင်လေးလံ ပေသည်။-
ဗိ မာန် တော် အ ဖို့ ရှော လ မုန် မင်း လုပ် ခဲ့ သော တိုင် နှစ် တိုင်၊ ရေ ကန် တစ် ကန်၊ ကြေး နွား ရုပ် ဆယ့် နှစ် ကောင်၊ အောက် ခံ များ ၏ ကြေး ကို ကား၊ မ ချိန် မ တွယ် နိုင် ချေ။
ဗိမာန်တော်၌ ရှောလမုန်မင်းကြီး လုပ်သောတိုင်နှစ်တိုင်၊ ရေကန်တစ်ခု၊ ရေကန်ခံစရာ အခြေအမြစ် ကြေးဝါနွား တစ်ဆယ်နှစ်ခု၌ပါသောကြေးဝါသည် အချိန်အားဖြင့် အတိုင်းမသိများ၏။
ထိုရေကန်သည် နွားရုပ်တစ်ဆယ့်နှစ်ကောင်ပေါ်တွင် တည်ထား၏။ နွားရုပ်တို့မှာ မြောက်ဘက်သို့ သုံးကောင်၊ အနောက်ဘက်သို့ သုံးကောင်၊ တောင်ဘက်သို့ သုံးကောင်၊ အရှေ့ဘက်သို့ သုံးကောင် မျက်နှာမူထား၏။ နွားရုပ်တို့အပေါ်တွင် ရေကန်ရှိ၍ ထိုနွားရုပ်အားလုံး အတွင်းဘက်ကို ကျောခိုင်းထား၏။
ထိုအသုံးအဆောင်ပစ္စည်းတို့သည် အလွန့်အလွန်များပြားလွန်းသဖြင့် ရှောလမုန်မင်းကြီးသည် ချိန်တွယ်မနေတော့ဘဲ ဤအတိုင်းထားလေ၏။ ထို့ကြောင့် ကြေးနီအလေးချိန် မည်မျှရှိသည်ကို မသိရချေ။
ထာဝရဘုရား၏အိမ်တော်၌ ရှောလမုန်မင်းကြီးပြုလုပ်ထားသော တိုင်နှစ်တိုင်၊ ရေကန်တစ်ကန်နှင့် တွန်းလှည်းများစသည့် ကြေးနီတန်ဆာပလာအားလုံး၏အလေးချိန်မှာ ချိန်တွယ်၍ပင်မရနိုင်ချေ။
ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေတာလန်တစ်သိန်း၊ ငွေတာလန်တစ်သန်း၊ မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီ၊ သံ၊ သစ်၊ ကျောက်များကို အပင်ပန်းခံပြီး ငါပြင်ဆင်ပေးခဲ့ပြီ။ သင်သည်လည်း ထပ်ဖြည့်နိုင်၏။
ရှောလမုန်မင်းကြီးသည် များပြားလှသောအသုံးအဆောင်များကို သွန်းလုပ်သည်ဖြစ်၍ ကြေးနီအလေးချိန် မည်မျှရှိသည်ကိုပင် မသိရချေ။
ခါလဒဲစစ်သည်တို့သည် ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီတိုင်များ၊ ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီရေကန်နှင့်တွန်းလှည်း တို့ကိုချိုးဖဲ့၍ ကြေးနီရှိသမျှကို ဘေဘီလုံမြို့သို့ ယူဆောင်သွားကြ၏။