Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 52:20 - Common Language Bible

20 ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု လုပ်​ခဲ့​သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့် တိုင်​ကြီး​နှစ်​လုံး၊ အောက်​ခံ​ခုံ​များ၊ ရေ​ကန် ကြီး​နှင့်​အောက်​ခံ​နွား​ရုပ်​တစ်​ဆယ့်​နှစ်​ခု တို့​သည်​ချိန်​တွယ်​၍​မ​ရ​အောင်​ပင်​လေး​လံ ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ဗိ မာန် တော် အ ဖို့ ရှော လ မုန် မင်း လုပ် ခဲ့ သော တိုင် နှစ် တိုင်၊ ရေ ကန် တစ် ကန်၊ ကြေး နွား ရုပ် ဆယ့် နှစ် ကောင်၊ အောက် ခံ များ ၏ ကြေး ကို ကား၊ မ ချိန် မ တွယ် နိုင် ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ဗိ​မာန်​တော်၌ ရှော​လ​မုန်​မင်း​ကြီး လုပ်​သော​တိုင်​နှစ်​တိုင်၊ ရေ​ကန်​တစ်​ခု၊ ရေ​ကန်​ခံ​စ​ရာ အ​ခြေ​အ​မြစ် ကြေး​ဝါ​နွား တစ်​ဆယ်​နှစ်​ခု၌​ပါ​သော​ကြေး​ဝါ​သည် အ​ချိန်​အား​ဖြင့် အ​တိုင်း​မ​သိ​များ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထာဝရဘုရား​၏​အိမ်​တော်​၌ ရှောလမုန်​မင်းကြီး​ပြုလုပ်​ထား​သော တိုင်​နှစ်​တိုင်​၊ ရေကန်​တစ်​ကန်​၊ ရေကန်​အောက်​၌​ရှိ​သော​ကြေးနီ​နွားရုပ်​တစ်ဆယ့်​နှစ်​ရုပ်​နှင့် တွန်းလှည်း​များ စသည့် ကြေးနီ​တန်ဆာပလာ​အားလုံး​၏​အလေးချိန်​မှာ ချိန်တွယ်​၍​ပင်​မ​ရ​နိုင်​ချေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 52:20
6 ပူးပေါင်းရင်းမြစ်များ  

ထို​ပစ္စည်း​တန်​ဆာ​တို့​သည်​အ​လွန်​များ​သော ကြောင့်​မ​ချိန်​တွယ်​ဘဲ​ထား​၏။ ထို့​ကြောင့်​ယင်း တို့​၏​အ​လေး​ချိန်​ကို​မ​သိ​နိုင်။


ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု​လုပ်​ခဲ့ သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့်​တိုင်​ကြီး​နှစ်​လုံး၊ လှည်း​များ​နှင့်​ရေ​စည်​ကြီး​တို့​သည်​ချိန်​တွယ်​၍ မ​ရ​အောင်​ပင်​လေး​လံ​ပေ​သည်။-


ပြု​လုပ်​ရ​သော​ပစ္စည်း​အ​ရေ​အ​တွက်​မှာ​များ ပြား​လှ​သ​ဖြင့် ကုန်​ကျ​သည့်​ကြေး​ဝါ​အ​လေး ချိန်​ကို​အ​ဘယ်​သူ​မျှ​မ​သိ​ချေ။


ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ရွှေ​တန်​ချိန်​လေး​ထောင်​ခန့်​ကို​လည်း​ကောင်း၊ ငွေ​တန်​ချိန်​လေး​သောင်း​နီး​ပါး​မျှ​ကို​လည်း ကောင်း​ကြိုး​စား​၍​စု​ဆောင်း​ထား​ခဲ့​၏။ ထို​မှ တစ်​ပါး​လည်း​အ​ချိန်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော​ကြေး​ဝါ​နှင့်​သံ​များ​လည်း ငါ့​မှာ​ရှိ​၏။ သစ်​များ၊ ကျောက်​များ​လည်း အ​ဆင်​သင့်​ရှိ​၏။ သို့​ရာ​တွင်​သင်​သည် ထပ်​မံ​၍​စု​ဆောင်း​ရ​လိမ့်​ဦး​မည်။-


ရေ​ကန်​ကို​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင်​ကျ အ​ပြင်​သို့​မျက်​နှာ​မူ​လျက်​နေ​သည့်​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ပေါ်​တွင် တင်​ထား​၏။-


ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ဗိ​မာန်​တော် ထဲ​ရှိ​ကြေး​ဝါ​တိုင်​ကြီး​များ၊ ကြေး​ဝါ​အောက် ခံ​ခုံ​များ​နှင့်​ကြေး​ဝါ​ရေ​ကန်​ကြီး​ကို​အ​စိတ် စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖဲ့​ပြီး​လျှင် ကြေး​ဝါ​မှန် သ​မျှ​ကို​ဗာ​ဗု​လုန်​ပြည်​သို့​ယူ​ဆောင်​သွား ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ