နေသနိ၏သားဣရှမေလမူကား လူရှစ်ယောက်နှင့်အတူ ယောဟနန်ထံမှ အမ္မုန်အမျိုးသားတို့ပြည်သို့ ထွက်ပြေးလွတ်မြောက်သွား၏။
သို့ရာတွင်ဣရှမေလနှင့် သူ၏လူရှစ်ယောက်တို့ မူကား ယောဟနန်ထံမှတိမ်းရှောင်ကာအမ္မုန် ပြည်သို့လွတ်မြောက်သွားကြ၏။
နာ သ နိ သား ဣ ရှ မေ လ မူ ကား၊ သူ ရဲ ရှစ် ယောက် တို့ ပါ၊ ယော ဟ နန် လက် မှ လွတ် မြောက် လျက်၊ အ မ္မုန် အ မျိုး သား တို့ ပြည် သို့ သွား ရောက် လေ ၏။
နာသနိသား ဣရှမေလသည် လူရှစ်ယောက်နှင့် တကွ၊ ယောဟနန်လက်မှ လွတ်ပြေး၍၊ အမ္မုန်အမျိုးသားတို့ထံသို့ သွားလေ၏။
ရန်သူတို့နှင့် တစ်ယောက်လျှင်တစ်ယောက်ချင်း တိုက်ခိုက်ကြရာ ဆီးရီးယားတပ်သားတို့ ထွက်ပြေးကြသဖြင့် အစ္စရေးတပ်သားတို့သည် သူတို့ကို လိုက်လံတိုက်ခိုက်ကြ၏။ ထိုစဉ် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မြင်းစီးသူရဲတို့နှင့်အတူ မြင်းစီးပြီးထွက်ပြေးလွတ်မြောက်သွား၏။
သတ္တမလတွင် တော်ဝင်မင်းမျိုးမင်းနွယ်ဖြစ်သော ဧလိရှမာ၏မြေး၊ နေသနိ၏သားဣရှမေလသည် လူဆယ်ယောက်နှင့်အတူ မိဇပါမြို့သို့လာ၏။ သူတို့သည် ဂေဒလိအပါအဝင် ဂေဒလိနှင့်အတူနေသော ဂျူးလူမျိုးများနှင့် ခါလဒဲလူမျိုးများကိုပါ မိဇပါမြို့တွင် တိုက်ခိုက်သတ်ဖြတ်လေ၏။
အကယ်စင်စစ် ဘေးဒုက္ခရောက်သောနေ့တွင် မကောင်းမှုပြုသောသူသည် လွတ်မြောက်ရတတ်၏။ အမျက်တော်နေ့တွင် ကယ်တင်ခံရတတ်၏။
လူ့အသက်သတ်ခြင်းအပြစ်ဝန်ကို ထမ်းသောသူသည် သေတွင်းထဲရောက်သည့်တိုင်အောင် ထွက်ပြေးတိမ်းရှောင်နေရလိမ့်မည်။ မည်သူမျှသူ့ကိုမထောက်မစေနှင့်။
မိဇပါမြို့မှ ဣရှမေလဖမ်းဆီးခေါ်ဆောင်ခဲ့သော လူအားလုံးတို့သည် ကာရာ၏သားယောဟနန်ဘက်သို့ ပြန်ခိုဝင်လာကြလေ၏။
နေသနိ၏သားဣရှမေလနှင့် သူနှင့်အတူပါလာသောလူဆယ်ယောက်တို့သည် ပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကို ထ၍ဓားဖြင့်ခုတ်သတ်လေ၏။
ကျွန်းသားတို့သည် သူ၏လက်မှတွဲလဲကျနေသော သတ္တဝါကိုမြင်သောအခါ “ဤသူသည် အမှန်ပင် လူသတ်သမားဖြစ်တန်ရာ၏။ သူသည် ပင်လယ်ဘေးမှလွတ်ခဲ့သော်လည်း မျှတမှုနတ်ဘုရားမက သူ့ကို အသက်ရှင်ခွင့်မပေး”ဟု အချင်းချင်းပြောဆိုကြ၏။
ဒါဝိဒ်သည် မှောင်ရီပျိုးချိန်မှစ၍ နောက်တစ်နေ့ နေဝင်ချိန်ထိ ထိုသူတို့ကို တိုက်ခိုက်ရာ ကုလားအုတ်စီး၍ ထွက်ပြေးသွားသောလူငယ်လေးရာမှလွဲ၍ ကျန်တစ်ဦးတစ်ယောက်မျှ မလွတ်ပေ။