“အကယ်စင်စစ် ငါ့လူမျိုးတော်သည် မကောင်းမှုနှစ်မျိုးကို ပြုကြပြီ။ သက်စမ်းရေတွင်းဖြစ်သည့် ငါ့ကိုစွန့်ပယ်ကြပြီ။ ရေကန်များကိုတူးကြပြီ။ ထိုရေကန်တို့သည် ကွဲအက်သဖြင့် ရေလှောင်၍မရ။
ငါ၏လူမျိုးတော်သည်အသက်စမ်းရေတည်းဟူသော ငါ့အားစွန့်ပစ်၍ရေမလုံ၊ကွဲအက်လျက်ရှိသည့်၊ ရေလှောင်ကန်များကိုတူးကြသည်ဖြစ်၍ အပြစ်ဒုစရိုက်နှစ်ပါးကိုကူးလွန်ကြလေပြီ။
ငါ့ လူ မျိုး တော် သည်၊ စမ်း တွင်း ဖြစ် သော ငါ့ ကို စွန့် ပယ် သည့် အ မှု၊ ရေ မ လုံ သော ကန်၊ ပေါက် ပျက် သော ကန် များ ကို တူး ဖော် သည့် အ မှု၌၊ အ ပြစ် နှစ် မျိုး ကို ပြု ခဲ့ ကြ လေ စွ။
ငါ၏လူတို့သည် အသက်စမ်းရေတွင်းတည်းဟူသော၊ ငါ့ကိုစွန့်ပစ်၍၊ ရေမလုံ၊ ပဲ့ပျက်သောရေကျင်းတို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကို ပြုကြပြီ။
အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး အခြားဘုရားအများတို့ထံ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက် သူတို့လက်နှင့်လုပ်သောအရာများဖြင့် ငါ့ကို အမျက်ထွက်စေကြ၏။ ထို့ကြောင့် ဤမြို့၌ ငါ့အမျက်မီး တောက်လောင်၍ ငြိမ်းလိမ့်မည်မဟုတ်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
အကြောင်းမူကား ကိုယ်တော့်ထံ၌အသက်စမ်းရေတွင်းရှိပါ၏။ ကိုယ်တော်၏အလင်းတော်ထဲ၌ အကျွန်ုပ်တို့သည် အလင်းကိုမြင်ရကြပါ၏။
နေအောက်တွင်ပြုသမျှသောအမှုအားလုံးကို ငါမြင်၏။ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
အချည်းနှီး၊ အချည်းနှီးဟု ဒေသနာဆရာဆို၏။ အချည်းနှီး၊ အချည်းနှီး၊ ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်ကြ၏။
အချည်းနှီး၊ အချည်းနှီး၊ ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်ကြ၏ဟု ဒေသနာဆရာဆို၏။
သို့သော် ငါ့လက်ဖြင့်ပြုခဲ့သောအမှုအားလုံးတို့ကိုလည်းကောင်း၊ ထိုအမှုတို့ကိုပြုလုပ်ရန် ငါကြိုးပမ်းအားထုတ်ခဲ့သည့် ငါ၏ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း ငါပြန်၍ဆန်းစစ်သောအခါ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ နေအောက်တွင် အကျိုးဖြစ်စေသောအရာတစ်စုံတစ်ခုမျှမရှိ။
အကြောင်းမူကား ဉာဏ်ပညာ၊ အသိပညာနှင့် ကျွမ်းကျင်မှုတို့ဖြင့် ကြိုးပမ်းအားထုတ်သောသူရှိသော်လည်း ထိုသူသည် မိမိ၏ဝေစုကို ကြိုးပမ်းအားထုတ်မှုမရှိသောသူအား ပေးအပ်ရမည်ဖြစ်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး အလွန်ငြီးငွေ့ဖွယ်ကောင်းသောအမှုဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
တစ်ဖန် ကြိုးပမ်းအားထုတ်မှုအားလုံးနှင့် ကျွမ်းကျင်စွာပြုသောအမှုအားလုံးတို့သည် လူအချင်းချင်းတို့၏မနာလိုဝန်တိုမှုကြောင့်သာဖြစ်ကြောင်း ငါတွေ့မြင်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
နွားသည် မိမိပိုင်ရှင်ကိုသိ၏။ မြည်းသည်လည်း သခင်ကျွေးသောစားခွက်ကိုသိ၏။ သို့သော် အစ္စရေးလူမျိုးသည် မသိ။ ငါ၏လူမျိုးတော်သည် နားမလည်ပါတကား”ဟု မိန့်တော်မူ၏။
အပြစ်ပြုသောလူမျိုး၊ အပြစ်ကြီးလေးသောလူစု၊ ဆိုးညစ်သောသူတို့၏အမျိုးအနွယ်၊ ဖောက်ပြန်သောသားသမီးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ထာဝရဘုရားကိုစွန့်ပယ်သွားကြပြီ။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကို မထီလေးစားပြု၍ ကျောခိုင်းသွားကြပြီ။
သင်တို့သည် ကယ်တင်ခြင်းစမ်းရေတွင်းများမှရေကို ဝမ်းမြောက်စွာ ခပ်ယူကြလိမ့်မည်။
ငါ၏လူမျိုးတော်သည် ထိုသို့ အသိပညာမဲ့သဖြင့် ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်။ ဂုဏ်သရေရှိသောသူတို့သည် ငတ်မွတ်သောသူဖြစ်ကြလိမ့်မည်။ လူအလုံးအရင်းသည် ရေငတ်၍ သေကြရလိမ့်မည်။
အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။
ကိုယ်တော်က “စင်စစ် သူတို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ သူတို့သည် သစ္စာမပျက်သောသားသမီးများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည်လည်း သူတို့၏ကယ်တင်ရှင်ဖြစ်တော်မူ၏။
ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်လျက် မိမိတို့လက်ဖြင့်လုပ်သောအရာများကို ရှိခိုးကိုးကွယ်သောကြောင့် ငါသည် သူတို့၏မကောင်းမှုအားလုံးအတွက် တရားစီရင်ချက်ကို ချမှတ်ကြေညာမည်”ဟု မိန့်တော်မူ၏။
မှူးမတ်တို့က ငယ်သားများအား ရေခပ်စေ၍ သူတို့သည် ရေတွင်းသို့ရောက်သောအခါ ရေမတွေ့ရလျှင် စိတ်ပျက်လျက် ရှက်ရှက်နှင့် မျက်နှာဖုံးလျက် အိုးချည်းသက်သက်ဖြင့် ပြန်လာကြရ၏။
တစ်ဖန် ထာဝရဘုရားက “သင်သည် ငါ့ကို ပစ်ပယ်လေပြီ။ ငါ့ကို ကျောခိုင်းသွားလေပြီ။ ထို့ကြောင့် ငါသည် လက်ကိုဆန့်၍ သင့်ကို ဖျက်ဆီးမည်။ သင့်ကို သက်ညှာရသည်မှာ ငါပင်ပန်းလှပြီ။
အစ္စရေးလူမျိုး၏မျှော်လင့်ရာဖြစ်တော်မူသောထာဝရဘုရား၊ ကိုယ်တော်ကိုစွန့်ပယ်သောသူရှိသမျှတို့သည် အရှက်ကွဲကြရလိမ့်မည်။ ကိုယ်တော့်ထံမှထွက်သွားသောသူတို့သည် အသက်စမ်းရေဖြစ်သည့်ထာဝရဘုရားကို စွန့်ပယ်ကြသောကြောင့် မြေပေါ်၌သာ စာရင်းဝင်ကြလိမ့်မည်။
လက်ဘနွန်တောင်နှင်းပွင့်သည် ကျောက်တောင်စောင်းကို စွန့်သွားတတ်သလော။ အဝေးမှစီးဆင်းလာသည့် အေးမြသောရေသည် ခန်းခြောက်သွားတတ်သလော။
အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပယ်၍ ဤအရပ်ကို ညစ်ညမ်းစေပြီ။ သူတို့ကိုယ်တိုင်မသိ၊ ယုဒဘုရင်တို့လည်းမသိ၊ သူတို့၏ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ကြပြီ။ ဤအရပ်ကိုလည်း အပြစ်မဲ့သောသူတို့အားသတ်သောအပြစ်နှင့်ပြည့်စေပြီ။
လူမျိုးခြားတို့သည် ဘုရားမဟုတ်သော သူတို့၏ဘုရားများကိုပင် အလဲအလှယ်ပြုဖူးကြသလော။ ငါ့လူမျိုးတို့မူကား မိမိတို့၏ဘုန်းအသရေကို အကျိုးမပေးသောအရာနှင့် အလဲအလှယ်ပြုကြလေပြီ။
သင့်ကို လမ်းခရီး၌ ပို့ဆောင်ခဲ့စဉ်က သင်၏ဘုရားသခင်ထာဝရဘုရားကို သင်စွန့်ပယ်သောကြောင့် သင်၌ ဤသို့ ဖြစ်ရသည်မဟုတ်လော။
အစ္စရေးလူမျိုး၏ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် ဖမ်းမိသောသူခိုးအရှက်ကွဲသကဲ့သို့ အရှက်ကွဲရလိမ့်မည်။
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
‘ငါ့လူမျိုးတော်တွင် ဆိုးယုတ်သောသူများကို တွေ့ရ၏။ သူတို့သည် ဝပ်လျက်ချောင်းမြောင်းနေသောငှက်မုဆိုးကဲ့သို့ ချောင်းမြောင်းတတ်ကြ၏။ လူတို့ကိုဖမ်းဆီးရန် ထောင်ချောက်ဆင်တတ်ကြ၏။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
ရုပ်တုများကြောင့် ငါနှင့်ဝေးကွာသွားသော အစ္စရေးလူမျိုးအပေါင်းတို့၏နှလုံးသားကို ငါပြန်လည်ဆွဲယူမည်ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
ထိုသူသည် ငါ့အား အိမ်တော်ဝင်ပေါက်သို့ ပြန်လည်ခေါ်ဆောင်လာရာ အိမ်တော်တံခါးခုံအောက်မှ အိမ်တော်မျက်နှာမူရာအရှေ့ဘက်သို့ ရေစီးထွက်သွားသည်ကို တွေ့ရ၏။ ထိုရေတို့သည် အိမ်တော်လက်ယာဘက်အောက်၊ ယဇ်ပလ္လင်တော်တောင်ဘက်မှ စီးဆင်းသွား၏။
သို့သော် ယခုမူ ငါ့လူမျိုးတော်သည် ရန်သူကဲ့သို့ ထကြွကြပြီ။ သင်တို့သည် စစ်တိုက်ရာမှ ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာသူတို့၏အဝတ်တန်ဆာတို့ကို ချွတ်ယူကြပြီ။
အို ငါ့လူမျိုးတော်၊ သင့်ကို ငါမည်သို့ပြုမိခဲ့သနည်း။ သင့်ကို ငါမည်သို့ စိတ်ပင်ပန်းစေခဲ့သနည်း။ ပြောပါလော့။
ထိုနေ့ရက်တွင် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့ အပြစ်နှင့်မစင်ကြယ်မှုများကို ဆေးကြောရန် စမ်းရေတွင်းတစ်ခု ပေါ်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ပြောဆိုနေသူမှာ မည်သူဖြစ်သည်ကိုလည်းကောင်း သင်သိခဲ့လျှင် သင်ကသာ သူ့ကိုတောင်း၍ သူသည် သင့်အား အသက်ရေကိုပေးခဲ့လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ထိုအမျိုးသမီးက “အရှင်၊ အရှင့်မှာရေခပ်စရာတစ်စုံတစ်ခုမျှမရှိ။ ဤရေတွင်းလည်းနက်သည်ဖြစ်၍ ထိုအသက်ရေကို အဘယ်ကရပါမည်နည်း။
ငါပေးမည့်ရေကိုသောက်သောသူမူကား ကာလအစဉ်အဆက် မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။ ထိုထက်မက ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်တိုင်အောင် ရေပန်းထွက်ရာ စမ်းရေပေါက်ဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ထိုပွဲတော်၏ကြီးမြတ်သောနေ့ဖြစ်သည့် နောက်ဆုံးနေ့၌ ယေရှုသည်ရပ်လျက်“မည်သူမဆို ရေငတ်လျှင် ငါ့ထံသို့လာ၍ သောက်လော့။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
ထိုသူတို့သည် ခန်းခြောက်သောစမ်းရေတွင်းများ၊ မုန်တိုင်းဖြင့်လွင့်ပါသွားသည့်မိုးတိမ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထိန်းသိမ်းထားလျက်ရှိ၏။
တစ်ဖန် “အမှုပြီးမြောက်ပြီ။ ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏။ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ငါပေးမည်။
ထို့နောက် ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ကြည်လင်တောက်ပသော အသက်ရေစီးရာမြစ်ကို ငါ့အားပြလေ၏။ ထိုမြစ်သည် ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်မှ ထွက်၍
ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။
သို့သော် သင်တို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများကို ဝတ်ပြုကြ၏။ ထို့ကြောင့် ငါသည် သင်တို့ကို ကယ်တင်တော့မည်မဟုတ်။
ထိုအခါ သူတို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ပြစ်မှားမိပါပြီ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍ ဗာလဘုရားများနှင့် အာရှတရက်ဘုရားများကိုဝတ်ပြုကြပါ၏။ သို့သော် ယခု အကျွန်ုပ်တို့ကို ရန်သူတို့လက်မှ ကယ်နုတ်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုဝတ်ပြုကြပါမည်’ဟု ထာဝရဘုရားထံ အော်ဟစ်ကြ၏။