သန့်ရှင်းသောမြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်ငါးထောင်ကို မြို့ပိုင်မြေအဖြစ် ပေးရမည်။ ထိုမြေသည် အစ္စရေးတစ်မျိုးနွယ်လုံးအဖို့ ဖြစ်ရမည်။
ယေဇကျေလ 48:19 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးမျိုးနွယ်အပေါင်းတို့ထဲမှ မြို့၌အလုပ်လုပ်သောသူတို့သည် ထိုမြေကိုထွန်ယက်လုပ်ကိုင်ကြလိမ့်မည်။ Common Language Bible ထိုမြို့တွင်နေထိုင်သောအဘယ်အနွယ်ဝင်များပင်ဖြစ်စေကာမူထိုမြေယာတွင်ထွန်ယက်စိုက်ပျိုးနိုင်ကြ၏။- Judson Bible မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်းထဲက ရွေးကောက်ရမည်။ |
သန့်ရှင်းသောမြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်ငါးထောင်ကို မြို့ပိုင်မြေအဖြစ် ပေးရမည်။ ထိုမြေသည် အစ္စရေးတစ်မျိုးနွယ်လုံးအဖို့ ဖြစ်ရမည်။
အလှူမြေနှင့်ကပ်လျက်ရှိသော ကျန်မြေ၏အလျားသည် အရှေ့ဘက်တွင် အတောင်တစ်သောင်း၊ အနောက်ဘက်တွင် အတောင်တစ်သောင်း ရှိရမည်။ ထိုမြေသည် သန့်ရှင်းသောအလှူမြေနှင့်ကပ်လျက်ရှိ၍ ထိုမြေမှထွက်သောအသီးအနှံသည် မြို့၌အလုပ်လုပ်သူတို့ စားဖို့ဖြစ်ရမည်။
အလှူမြေတစ်ခုလုံးသည် စတုရန်းပုံရှိ၍ အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်နှစ်သောင်းငါးထောင် ရှိရမည်။ သန့်ရှင်းသောအလှူမြေနှင့်အတူ မြို့ပိုင်မြေကိုပါ ပေးလှူရမည်။