Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 48:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 အလှူမြေ​နှင့်​ကပ်​လျက်​ရှိ​သော ကျန်​မြေ​၏​အလျား​သည် အရှေ့ဘက်​တွင် အတောင်​တစ်သောင်း​၊ အနောက်ဘက်​တွင် အတောင်​တစ်သောင်း ရှိ​ရ​မည်​။ ထို​မြေ​သည် သန့်ရှင်း​သော​အလှူမြေ​နှင့်​ကပ်​လျက်​ရှိ​၍ ထို​မြေ​မှ​ထွက်​သော​အသီးအနှံ​သည် မြို့​၌​အလုပ်လုပ်​သူ​တို့ စား​ဖို့​ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 မြို့​ကို​တည်​ပြီး​နောက်​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​၏​တောင်​ဘက်​တွင်​ကပ်​လျက်​နေ​သော​မြေ​ယာ​မှာ​အ​ရှေ့​ဘက်​တွင်​အ​လျား​သုံး​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​မြေ​နှင့်​အ​နောက်​ဘက်​တွင်​အ​လျား​သုံး​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​မြေ​တို့​သည်​မြို့​သူ​မြို့​သား​တို့​ထွန်​ယက်​စိုက်​ပျိုး​ရန်​အ​တွက်​ဖြစ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18-19 မြို့ တော့် အ ရှေ့ အ နောက်၌။ သီး သန့် သော ဝ တ္ထု ကံ မြေ စပ် တ လျှောက်၊ ကျန် သေး သော အ တောင် တ သောင်း စီ မြေ ကို။ မြို့ တော် တွင် ဣ သ ရေ လ တစ် ဆယ့် နှစ် နွယ် ဝင် လုပ် သား တို့ သည်။ ခြံ လုပ်၍ အ သီး အ နှံ ကို သုံး စား ခွင့် ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 သန့်​ရှင်း​သော မြေ​အ​နား​မှာ အ​လျား၌ ကြွင်း​သေး​သော အ​ရှေ့​ဘက်၌ တစ်​သောင်း၊ အ​နောက်​ဘက်၌ တစ်​သောင်း ကျယ်​သော​မြေ၌​ဖြစ်​သော အ​သီး​အ​နှံ​သည်၊ မြို့​အ​မှု​ကို စောင့်​သော​သူ​တို့ စား​စ​ရာ​ဖို့​ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 48:18
6 ပူးပေါင်းရင်းမြစ်များ  

သန့်ရှင်း​သော​မြေ​နှင့်​ကပ်​လျက် အလျား​အတောင်​နှစ်သောင်းငါးထောင်​၊ အနံ​အတောင်​ငါး​ထောင်​ကို မြို့​ပိုင်မြေ​အဖြစ် ပေး​ရ​မည်​။ ထို​မြေ​သည် အစ္စရေး​တစ်မျိုးနွယ်လုံး​အဖို့ ဖြစ်​ရ​မည်​။


မြို့​၏​စားကျက်မြေ​မှာ မြောက်ဘက်​တွင် အတောင်​နှစ်ရာ့​ငါးဆယ်​၊ တောင်ဘက်​တွင် အတောင်​နှစ်ရာ့​ငါးဆယ်​၊ အရှေ့ဘက်​တွင် အတောင်​နှစ်ရာ့​ငါးဆယ်​၊ အနောက်ဘက်​တွင် အတောင်​နှစ်ရာ့​ငါးဆယ် ရှိ​ရ​မည်​။


အစ္စရေး​မျိုးနွယ်​အပေါင်း​တို့​ထဲမှ မြို့​၌​အလုပ်လုပ်​သော​သူ​တို့​သည် ထို​မြေ​ကို​ထွန်ယက်​လုပ်ကိုင်​ကြ​လိမ့်မည်​။


ထို​နေ့​၌ပင် သူ​တို့​ကို ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​အရပ်​၌​တည်​သော​ယဇ်ပလ္လင်​နှင့် အစ္စရေး​လူထု​အတွက် ထင်း​ခွေ​၊ ရေ​ခပ်​သော​သူ​များ​အဖြစ် ယောရှု​စီရင်​ပေး​ထား​၍ ယနေ့​တိုင်အောင် ထို​အမှု​ကို သူ​တို့​ပြု​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ