ဒုတိယနေ့တွင် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသော ဆိတ်ထီးကလေးတစ်ကောင်ကို ပူဇော်ရမည်။ သူတို့သည် ယဇ်ပလ္လင်ကို နွားထီးအသွေးဖြင့် စင်ကြယ်စေသကဲ့သို့ ဆိတ်ထီးအသွေးအားဖြင့်လည်း စင်ကြယ်စေရမည်။
နောက်တစ်နေ့၌အပြစ်အနာအဆာကင်း သည့်ဆိတ်ထီးတစ်ကောင်ကိုယူ၍အပြစ် ဖြေရာယဇ်အဖြစ်ဖြင့်ပူဇော်ရမည်။-
ဒု တိ ယ နေ့ ရက်၌ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ်၊ ကြန် အင် စုံ သော ဆိတ် ထီး တစ် ကောင် ကို၊ သင် ဆက် ကပ်၍၊ နွား ပေါက် ဖြင့် ပ လ္လင် တော် ကို စင် ကြယ် ကြ စေ သည့် နည်း တူ၊ စင် ကြယ် စေ။
ဒုတိယနေ့၌လည်း အပြစ်မရှိသော ဆိတ်သငယ်ကိုယူ၍၊ အပြစ်ဖြေရာယဇ်ဖို့ ပူဇော်ရမည်။ ယဇ်ပလ္လင်ကို နွားအသွေးနှင့် သန့်ရှင်းစေသကဲ့သို့ ဆိတ်အသွေးနှင့် သန့်ရှင်းစေရမည်။
ထာဝရဘုရားသည် သူ့ကိုချိုးဖဲ့ခြေမွှရန် အလိုတော်ရှိ၏။ သူ့ကိုနာကျင်စေတော်မူ၏။ သူ၏စိတ်ဝိညာဉ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကို ပူဇော်ပြီးလျှင် သူသည် သားစဉ်မြေးဆက်ကိုမြင်ရမည်။ သူ၏နေ့ရက်တို့သည် ရှည်၍ ထာဝရဘုရား၏အလိုတော်သည် သူ၏လက်၌ ပြည့်စုံခြင်းသို့ရောက်မည်။
ငါတို့ရှိသမျှသည် လမ်းလွဲသောသိုးကဲ့သို့ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ငါတို့၏အပြစ်ရှိသမျှကို သူ့အပေါ်ကျရောက်စေတော်မူ၏။
‘နွားထီးပျို၏သွေးအချို့ကိုယူ၍ ယဇ်ပလ္လင်၏ချိုလေးခု၊ အဆင့်၏ထောင့်လေးထောင့်နှင့် အကွပ်ပတ်လည်တို့၌ သုတ်လိမ်းရမည်။ ဤသို့ဖြင့် ယဇ်ပလ္လင်ကို စင်ကြယ်စေရမည်။ ယဇ်ပလ္လင်အဖို့ အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ပထမလ၊ ပထမရက်တွင် အပြစ်အနာအဆာကင်းသော နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်အောင်ပြုရမည်။
သူသည် သိုးဆိတ်များထဲမှ သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ မီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။
ထို့နောက် ထာဝရဘုရားရှေ့တော်ရှိ ယဇ်ပလ္လင်သို့ ထွက်လာ၍ ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ နွားထီး၏သွေးအချို့နှင့် ဆိတ်သငယ်၏သွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ပတ်လည်ရှိချိုများကို သုတ်လိမ်းရမည်။
သူကျူးလွန်မိသောအပြစ်ကို တစ်စုံတစ်ယောက်က သူ့အား ဖော်ပြလျှင် အပြစ်အနာအဆာကင်းသော ဆိတ်သငယ်အထီးတစ်ကောင်ကို ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်၏အဆီကိုရှို့သကဲ့သို့ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ခေါင်းဆောင်၏အပြစ်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။