ထို့နောက် အိမ်တော်နံရံကိုတိုင်းရာထုမှာ ခြောက်တောင်ရှိ၏။ အိမ်တော်နှင့်ကပ်လျက် အိမ်တော်ပတ်ပတ်လည်ရှိ အခန်းငယ်များမှာ တစ်ခန်းလျှင်လေးတောင်စီ အကျယ်ရှိ၏။
ယေဇကျေလ 41:11 - မြန်မာ့စံမီသမ္မာကျမ်း အိမ်တော်အခန်းငယ်များထဲသို့ဝင်ရန် မြောက်ဘက်မြေကွက်လပ်သို့ မျက်နှာမူသော တံခါးပေါက်တစ်ပေါက်၊ တောင်ဘက်မြေကွက်လပ်သို့ မျက်နှာမူသော တံခါးပေါက်တစ်ပေါက်ရှိ၏။ အခန်းပတ်ပတ်လည်ရှိ စင်္ကြံ၏အကျယ်မှာ ငါးတောင်ရှိ၏။ Garrad Bible ကျန် သော သ မံ တ လင်း အ စွန်း သည်၊ အ ကျယ် ငါး တောင် ရှိ လျက်၊ ထို အ စွန်း ပေါ် တွင်၊ မြောက် ဘက်၊ တောင် ဘက် သို့ ပေါက် သော၊ အ ခန်း ငယ် တံ ခါး ဝ များ ရှိ ၏။ Judson Bible ထရံအခန်းတို့သည် ကျန်ကြွင်းသောအရပ်သို့ဖွင့်၍ မြောက်ဘက်သို့လည်းကောင်း၊ တောင်ဘက်သို့လည်းကောင်း မျက်နှာပြုကြ၏။ ကျန်ကြွင်းသောအရပ်သည် ပတ်လည်၌ အနံငါးတောင်ရှိ၏။ |
ထို့နောက် အိမ်တော်နံရံကိုတိုင်းရာထုမှာ ခြောက်တောင်ရှိ၏။ အိမ်တော်နှင့်ကပ်လျက် အိမ်တော်ပတ်ပတ်လည်ရှိ အခန်းငယ်များမှာ တစ်ခန်းလျှင်လေးတောင်စီ အကျယ်ရှိ၏။
အခန်းငယ်များ၏အပြင်ဘက် အုတ်တံတိုင်းအကျယ်မှာ ငါးတောင်ရှိ၏။ အိမ်တော်အခန်းငယ်အပြင်ဘက်တွင် မြေကွက်လပ်တစ်ခုရှိ၏။
အဆောင်ခန်းများ၏မျက်နှာစာတွင် အလျားအတောင်တစ်ရာရှည်၍ အနံဆယ်တောင်ကျယ်သောလမ်းရှိ၏။ အခန်းတံခါးပေါက်များကား မြောက်ဘက်တွင်ရှိ၏။