အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
ယေဇကျေလ 36:34 - မြန်မာ့စံမီသမ္မာကျမ်း ဖြတ်သန်းသွားလာသောသူတို့၏အမြင်တွင် တိတ်ဆိတ်ခြောက်ကပ်၍ လူသူကင်းမဲ့သောမြေကို ထွန်ယက်စိုက်ပျိုးသောမြေ ဖြစ်စေမည်။ Common Language Bible အနီးမှဖြတ်သန်းသွားလာသူတို့မြင် ရသောပေါင်းပင်များထနေသည့်လယ် ယာများကိုတစ်ဖန်ထွန်ယက်စေမည်။- Garrad Bible သီ သွား သ မျှ သော သူ တို့ ရှေ့၊ ဆိတ် ညံ ရာ ရောက် ဖူး သော ပြည် သည်၊ Judson Bible လျှောက်သွားသောသူအပေါင်းတို့၏ မျက်မှောက်၌ စွန့်ပစ်ဖူးသော မြေတွင် တစ်ဖန်လယ်လုပ်ကြလိမ့်မည်။ |
အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် သင်တို့၏ဒုစရိုက်အားလုံးကို စင်ကြယ်စေသောနေ့၌ သင်တို့ကို မြို့များတွင် ပြန်လည်နေထိုင်ခွင့်ပေးမည်။ ပြိုပျက်ရာများကိုလည်း ပြန်လည်ပြုပြင်ခွင့်ပေးမည်။
သူတို့က လူသူကင်းမဲ့ခဲ့သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်လာပြီ။ ဖျက်ဆီးခံရသဖြင့် ဆိတ်ညံ၍ လူသူကင်းမဲ့သောမြို့များသည်လည်း လူနေထိုင်ရာခိုင်ခံ့သောမြို့များဖြစ်လာပြီဟု ပြောဆိုကြလိမ့်မည်။
ငါသည် သင်တို့နှင့်အတူရှိမည်။ သင်တို့ထံ ပြန်လှည့်လာမည်။ သင်တို့ပေါ်တွင် ထွန်ယက်စိုက်ပျိုးမည်။
ငါသည် သင့်ကို ပြိုပျက်ရာ ဖြစ်စေမည်။ သင့်ဝန်းကျင်ရှိ လူမျိုးတကာတို့အလယ်၊ ဖြတ်သန်းသွားလာသူတို့အမြင်တွင် ကဲ့ရဲ့စရာဖြစ်စေမည်။
ငါ့လက်ကိုဆန့်၍ သူတို့ကို ဆန့်ကျင်မည်။ ဒိဗလတ်ကန္တာရမှစ၍ သူတို့နေလေရာအရပ်ရပ်တို့ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာ ဖြစ်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။