ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
ယေဇကျေလ 27:22 - မြန်မာ့စံမီသမ္မာကျမ်း ရှေဘပြည်၊ ရာဂမပြည်မှ ကုန်သည်တို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သင့်ကုန်ပစ္စည်းများကို အကောင်းစားအမွှေးနံ့သာအမျိုးမျိုး၊ အဖိုးတန်ကျောက်အမျိုးမျိုး၊ ရွှေ စသည်တို့နှင့် လဲလှယ်ကြ၏။ Common Language Bible ရှေဘနှင့်ရာဂမမြို့များမှကုန်သည်တို့ သည်သင်၏ကုန်စည်များကိုအကောင်းဆုံး အမွှေးအကြိုင်များ၊ ကျောက်မျက်ရတနာ များနှင့်ရွှေတို့ဖြင့်ဝယ်ယူကြ၏။- Garrad Bible ရှေ ဘ နှင့် ရာ ဂ မ ဖောက် ကား သူ တို့ သည်၊ အ သင်း အ ထုံ အ ထူး၊ ကျောက် မျက် အ မျိုး မျိုး နှင့် ရွှေ ကုန် ကို ထပ် လဲ ကုန် သွယ် သူ များ ဖြစ် ကြ၏။ Judson Bible ရှေဘကုန်သည်၊ ရာဂမကုန်သည်တို့သည် သင်နှင့် ကုန်သွယ်၍ အမြတ်ဆုံးသော နံ့သာမျိုး၊ အဖိုးကြီးသော ကျောက်မျိုး၊ ရွှေမျိုးကို သင့်ဝိုင်း၌ သွင်းကြ၏။ |
ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
ထိုအခါ သူတို့၏ဖခင်အစ္စရေးက သူတို့အား “သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ လိမ်းဆေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ အခွံမာသီး၊ ဗာဒံသီး စသည့် ဤပြည်မှထွက်သော အကောင်းဆုံးအရာတို့ကို သင်တို့အိတ်များ၌ထည့်၍ ထိုသူအဖို့လက်ဆောင်အဖြစ်ယူသွားကြလော့။
ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘနှင့်ဒေဒန် တို့ဖြစ်ကြ၏။
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
သူသည် သက်တော်ရှည်ပါစေသော။ လူတို့သည် ရှေဘရွှေကို သူ့အားဆက်သ၍ သူ့အတွက် အစဉ်မပြတ်ဆုတောင်းပေးကာ သူ့ကိုတစ်နေ့လုံးကောင်းချီးပေးကြပါစေသော။
မိဒျန်ပြည်နှင့်ဧဖာပြည်တို့မှ ကုလားအုတ်ပျိုအလုံးအရင်းတို့သည် သင့်ပြည်၌ ပြည့်လျှံလိမ့်မည်။ ရှေဘပြည်သားအပေါင်းတို့သည် ရွှေနှင့်လော်ဗန်ကိုယူဆောင်လာ၍ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
ထိုနေရာတွင် ပျော်ပါးနေသောလူအုပ်ကြီး ဆူညံနေ၏။ တောကန္တာရမှ သေသောက်ကြူးသော သာမန်ယောက်ျားသားတို့သည် သူတို့လက်တွင် လက်ကောက်များ၊ သူတို့ခေါင်းတွင် တင့်တယ်သောသရဖူများကို ဆင်ယင်ပေးကြလေပြီ။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။
ရှေဘပြည်၊ ဒေဒန်ပြည်၊ တာရှုပြည်တို့မှ ကုန်သည်များနှင့် သူတို့၏ခြင်္သေ့ပျိုတို့က သင့်အား သင်သည် ပစ္စည်းတို့ကိုလုယူရန် လာသလော။ ရွှေငွေတို့ကို သယ်ဆောင်သွားရန်၊ တိရစ္ဆာန်များနှင့် စည်းစိမ်ဥစ္စာများကို ယူဆောင်သွားရန်၊ အမြောက်အမြားတိုက်ခိုက်လုယက်ရန်၊ ဥစ္စာဘဏ္ဍာတို့ကို တိုက်ခိုက်သိမ်းယူရန် သင်၏လူအုပ်ကြီးကို စုဝေးစေသလောဟု မေးကြလိမ့်မည်’ဟူ၍ မိန့်တော်မူ၏။