ယုဒအမျိုးတို့ပင်လျှင် သူတို့ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်တို့ကို မစောင့်ထိန်းဘဲ အစ္စရေးလူမျိုးတို့၏ဓလေ့စရိုက်နောက်သို့လိုက်၍ ပြုကျင့်ကြ၏။
ယေဇကျေလ 23:31 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် သင့်အစ်မလိုက်သောလမ်းအတိုင်း လိုက်သဖြင့် သူ၏ခွက်ဖလားကို သင့်လက်သို့ ငါအပ်မည်’ဟု မိန့်တော်မူ၏။ Common Language Bible သင်သည်အစ်မဖြစ်သူ၏ခြေရာကိုနင်းသ ဖြင့် ငါသည်သူ့အားသောက်စေသောအပြစ် ဒဏ်ဖလားကိုသင့်အားလည်းသောက်စေမည်'' ဟူ၍တည်း။ Garrad Bible အစ် မ၏ လမ်း ကို လိုက် လျှောက် ပြီး ဖြစ်၍၊ သောက် ခဲ့ ရာ ဖ လား ကို သင့် လက် သို့၊ ငါ လွှဲ အပ် မည် ဟူ ၍ လည်း ကောင်း၊ Judson Bible သင်သည် အစ်မလိုက်သောလမ်းကို လိုက်သောကြောင့်၊ သူသောက်သောခွက်ကို သင့်လက်၌ ငါထားမည်။ |
ယုဒအမျိုးတို့ပင်လျှင် သူတို့ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်တို့ကို မစောင့်ထိန်းဘဲ အစ္စရေးလူမျိုးတို့၏ဓလေ့စရိုက်နောက်သို့လိုက်၍ ပြုကျင့်ကြ၏။
ရှမာရိမြို့ကို တိုင်းသောမျဉ်းကြိုး၊ အာဟပ်မင်းမျိုးမင်းနွယ်ကို တိုင်းသောချိန်သီးဖြင့် ဂျေရုဆလင်မြို့ကို တိုင်းတာမည်။ ပန်းကန်ကိုသုတ်သကဲ့သို့ ဂျေရုဆလင်မြို့ကိုသုတ်ပစ်ပြီး မှောက်ထားမည်။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက “ငါ့လက်မှ ဤအမျက်တော်စပျစ်ဝိုင်ခွက်ကိုယူ၍ သင့်အား ငါစေလွှတ်သောအရပ်ရှိ လူမျိုးအားလုံးကို တိုက်လော့။
သူသည် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေသည်ကို ငါမြင်၏။ သူတို့နှစ်ယောက်စလုံး အကျင့်တူ၏။
‘သင့်အစ်မရှမာရိသောက်သော ထိတ်လန့်စရာခွက်၊ အထီးကျန်စေသောခွက်ကို သင်သည် သောက်ပြီး မူးယစ်ကြေကွဲရလိမ့်မည်။
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။
အစ္စရေး၏မာနသည် သူတို့မည်သို့သောသူဖြစ်ကြောင်းကို သက်သေပြလေပြီ။ အစ္စရေးနှင့် ဧဖရိမ်တို့သည် ဒုစရိုက်ခလုတ်တိုက်၍ လဲကျကြလိမ့်မည်။ ယုဒသည်လည်း သူတို့နှင့်အတူ ခလုတ်တိုက်လဲကျလိမ့်မည်။