လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ယေဇကျေလ 21:32 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် လောင်စာဖြစ်မည်။ ဤပြည်တွင် သင်အသတ်ခံရမည်။ သင့်ကို အောက်မေ့တော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ Common Language Bible သင်သည်လောင်စာဖြစ်လိမ့်မည်။ မိမိ၏ပြည် ၌ပင်သေရလိမ့်မည်။ နောက်တစ်ဖန်အဘယ် သူမျှသင့်အားသတိရကြတော့မည်မ ဟုတ်' '' ဟုမိန့်တော်မူ၏။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်သတည်း။ Garrad Bible ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ နေ ပြည် တွင် သွေး သွန်း ခံ သော သင် သည်၊ လောင် စာ ဖြစ် လျက်၊ နောင် သ တိ ရ ကြ တော့ မည် မ ဟုတ် ဟု ဆင့် ဆို လော့ ဟူ ၍ တည်း။ Judson Bible သင်သည် မီးမွေးဖို့ထင်းဖြစ်ရလိမ့်မည်။ သင့်အသွေးသည် ပြည်အလယ်၌ ရှိရလိမ့်မည်။ နောက်တစ်ဖန် အဘယ်သူမျှ မအောက်မေ့ရဟု ငါထာဝရဘုရား မိန့်တော်မူ၏။ |
လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ဓားကို ဓားအိမ်သို့ ပြန်သွင်းလော့။ စင်စစ် သင်မွေးဖွားရာသင့်ဇာတိမြေတွင်ပင် သင့်ကို ငါစီရင်မည်။
ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်အတူ အရှေ့ပြည်သားတို့လက်သို့ အပိုင်ပေးလိုက်မည်။ ထို့ကြောင့် လူမျိုးတကာတို့သည် အမ္မုန်အမျိုးသားကို သတိရကြတော့မည်မဟုတ်။
ငါသည် လက်ကိုဆန့်၍ သင်တို့ကို ဆန့်ကျင်မည်။ သင်တို့ကို လုယက်ပစ္စည်းအဖြစ် လူမျိုးခြားတို့လက်သို့အပ်မည်။ လူမျိုးတကာတို့ထဲမှ ဖယ်ရှားပစ်မည်။ အတိုင်းတိုင်းအပြည်ပြည်ထဲမှ ဖျောက်ဖျက်ပစ်မည်။ သုတ်သင်ပယ်ရှင်းပစ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟု မိန့်တော်မူ၏။
အို စစ်သမီးပျိုတပ်ဖွဲ့တို့၊ စုဝေးကြလော့။ ငါတို့ ဝိုင်းထားခံရပြီ။ အစ္စရေးအုပ်ချုပ်သူတို့၏ပါးကို ကြိမ်လုံးနှင့်ရိုက်ကြပြီ။
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
ပုဆိန်ကို သစ်ပင်တို့၏အမြစ်နားတွင်ချထားပြီဖြစ်၍ ကောင်းသောအသီးကိုမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်။
လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။