ဇာပန်းထိုးထားသော သင်၏အဝတ်ကိုယူပြီး ထိုရုပ်တုတို့အား ခြုံပေး၏။ ငါ၏သံလွင်ဆီနှင့် နံ့သာပေါင်းတို့ကိုလည်း သူတို့ရှေ့၌ပူဇော်၏။
သင်သည်ငါပေးသည့်ပန်းထိုးထည်များ ဖြင့်ရုပ်တုများကိုလွှမ်းခြုံပေး၏။ ယင်း တို့ကိုငါပေးသည့်သံလွင်ဆီနှင့်နံ့သာ ပေါင်းတို့ဖြင့်ပူဇော်၏။-
ပန်း ထိုး ထည် များ ဖြင့် လွှမ်း ခြုံ၍၊ ငါ၏ ဆီ နှင့် နံ့ သာ ပေါင်း ကို တင် သ သည့် ပြင်၊
ချယ်လှယ်သောအဝတ်ကိုလည်း ယူ၍၊ ထိုရုပ်တုတို့ကိုခြုံပြီးလျှင်၊ ငါ့ဆီနှင့် ငါ့နံ့သာပေါင်းကို သူတို့ရှေ့မှာ တင်ထားလေပြီ။
ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်လျက် မိမိတို့လက်ဖြင့်လုပ်သောအရာများကို ရှိခိုးကိုးကွယ်သောကြောင့် ငါသည် သူတို့၏မကောင်းမှုအားလုံးအတွက် တရားစီရင်ချက်ကို ချမှတ်ကြေညာမည်”ဟု မိန့်တော်မူ၏။
ထိုပြည်တွင် နောဧ၊ ဒံယေလ၊ ယောဘ စသော ပုဂ္ဂိုလ်သုံးဦးရှိနေလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာသူတို့ ကယ်တင်နိုင်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင့်အား ဇာပန်းထိုးထည်ကို ဝတ်ဆင်ပေး၏။ သားရေဖိနပ်ကို စီးပေး၏။ ပိတ်ချောထည် ဆင်ယင်ပေး၏။ ပိုးထည် ခြုံပေး၏။
သင့်ကို ငါပေးသောရွှေငွေများဖြင့် သင်ပြုလုပ်ထားသော သင်၏အဖိုးတန်အဆင်တန်ဆာကိုယူ၍ ယောက်ျားရုပ်တုများကို ပြုလုပ်ပြီးလျှင် ထိုရုပ်တုများနှင့် ဖောက်ပြန်မှားယွင်း၏။
သင့်အား ငါထောက်ပံ့ကျွေးမွေးသောအစားအစာဖြစ်သည့် အကောင်းဆုံးဂျုံမှုန့်၊ သံလွင်ဆီ၊ ပျားရည်တို့ကို သင်သည် မွှေးကြိုင်သောရနံ့အဖြစ် သူတို့အား ပူဇော်လေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
တင့်တယ်သောညောင်စောင်းပေါ်တွင်ထိုင်လျက်၊ ငါ့အားပူဇော်ရမည့် နံ့သာပေါင်းနှင့်ဆီကို စားပွဲတွင်တင်ထား၏။
ဆီးရီးယားပြည်သည် ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၍ သင်၏ကုန်ပစ္စည်းများကို မြ၊ ခရမ်းရောင်ကျောက်၊ ဇာပန်းထိုးထည်၊ ပိတ်ချော၊ သန္တာကျောက်၊ ပတ္တမြားများနှင့် လဲလှယ်ကြ၏။
သူသည် သူ့ချစ်သူတို့နောက်သို့လိုက်သော်လည်း မီမည်မဟုတ်။ သူတို့ကိုရှာသော်လည်း တွေ့မည်မဟုတ်။ ထိုအခါ သူက ‘ယခင်ယောက်ျားထံ ပြန်သွားမည်၊ သူသည် အခြားသူတို့ထက် ပိုကောင်း၏’ဟု ဆိုလိမ့်မည်။
ထိုဘုရားတို့သည် သူတို့ပူဇော်သောယဇ်ကောင်၏အဆီကိုစား၍ သူတို့၏သွန်းလောင်းရာပူဇော်သက္ကာစပျစ်ဝိုင်ကိုသောက်ကြ၏။ ထိုဘုရားတို့သည် သင်တို့ကို ထ၍ကူညီမစပါလေစေ။ သင်တို့ကို ကွယ်ကာပါလေစေ။