အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ဇ​ကျေ​လ 10:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုသို့ ခေရုဗိမ်​တို့ သွား​သောအခါ ဘီး​တို့​သည်​လည်း သူ​တို့​၏​ဘေး​မှ လိုက်​ကြ​၏​။ ခေရုဗိမ်​တို့​အတောင်ပံ​ဖြန့်​၍ မြေ​မှ​ကြွ​သောအခါ ဘီး​တို့​သည်​လည်း ထက်ကြပ်မကွာ​လိုက်​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သတ္တ​ဝါ​တို့​လှုပ်​ရှား​သော​အ​ခါ​သူ​တို့​အ​နီး ရှိ​ဘီး​တို့​သည်​လည်း​လှုပ်​ရှား​ကြ​၏။ သူ​တို့ ပျံ​ရန်​အ​တောင်​ကို​ဖြန့်​ကြ​သော​အ​ခါ ဘီး တို့​သည်​လည်း​လိုက်​၍​သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ခေ ရု ဗ တို့ သွား ကြ သော်၊ စက် များ လည်း အ နီး၌ သွား ရ၏။ ခေ ရု ဗ တို့ သည် မြေ ပေါ် မှ တက် ရန် အ တောင် ဖြန့် ကြ သော်၊ စက် များ လည်း မ လှည့် ဘဲ ထက် ကြပ် လိုက် ရ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ခေ​ရု​ဗိမ်​တို့​သည် သွား​သော​အ​ခါ ဘီး​တို့​သည် ထက်​ကြပ်​လိုက်​ကြ၏။ ခေ​ရု​ဗိမ်​တို့​သည် မြေ​ကြီး​မှ​တက်​အံ့​သော​ငှာ အ​တောင်​တို့​ကို ဖြန့်​သော​အ​ခါ၊ ဘီး​တို့​သည် မ​ကွာ​ဘဲ​လိုက်​ကြ၏။

အခန်းကိုကြည့်ပါ။



ယေ​ဇ​ကျေ​လ 10:16
4 ပူးပေါင်းရင်းမြစ်များ  

ခေရုဗိမ်​တို့ ကြွတက်​သွား​ကြ​၏​။ ထို​ခေရုဗိမ်​တို့​သည် ခေဗာ​မြစ်​နား​တွင် ငါ​တွေ့​ခဲ့​သော​သတ္တဝါ​များ​ပင် ဖြစ်​၏​။


သတ္တဝါ​တို့​၏​ဝိညာဉ်​သည် ဘီး​၌​တည်​သောကြောင့် သူ​တို့​ရပ်​သောအခါ ဘီး​တို့​လည်း ရပ်​ကြ​၏​။ သူ​တို့​ကြွ​သောအခါ ဘီး​တို့​လည်း ကြွ​ကြ​၏​။


သတ္တဝါ​တို့​၏​အတောင်ပံ​များ တစ်​ခု​နှင့်​တစ်​ခု​ထိခတ်​သော​အသံ​၊ သတ္တဝါ​တို့​အနား​ရှိ ဘီး​များ​လည်​နေ​သော​အသံ​ကို​လည်း ငလျင်လှုပ်သံ​ကြီး​ကဲ့သို့ ငါ​ကြား​ရ​၏​။