သူသည် အစ္စရေးအမျိုးသားတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော အာမောရိလူမျိုးတို့ပြုခဲ့သည့်အတိုင်း ရုပ်တုများနောက်သို့လိုက်၍ စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုလေ၏။
ယောရှု 23:9 - မြန်မာ့စံမီသမ္မာကျမ်း ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှနှင်ထုတ်တော်မူသည်ဖြစ်၍ ယနေ့တိုင်အောင် သင်တို့ရှေ့၌ မည်သူမျှမရပ်တည်နိုင်။ Common Language Bible သင်တို့စစ်ချီတိုက်ခိုက်စဉ်အခါကထာဝရ ဘုရားသည် အင်အားကြီးသောလူမျိုးတို့ကို နှင်ထုတ်ခဲ့သဖြင့်မည်သူမျှသင်တို့အား ခုခံနိုင်စွမ်းမရှိခဲ့ချေ။- Garrad Bible ထာ ဝ ရ ဘု ရား သည် သင် တို့ ရှေ့ မှ၊ ခွန် အား နှင့် ပြည့် စုံ သော လူ မျိုး ကြီး တို့ ကို နှင် ထုတ် တော် မူ သည် ဖြစ်၍၊ ယ နေ့ တိုင် မည် သူ မျှ သင် တို့ ရှေ့ မ ခံ မ ရပ် နိုင်။ Judson Bible အကြောင်းမူကား၊ ကြီးမား၍ခွန်အားနှင့်ပြည့်စုံသော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ ယနေ့တိုင်အောင် သင်တို့ရှေ့၌ အဘယ်သူမျှမရပ်နိုင်။ |
သူသည် အစ္စရေးအမျိုးသားတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော အာမောရိလူမျိုးတို့ပြုခဲ့သည့်အတိုင်း ရုပ်တုများနောက်သို့လိုက်၍ စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုလေ၏။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ဤပြည်၌နေထိုင်သောလူမျိုးတို့ကို ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ရှေ့မှနှင်ထုတ်တော်မူ၍ ကိုယ်တော်၏မိတ်ဆွေဖြစ်တော်မူသောအာဗြဟံ၏သားစဉ်မြေးဆက်ကို ထာဝရနေထိုင်စေတော်မူသည်မဟုတ်လော။
ငါ၏ကောင်းကင်တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထံသို့ ပို့ဆောင်မည်။ ငါသည် ထိုလူမျိုးတို့ကိုပယ်ဖျက်မည်။
သင်သည်ပွားများ၍ ထိုပြည်ကို သင်ပိုင်ဆိုင်သည်အထိ ငါသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှောက်မှ တဖြည်းဖြည်းနှင်ထုတ်မည်။
ငါတို့၏ဘိုးဘေးများသည် ထိုတဲတော်ကိုဆက်ခံ၍ ငါတို့ဘိုးဘေးများရှေ့မှ ဘုရားသခင်နှင်ထုတ်တော်မူသော လူမျိုးခြားတို့၏ပြည်ကို သူတို့သိမ်းပိုက်ကြသောအခါ ယောရှုနှင့်အတူ ၎င်းကိုသယ်ဆောင်လာကြ၏။ ထိုတဲတော်သည် ဒါဝိဒ်လက်ထက်တိုင်အောင်ရှိခဲ့၏။
သို့ပြုလျှင် ထာဝရဘုရားသည် ဤလူမျိုးရှိသမျှတို့ကို သင်တို့၏ရှေ့မှ နှင်ထုတ်တော်မူလိမ့်မည်။ သင်တို့သည် သင်တို့ထက် များပြား၍ အားကြီးသောလူမျိုးတို့ကို နှင်ထုတ်ကြလိမ့်မည်။
သူတို့၏ရှင်ဘုရင်များကိုလည်း သင့်လက်သို့ အပ်တော်မူသဖြင့် သင်သည် သူတို့၏အမည်များကို မိုးကောင်းကင်အောက်မှ ဖျောက်ဖျက်ပစ်လိမ့်မည်။ သူတို့ကို မဖျက်ဆီးမီအထိ သင့်ရှေ့၌ မည်သူမျှခံရပ်နိုင်မည်မဟုတ်။
သင်အသက်ရှင်သမျှကာလပတ်လုံး သင့်ရှေ့၌ မည်သူမျှခုခံရပ်တည်နိုင်မည်မဟုတ်။ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိမည်။ သင့်ကိုငါပစ်ထားမည်မဟုတ်၊ စွန့်ပစ်မည်မဟုတ်။
ကာလက်သည် အာနကအနွယ်ဝင် အာနက၏သားသုံးယောက်ဖြစ်သော ရှေရှဲ၊ အဟိမန်၊ တာလမဲ တို့ကို ထိုပြည်မှ နှင်ထုတ်၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှနှင်ထုတ်တော်မူမည်။ သင်တို့၏ရှေ့မှဖယ်ရှားတော်မူမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း သင်တို့သည် ထိုလူမျိုးတို့၏ပြည်ကို အပိုင်ရလိမ့်မည်။
ယနေ့တိုင်အောင် သင်တို့ပြုကျင့်ခဲ့သည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားတစ်ပါးတည်းကိုသာ ဆည်းကပ်ရမည်။
ထာဝရဘုရားသည် ဤပြည်၌နေထိုင်သောအာမောရိလူမျိုးအပါအဝင် လူမျိုးခြားအပေါင်းတို့ကို အကျွန်ုပ်တို့ရှေ့မှ နှင်ထုတ်ပေးတော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူသောကြောင့် ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ပြန်ဖြေကြ၏။