ငါ့အကြောင်းကိုကြားသောအခါ ငါ့ကိုမင်္ဂလာရှိသူဟု ခေါ်ဆိုကြ၏။ ငါ့ကိုမြင်လျှင် ငါ့ကိုချီးကျူးကြ၏။
ယောဘဝတ္တု။ 4:4 - မြန်မာ့စံမီသမ္မာကျမ်း သင်၏စကားများသည် လဲကျနေသောသူကို ပြန်ထစေပြီ။ ညွတ်ကျသွားသောဒူးများကိုလည်း သန်မာစေပြီ။ Common Language Bible သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။ Garrad Bible သင့် စ ကား သည် နုန့် နဲ့ သူ့ ကို ထောက် မ လျက်၊ အား လျော့ သော ဒူး ဆစ် များ ကို လည်း တည့် မတ် စေ ခဲ့ ပြီ။ Judson Bible သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲ့သောဒူးတို့ကိုလည်း တည့်စေပြီ။ |
ငါ့အကြောင်းကိုကြားသောအခါ ငါ့ကိုမင်္ဂလာရှိသူဟု ခေါ်ဆိုကြ၏။ ငါ့ကိုမြင်လျှင် ငါ့ကိုချီးကျူးကြ၏။
ငါသည် ခေါင်းဆောင်နေရာတွင်နေ၍ သူတို့ကို လမ်းညွှန်ပြသပေးခဲ့၏။ စစ်သည်တို့ခြံရံထားသောရှင်ဘုရင်ကဲ့သို့လည်းကောင်း၊ ငိုကြွေးမြည်တမ်းသူကို နှစ်သိမ့်ပေးသူကဲ့သို့လည်းကောင်း ဖြစ်ခဲ့၏။
ကြည့်ရှုလော့။ သင်သည် လူအများကို ဆုံးမပေးခဲ့ပြီ။ အားနည်းသောလက်တို့ကိုလည်း ခိုင်ခံ့စေခဲ့ပြီ။
ယခုမှာ သင်ကိုယ်တိုင်ကြုံတွေ့ရပြီဖြစ်၍ သင်ပင်ပန်းနေရပြီ။ သင်ထိခိုက်ခံနေရပြီဖြစ်၍ သင်ထိတ်လန့်နေရပြီ။
ထာဝရဘုရားသည် လဲကျသောသူရှိသမျှတို့ကို ထောက်မ၍ ကိုင်းညွတ်နိမ့်ကျနေသောသူအပေါင်းတို့ကို ထူမတော်မူ၏။
ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။ ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
သင့်လျော်သောအချိန်၌ ပြောဆိုသောစကားသည် အပြောက်အမွမ်းခြယ်မှုန်းထားသောငွေထည်ပေါ်မှ ရွှေပန်းသီးများနှင့်တူ၏။
မောပန်းသောသူအမောပြေစေရန် မည်သို့ပြောဆိုရမည်ကို သိရှိဖို့ ဘုရားရှင်ထာဝရဘုရားသည် ငါ့အား နှုတ်မှုပညာကိုသွန်သင်ပေးတော်မူ၏။ နံနက်တိုင်း ငါ့ကိုနှိုးဆော်တော်မူ၏။ စာသင်သားကဲ့သို့ နားထောင်ဖို့ ငါ့ကိုနှိုးဆော်တော်မူ၏။
ထိုအခါ ရှင်ဘုရင်သည် မျက်စိမျက်နှာပျက်၍ တွေးတောထိတ်လန့်လေ၏။ ခါးဆစ်များ ပြုတ်လုမတတ်ဖြစ်၍ ဒူးများလည်း တုန်ရီနေ၏။
ထို့ကြောင့် ယခုအခါတွင် သင်တို့သည် သူ့ကိုခွင့်လွှတ်၍ နှစ်သိမ့်ပေးသင့်၏။ သို့မဟုတ်လျှင် သူသည် ကြီးစွာသောဝမ်းနည်းခြင်း၌ နစ်မွန်းသွားလိမ့်မည်။
သို့သော် အားငယ်သောသူတို့ကိုနှစ်သိမ့်တော်မူသောဘုရားသခင်သည် တိတုရောက်ရှိလာခြင်းအားဖြင့် ငါတို့ကိုနှစ်သိမ့်ပေးတော်မူ၏။
ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား စည်းမဲ့ကမ်းမဲ့နေသောသူတို့ကို သတိပေးဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို နှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ လူအပေါင်းတို့အပေါ် စိတ်ရှည်သည်းခံကြလော့။
ထို့ကြောင့် အားအင်ကုန်ခန်းနေသောလက်များနှင့် ချည့်နဲ့နေသောဒူးများကို ပြန်လည်ခိုင်ခံ့စေကြလော့။