ယောဘဝတ္တု။ 37:1 - မြန်မာ့စံမီသမ္မာကျမ်း ဤအမှုကြောင့် အကျွန်ုပ်သည် နှလုံးတုန်ရင်ခုန်ရပါ၏။ Common Language Bible ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိ နေရာမှ ရွေ့သွား၏။ Garrad Bible အ ကယ် စင် စစ် အ ကျွန်ုပ် နှ လုံး သည်၊ ဤ အ မှု ကြောင့် နေ ရာ မှ တုန် လှုပ် လန့် ခုန် တတ်၏။ Judson Bible ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိနေရာမှ ရွေ့သွား၏။ |
မိုးခြိမ်းသံသည် ကိုယ်တော်ရှိတော်မူကြောင်းကို ကြေညာလိုက်သည်နှင့် မည်သို့ဖြစ်လာမည်ကို တိရစ္ဆာန်များပင် သိရှိလေ၏။
ကိုယ်တော့်ထံမှ မြည်ဟိန်းသောအသံ၊ နှုတ်တော်မှထွက်သောအသံတော်ကို သေချာစွာနားထောင်ကြလော့။
ကြောက်ရွံ့ထိတ်လန့်ခြင်းသည် ငါ့ကိုဝိုင်းရံသဖြင့် ငါ့အရိုးရှိသမျှတို့သည် တုန်လှုပ်ကြပါ၏။
ကိုယ်တော်ကိုကြောက်ရွံ့၍ အကျွန်ုပ်အသားသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
ဘုရားသခင်သည် သန့်ရှင်းသောသူတို့၏ အစည်းအဝေးတွင် အလွန်ကြောက်ရွံ့ရိုသေခြင်းကို ခံရသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ပတ်လည်၌ရှိသောသူအပေါင်းတို့ထက် အံ့ဩဖွယ်ဖြစ်တော်မူ၏။
တတိယနေ့ နံနက်ရောက်သောအခါ တောင်ပေါ်၌ ထူထပ်သောမိုးတိမ်နှင့်တကွ မိုးချုန်းသံများ၊ လျှပ်စီးလက်ခြင်းများဖြစ်၍ အလွန်ကျယ်လောင်သောတံပိုးမှုတ်သံမြည်လေ၏။ ထိုအခါ စခန်းထဲရှိ လူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။
သင်တို့သည် ငါ့ကို မကြောက်ရွံ့ကြသလော။ ငါ့ရှေ့၌မတုန်လှုပ်ကြသလော။ ပင်လယ်ရေမကျော်လွန်နိုင်အောင် သဲနယ်နိမိတ်ကို အရံအတားအဖြစ် ငါနေရာချထား၏။ ပင်လယ်သည် ဟုန်းဟုန်းမြည်သော်လည်း နယ်နိမိတ်ကိုမကျော်နိုင်။ လှိုင်းတံပိုးထသော်လည်း နယ်နိမိတ်ကို မလွှမ်းမိုးနိုင်။
အကျွန်ုပ်သည် အသံတော်ကိုကြားရသောအခါ ရင်တုန်ရပါ၏၊ အသံတော်ကြောင့် နှုတ်ခမ်းလည်း တုန်ခါပါ၏။ အရိုးများလည်း ဆွေးမြည့်ပါ၏။ ခြေများလည်း မခိုင်တော့ပါ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်၍ အကျွန်ုပ်တို့အား ကျူးကျော်တိုက်ခိုက်သောလူမျိုးတို့ရောက်လာသောနေ့တိုင်အောင် အကျွန်ုပ်သည် နေရစ်ရပါမည်။
ထိုအခါ ရုတ်တရက် ငလျင်ပြင်းထန်စွာလှုပ်သဖြင့် ထောင်၏အုတ်မြစ်သည် တုန်ခါ၍ တံခါးရှိသမျှသည် ချက်ချင်းပွင့်သွားကာ အကျဉ်းသားအားလုံး၏သံကြိုးများသည် ပြုတ်သွားလေ၏။
ထိုအခါ ထောင်မှူးသည် မီးတိုင်ကိုတောင်းယူ၍ ပြေးဝင်လာပြီးလျှင် တုန်လှုပ်လျက် ပေါလုနှင့်သိလတို့ရှေ့တွင် ပျပ်ဝပ်လေ၏။
ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ဗာရှန်ပြည်မှခုန်ထွက်လာသည့် ခြင်္သေ့သားပေါက်ဖြစ်၏။