အကယ်စင်စစ် ဘေးဒုက္ခရောက်သောနေ့တွင် မကောင်းမှုပြုသောသူသည် လွတ်မြောက်ရတတ်၏။ အမျက်တော်နေ့တွင် ကယ်တင်ခံရတတ်၏။
ယောဘဝတ္တု။ 36:6 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့ကို ရှင်သန်ခွင့်ပေးတော်မမူ။ အဖိနှိပ်ခံရသောသူတို့ကိုမူကား တရားမျှတစွာ စီရင်ပေးတော်မူ၏။ Common Language Bible မတရားသောသူတို့၏ အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသောသူတို့ဘက်၌ တရားစီရင်တော်မူ၏။ Garrad Bible လူ ဆိုး တို့၏ အ သက် တာ ကို ရှည် စေ တော် မ မူ။ ဆင်း ရဲ သူ တို့ အား တ ရား အ တိုင်း ပေး တော် မူ၏။ Judson Bible မတရားသောသူတို့၏အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသောသူတို့ဘက်၌ တရားစီရင်တော်မူ၏။ |
အကယ်စင်စစ် ဘေးဒုက္ခရောက်သောနေ့တွင် မကောင်းမှုပြုသောသူသည် လွတ်မြောက်ရတတ်၏။ အမျက်တော်နေ့တွင် ကယ်တင်ခံရတတ်၏။
မြေကြီးစွန်းတို့ကိုဆုပ်ကိုင်ပြီး မြေကြီးပေါ်ရှိလူဆိုးတို့ကို ခါထုတ်ရန် သူတို့ကို အမိန့်ပေးဖူးသလော။
ယခု ဆင်ခြင်ကြည့်ပါလော့။ မည်သူသည် အပြစ်မရှိဘဲ ပျက်စီးဖူးသနည်း။ ဖြောင့်မှန်သောသူသည် အဘယ်မှာ ဖျက်ဆီးခံရဖူးသနည်း။
ကိုယ်တော်သည် နွမ်းပါးသောသူတို့ကို ဓားသွားနှုတ်ခမ်းဘေးမှလည်းကောင်း၊ အားကြီးသောလက်ဘေးမှလည်းကောင်း ကယ်တင်တော်မူ၏။
သင့်ကိုမုန်းသောသူတို့သည် အရှက်ကွဲခြင်းကို ဝတ်ဆင်ရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့၏တဲသည်လည်း ပျောက်ကွယ်သွားလိမ့်မည်”ဟု ဆိုလေ၏။
ထာဝရဘုရားသည် အဖိနှိပ်ခံရသောသူတို့၏ အမှုကိစ္စကို ဆောင်ရွက်ပေး၍ နွမ်းပါးသောသူတို့အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေးတော်မူကြောင်း ငါသိ၏။
ဖြောင့်မတ်သောသူတို့သည် ကိုယ်တော်၏နာမတော်ကို အမှန်ပင်ချီးမွမ်းကြပါလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ နေထိုင်ရကြပါလိမ့်မည်။
သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။ သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
သူသည် လူမျိုးတော်ထဲမှ အဖိနှိပ်ခံရသောသူတို့အတွက် တရားစီရင်ပေး၍ နွမ်းပါးသောသူ၏သားသမီးများကို ကယ်တင်လျက် နှိပ်စက်သောသူတို့ကို နှိမ်နင်းပါစေသော။
အကြောင်းမူကား သွေးကြွေးပြန်တောင်းတတ်သော ကိုယ်တော်သည် ထိုသူတို့ကိုအောက်မေ့တော်မူ၏။ ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏ အော်ဟစ်တောင်းလျှောက်သံကို မေ့လျော့တော်မမူပါ။
ဆင်းရဲသောသူတို့ကို ဖြောင့်မတ်စွာတရားစီရင်မည်။ နိမ့်ကျသောမြေကြီးသားတို့အတွက် တရားမျှတစွာဆုံးဖြတ်မည်။ မြေကြီးကို သူ၏နှုတ်ကြိမ်လုံးဖြင့် ရိုက်နှက်၍ ဆိုးယုတ်သောသူတို့ကို နှုတ်ထွက်လေဖြင့် ကွပ်မျက်မည်။
သို့ဖြစ်၍ ထာဝရဘုရားသည် ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့ရက်၌ အပြစ်ဒဏ်ခံစေရန်ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။