ရှင်ဘုရင်က သူ့အစေအပါးတို့အား “ယနေ့တွင် အစ္စရေးလူမျိုးတို့၌ ကြီးမြတ်သောအကြီးအကဲတစ်ဦးကျဆုံးသွားသည်ကို သင်တို့မသိကြသလော။
ယောဘဝတ္တု။ 32:9 - မြန်မာ့စံမီသမ္မာကျမ်း အသက်ကြီးတိုင်း ပညာရှိသည်မဟုတ်။ သက်ကြီးဝါကြီးတိုင်း အမှန်တရားကို နားလည်သည်မဟုတ်။ Common Language Bible လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။ Garrad Bible ပ ညာ ရှိ သော သူ တို့ မှ၊ အ သက် ကြီး သူ များ မ ဟုတ်။ တ ရား ဆုံး ဖြတ် ခြင်း ကို နား လည် သော သူ တို့ ကား၊ လူ ကြီး များ မ ဟုတ် ချေ။ Judson Bible လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။ |
ရှင်ဘုရင်က သူ့အစေအပါးတို့အား “ယနေ့တွင် အစ္စရေးလူမျိုးတို့၌ ကြီးမြတ်သောအကြီးအကဲတစ်ဦးကျဆုံးသွားသည်ကို သင်တို့မသိကြသလော။
ယုံကြည်စိတ်ချရသောသူတို့ကို နှုတ်ဆိတ်စေတော်မူ၍ သက်ကြီးဝါကြီးတို့၏ဆင်ခြင်ဉာဏ်ကို နုတ်ယူတော်မူ၏။
ထို့ကြောင့် ‘အကျွန်ုပ်စကားကို နားထောင်ပေးကြပါ။ အကျွန်ုပ်၏ထင်မြင်ချက်ကို အကျွန်ုပ်ပြောပါမည်’ဟု ဆိုရခြင်းဖြစ်၏။
‘အသက်ကြီးသူသည် ပြောဆိုသင့်၏၊ နှစ်ပေါင်းများစွာအသက်ရှင်ခဲ့သူသည် ဉာဏ်ပညာအကြောင်းကို သွန်သင်ပေးသင့်၏’ဟု အကျွန်ုပ်တွေးမိပါ၏။
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို လိုက်နာကျင့်သုံးသည်ဖြစ်၍ အသက်ကြီးသောသူတို့ထက် ပို၍အသိဉာဏ်ရှိပါ၏။
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများအားဖြင့် အသိဉာဏ်ကိုရရှိပါ၏။ ထို့ကြောင့် မှားယွင်းသောလမ်းရှိသမျှတို့ကို အကျွန်ုပ်မုန်းပါ၏။
ဆင်းရဲသော်လည်း ပညာရှိသောလူငယ်သည် အသက်ကြီးသော်လည်း သတိပေးချက်ကိုလက်မခံတော့သည့် မိုက်မဲသောရှင်ဘုရင်ထက် ပို၍ကောင်း၏။
ထာဝရဘုရား၏တရားလမ်း၊ ဘုရားသခင်၏စီရင်ထုံးဖွဲ့ချက်တို့ကိုသိသော လူကြီးတို့ကို ငါသွားပြောမည်”ဟု ဆို၏။ သို့သော် သူတို့သည်လည်း အတူတကွထမ်းပိုးကိုချိုး၍ အချည်အနှောင်များကိုဖြတ်ကြပြီ။
ထိုအချိန်တွင် ယေရှုက“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့်ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုကွယ်ဝှက်ထားလျက် ကလေးသူငယ်များကို ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။
အကြီးအကဲတို့နှင့်ဖာရိရှဲတို့တွင် သူ့ကိုယုံကြည်ခဲ့သူတစ်စုံတစ်ဦးပင်ရှိသလော။