ဝတ်စရာမရှိ၊ ခြုံစရာမရှိသဖြင့် ဘဝပျက်နေရသည့်နွမ်းပါးသူတစ်စုံတစ်ဦးကို မြင်ရသောအခါ
အဝတ်မရှိသောကြောင့် သေခြင်းသို့ ရောက် သော သူတစုံတယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာ နေသောသူ တစုံတယောက်ကို ငါမြင်၍၊
ခြုံ စောင် မဲ့၊ ခါး ဝတ် မဲ့ ဆင်း ရဲ သူ ပျက် စီး သည် ကို ငါ မြင်၍၊
အဝတ်မရှိသောကြောင့် သေခြင်းသို့ရောက်သော သူတစ်စုံတစ်ယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာနေသောသူ တစ်စုံတစ်ယောက်ကို ငါမြင်၍၊
ထိုအခါ နာမည်နှင့်တကွတာဝန်ရှိသူတို့သည် ထ၍ စစ်သုံ့ပန်းများကိုခေါ်ပြီး အဝတ်မရှိသူတို့အား တိုက်ရာပါပစ္စည်းများထဲမှအဝတ်များကိုဝတ်စေ၏။ အဝတ်အစားများ၊ ဖိနပ်များ၊ အစားအသောက်များ၊ လိမ်းစရာဆီများ စသည်တို့ကိုလည်းပေး၏။ အားမရှိသောသူတို့ကိုလည်း မြည်းပေါ်တင်ကာ သူတို့၏ဆွေမျိုးသားချင်းတို့ရှိရာ စွန်ပလွံမြို့ ခေါ် ဂျေရိခေါမြို့သို့ ပြန်ပို့ပြီးမှ ရှမာရိမြို့သို့ ပြန်လာကြ၏။
သင်သည် ကိုယ့်ညီအစ်ကိုတို့၏အပေါင်ပစ္စည်းကိုပင် အကြောင်းမဲ့သိမ်းယူ၍ သူတို့၏အဝတ်ကို ချွတ်ယူကာ အဝတ်မပါအချည်းစည်း ရှိစေ၏။
လူတို့သည် နွမ်းပါးသောသူတို့ကို လမ်းပေါ်မှတွန်းဖယ်တတ်ကြ၏။ အဖိနှိပ်ခံရသောပြည်သားတို့သည် စုပြီးပုန်းရှောင်နေရကြ၏။
ဘဝပျက်လုသူများကပင် ငါ့ကို လာ၍ချီးကျူးကြ၏။ ငါသည် မုဆိုးမတို့၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေခဲ့၏။
ငါသည် ငယ်စဉ်ကပင် မိဘမဲ့ကို ဖခင်သဖွယ် ကျွေးမွေးစောင့်ရှောက်ခဲ့၏။ အမိဝမ်းတွင်းမှထွက်လာကတည်းက မုဆိုးမကို မစခဲ့၏။
ငါ့သိုးမွေးထည်ဖြင့် သူ့ကို နွေးအောင်မလုပ်ပေးခဲ့၍ သူ၏ကိုယ်သည်လည်း ငါ့ကို ကျေးဇူးမတင်ခဲ့လျှင်၊
ဆာလောင်မွတ်သိပ်သောသူတို့ကို စားစရာဝေပေးခြင်း၊ အိုးမဲ့အိမ်မဲ့ဆင်းရဲသားများကို အိမ်သို့ခေါ်လာခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင် ဝတ်ပေးခြင်း၊ မိမိသွေးသားချင်းကို လျစ်လျူမရှုခြင်းပင် မဟုတ်လော။
ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာပေးကြ၏။ ငါသည် နာမကျန်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြည့်ရှုကြ၏။ ငါသည် ထောင်ကျသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏’ဟု မိန့်တော်မူလိမ့်မည်။
ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံခြင်းမရှိကြ။ ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာမပေးကြ။ ငါသည် နာမကျန်းဖြစ်သောအခါနှင့် ထောင်ကျသောအခါတွင်လည်း သင်တို့သည် ငါ့ကိုမကြည့်ရှုကြ’ဟု မိန့်တော်မူလိမ့်မည်။
ယောဟန်က “အင်္ကျီနှစ်ထည်ရှိသောသူသည် မရှိသောသူအားဝေမျှပေးစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ”ဟု ပြန်ဖြေလေ၏။
ထို့ကြောင့် ပေတရုသည် ထ၍ သူတို့နှင့်အတူလိုက်သွားလေ၏။ ပေတရုရောက်လာသောအခါ လူတို့သည် သူ့ကို အထက်ခန်းသို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမအားလုံးတို့သည် ပေတရုအနီး၌ရပ်လျက် ငိုကြွေးကာ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်က ချုပ်လုပ်ခဲ့သောအင်္ကျီနှင့်ဝတ်ရုံများကို ပြကြ၏။
သင်တို့ထဲမှ တစ်စုံတစ်ယောက်က “ငြိမ်းချမ်းစွာသွားကြလော့။ နွေးထွေးစွာနေ၍ ဝလင်စွာစားကြလော့”ဟု သူတို့အားဆိုလျက် သူတို့၏ကိုယ်ခန္ဓာအတွက် လိုအပ်သောအရာများကို မပေးဘဲနေလျှင် မည်သည့်အကျိုးရှိမည်နည်း။
သားသမီးတို့၊ ငါတို့သည် စကားနှင့် နှုတ်အားဖြင့်သာမဟုတ်ဘဲ လုပ်ဆောင်မှုနှင့် သမ္မာတရားတို့အားဖြင့် ချစ်ကြကုန်စို့။