နေ့ကိုကျိန်ဆဲသူများ၊ လဝိသန်ကိုနှိုးဆွဖို့ အသင့်ရှိသောသူများသည် ထိုညကို ကျိန်ဆဲကြပါစေ။
နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ။
ရာ ဟု ကို နှိုး ဆော် တတ် သူ၊ နေ့ ရက် ကို ကျိန် ဆို တတ် သူ တို့ ပင်၊ ထို ညဉ့် ကို အ မင်္ဂ လာ ပေး ကြ ပါ စေ။
နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညကို ကျိန်ဆဲပါစေ။
ယေရမိသည် ယောရှိမင်းကြီးအတွက် ငိုချင်းကို ဖွဲ့ခဲ့၏။ သီချင်းသည်ယောက်ျားမိန်းမအပေါင်းတို့သည်လည်း ယောရှိမင်းကြီးအတွက် ငိုချင်းများကို ယနေ့တိုင် သီဆိုနေကြ၏။ ထိုငိုချင်းတို့ကို အစ္စရေးပြည်၏ဓလေ့ထုံးတမ်းတစ်ခုအဖြစ်ထားရှိပြီး မြည်တမ်းစာ၌ရေးမှတ်ထားကြ၏။
ကြည့်ရှုလော့။ ထိုညသည် မြုံပါစေ။ ရွှင်လန်းခြင်းအသံမျှ မရှိပါစေနှင့်။
ထိုည၏ညဥ့်ဦးယံကြယ်တို့ ကွယ်ပါစေ။ အလင်းကိုစောင့်မျှော်သော်လည်း မရပါစေနှင့်။ အရုဏ်ဦးလင်းရောင်ခြည်ကိုလည်း မတွေ့ရပါစေနှင့်။
လဝိသန်ကို ငါးမျှားချိတ်ဖြင့် သင်ဆွဲယူနိုင်သလော။ သူ့လျှာကို ကြိုးနှင့်ချည်ထားနိုင်သလော။
သူ့ကို သွားဆွရဲလောက်အောင် မည်သူမျှသတ္တိမရှိ။ သို့ဖြစ်လျှင် ငါ့ကို ဆန့်ကျင်ပြီး မည်သူခံရပ်နိုင်မည်နည်း။
သူထလိုက်ပြီဆိုလျှင် လူစွမ်းကောင်းများပင် ကြောက်လန့်သွားရ၏။ တဝုန်းဝုန်းအသံကြောင့် ကယောင်ချောက်ချားဖြစ်သွားကြရ၏။
ထိုနေ့ရက်၌ ထာဝရဘုရားသည် ထွက်ပြေးနေသောမြွေကြီးလဝိသန်၊ တွန့်လိမ်နေသောမြွေကြီးလဝိသန်ကို ခိုင်မာ၍အစွမ်းထက်သော မိမိဓားကြီးဖြင့်အပြစ်ဒဏ်ပေးတော်မူမည်။ ပင်လယ်မြွေနဂါးကိုလည်း သတ်ဖြတ်တော်မူမည်။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “လမ်းဆုံလမ်းခွ၌ ငိုကြွေးကြလိမ့်မည်။ လူစည်ကားရာနေရာရှိသမျှ၌ ‘အလိုလေး၊ အလိုလေး’ဟု အော်ဟစ်ကြလိမ့်မည်။ ငိုကြွေးမြည်တမ်းရန် လယ်သမားတို့ကို ခေါ်ကြလိမ့်မည်။ ငိုချင်းချရန် ငိုချင်းသည်တို့ကို ခေါ်ကြလိမ့်မည်။
‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည် မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည် မမြည်တမ်းကြ’ဟု လှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူ၏။
ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံ၏အိမ်သို့ သူတို့ရောက်ကြသောအခါ လူတို့သည် ရုတ်ရုတ်သဲသဲဖြစ်လျက် ကျယ်လောင်စွာငိုကြွေးမြည်တမ်းနေကြသည်ကို ကိုယ်တော်မြင်တော်မူလျှင်