ဉာဏ်ပညာနှင့် အစွမ်းတန်ခိုး၊ အကြံဉာဏ်နှင့် ထိုးထွင်းဉာဏ်တို့သည် ကိုယ်တော်၌ ရှိသည်မဟုတ်လော။
ယောဘဝတ္တု။ 26:12 - မြန်မာ့စံမီသမ္မာကျမ်း တန်ခိုးတော်ဖြင့် ပင်လယ်ရေကို ငြိမ်သက်စေတော်မူ၏။ ဉာဏ်တော်အားဖြင့် ရာဟပ်ကို ချေမှုန်းတော်မူ၏။ Common Language Bible တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။ Garrad Bible တန် ခိုး တော် အား ဖြင့်၊ လှိုင်း တံ ပိုး ကို ထ ကြွ စေ၍၊ ဉာဏ် တော် အား ဖြင့်၊ ရေ နတ် န ဂါး ကို ထိုး ခုတ် တော် မူ၏။ Judson Bible တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော်မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော်မူ၏။ |
ဉာဏ်ပညာနှင့် အစွမ်းတန်ခိုး၊ အကြံဉာဏ်နှင့် ထိုးထွင်းဉာဏ်တို့သည် ကိုယ်တော်၌ ရှိသည်မဟုတ်လော။
ကိုယ်တော်ဆုံးမတော်မူလျှင် ကောင်းကင်တိုင်တို့ အံ့အားသင့်လျက် တုန်လှုပ်ကြလေ၏။
ဘုရားသခင်သည် အမျက်ကို ပြန်ထိန်းတော်မူမည်မဟုတ်။ ရာဟပ်အား ကူညီသူတို့ပင် ခြေတော်အောက်၌ ပြားပြားဝပ်ကြရ၏။
ထာဝရဘုရားသည် လွှမ်းမိုးသောရေပြင်အထက်တွင် စိုးစံတော်မူ၏။ ထာဝရဘုရားသည် ရှင်ဘုရင်အဖြစ် အစဉ်အမြဲစိုးစံတော်မူ၏။
ကိုယ်တော်သည် အစွမ်းသတ္တိအားဖြင့် ပင်လယ်ကိုပိုင်းခြား၍ ရေထဲရှိသတ္တဝါကြီးတို့၏ဦးခေါင်းကို ခွဲတော်မူ၏။
အကယ်စင်စစ် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့ရက်၌ မောက်မာထောင်လွှားသောသူ၊ ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်သောသူအပေါင်းတို့၏မာန်စွယ်ကို ချိုးတော်မူမည်။
ငါသည် ပင်လယ်ရေကိုထကြွစေ၍ လှိုင်းတံပိုးတို့ကိုမြည်ဟိန်းစေသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဖြစ်၏။
အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးထတော်မူပါ။ နိုးထတော်မူပါ။ ခွန်အားကိုဆင်ယင်တော်မူပါ။ ရှေးကာလနေ့ရက်များကကဲ့သို့၊ ရှေးလွန်လေပြီးသောမျိုးဆက်တို့ခေတ်ကကဲ့သို့ နိုးထတော်မူပါ။ ရာဟပ်ကိုခုတ်ဖြတ်သောသူ၊ မြွေနဂါးကိုထိုးဖောက်သောသူသည် ကိုယ်တော်ပင်မဟုတ်လော။
နေ့အချိန်၌ အလင်းရောင်ရရှိရန် နေကိုပေးသောအရှင်၊ ညအချိန်၌ အလင်းရောင်ပေးရန် လနှင့်ကြယ်များကို ပြဋ္ဌာန်းသောအရှင်၊ ပင်လယ်ရေကိုထကြွစေသောအရှင်၊ လှိုင်းတံပိုးကိုမြည်ဟိန်းစေသောအရှင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟု ဘွဲ့နာမရှိတော်မူသော ထာဝရဘုရားက ဤသို့မိန့်တော်မူ၏။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
သို့သော် ကိုယ်တော်သည် ပို၍ကြီးမြတ်သောကျေးဇူးတော်ကိုပေးတော်မူ၏။ သို့ဖြစ်၍ “ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။