သူသည် ဘုရားသခင်ထံဆုတောင်းမည်။ ဘုရားသခင်သည်လည်း သူ့ကိုလက်ခံတော်မူမည်။ ဝမ်းမြောက်စွာကြွေးကြော်လျက် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ သူ့ကို နဂိုမူလအတိုင်းပြန်လည်ဖြောင့်မတ်စေတော်မူမည်။
ယောဘဝတ္တု။ 19:27 - မြန်မာ့စံမီသမ္မာကျမ်း ငါကိုယ်တိုင် ဖူးမြင်ရမည်။ အခြားသူမဟုတ်ဘဲ ငါကိုယ်တိုင် မျက်စိဖြင့် မြင်ရမည်။ ထိုသို့ ငါ့ရင်ထဲ၊ နှလုံးသားထဲမှ တမ်းတလျက်ရှိ၏။ Common Language Bible ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင်မည်။ သူတပါးမြင်သည်သာမက၊ ငါသည် ကိုယ် မျက်စိနှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ကျောက်ကပ် သည် ပျက်လျက်ရှိ၏။ Judson Bible ငါ့ဘက်၌နေတော်မူသော ဘုရားသခင်ကို ငါမြင်မည်။ သူတစ်ပါးမြင်သည်သာမက၊ ငါသည် ကိုယ်မျက်စိနှင့် ဖူးမြင်မည်။ ထိုသို့မျှော်လင့်၍ ငါ့ကျောက်ကပ်သည် ပျက်လျက်ရှိ၏။ |
သူသည် ဘုရားသခင်ထံဆုတောင်းမည်။ ဘုရားသခင်သည်လည်း သူ့ကိုလက်ခံတော်မူမည်။ ဝမ်းမြောက်စွာကြွေးကြော်လျက် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ သူ့ကို နဂိုမူလအတိုင်းပြန်လည်ဖြောင့်မတ်စေတော်မူမည်။
ထာဝရဘုရားသည် ငါ့ဘက်၌ရှိတော်မူ၏။ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကိုတောင့်တလျက် အားအင်ကုန်ခန်းပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားပါ၏။
အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းကြောင့် ကိုယ်တော်၏မျက်နှာတော်ကိုဖူးမြော်ရပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်၏သဏ္ဌာန်တော်ကိုမြင်၍ အလိုပြည့်စုံပါလိမ့်မည်။
အကျွန်ုပ်၏ကိုယ်ခန္ဓာနှင့်အကျွန်ုပ်၏စိတ်နှလုံးသည် အားအင်ကုန်ခန်းသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အကျွန်ုပ်စိတ်နှလုံး၏အစွမ်းသတ္တိ၊ အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။
ကိုယ်တော်၌ သေဆုံးသောသူတို့သည် ပြန်ရှင်ကြမည်။ ငါနှင့်သက်ဆိုင်သောအသေကောင်သည် ထမြောက်မည်။ မြေမှုန့်သားတို့၊ နိုးလော့။ ရွှင်လန်းစွာသီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် နံနက်ခင်းနှင်းကဲ့သို့ဖြစ်၏။ မြေကြီးသည် သေသူ၏ဝိညာဉ်ကို မွေးဖွားစေလိမ့်မည်။
သင့်မျက်စိသည် တင့်တယ်သောရှင်ဘုရင်ကို တွေ့မြင်ရမည်။ အဝေး၌ရှိသောပြည်ကို ရှုမြင်ရမည်။
သူ့ကို ငါတွေ့၏။ သို့သော် ယခုမဟုတ်။ သူ့ကို ငါမြင်၏။ သို့သော် အနီးမှာမဟုတ်။ ယာကုပ်အမျိုးထဲမှ ကြယ်တစ်လုံးပေါ်ထွန်းလိမ့်မည်။ အစ္စရေးလူမျိုးထဲမှ ရာဇလှံတံ ပေါ်ပေါက်လိမ့်မည်။ သူသည် မောဘပြည်စွန်းတိုင်အောင် ချေမှုန်း၍ ရှေသအမျိုးသားအားလုံးကို ဖျက်ဆီးလိမ့်မည်။