ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
ယောဘဝတ္တု။ 13:13 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ရှေ့မှာ တိတ်တိတ်နေကြလော့။ ငါပြောပါရစေ။ ငါ၌ ဖြစ်ချင်ရာဖြစ်ပါစေ။ Common Language Bible တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။ Garrad Bible တိတ် နေ ကြ လော့၊ ငါ ပြော ဆို ပါ မည်။ ဖြစ် လို ရာ ဖြစ် ပါ စေ။ Judson Bible တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။ |
ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
သင်တို့၏မှတ်သားစရာစကားများသည် ပြာပုံစကားပုံမျှသာဖြစ်၏။ သင်တို့ချေပသောစကားများသည်လည်း ကွဲလွယ်သောမြေထည်ကဲ့သို့သာဖြစ်၏။
သင်တို့နှုတ်ဆိတ်နေကြလော့။ နှုတ်ဆိတ်နေခြင်းကသာ သင်တို့ကို ပညာရှိရာရောက်စေလိမ့်မည်။
ငါပြောသည်ကို သည်းခံကြလော့။ ငါပြောပြီးမှ ငါ့ကို ပြက်ရယ်ပြုလိုက ပြုကြလော့။
ထို့ကြောင့် ငါသည် နှုတ်ဆိတ်၍မနေနိုင်ပါ။ နာကြည်းသောစိတ်ဖြင့် ငါပြောမည်။ ခါးသီးသောစိတ်ဝိညာဉ်ဖြင့် ငါညည်းတွားမည်။