ယောဘဝတ္တု။ 13:14 - မြန်မာ့စံမီသမ္မာကျမ်း14 အဘယ်ကြောင့် ကိုယ့်အသားကို ကိုယ့်သွားနှင့် ကိုက်ထားရမည်နည်း။ အဘယ်ကြောင့် ကိုယ့်အသက်ကို ကိုယ့်လက်၌ ထည့်ထားရမည်နည်း။ အခန်းကိုကြည့်ပါ။Common Language Bible14 သို့သော်လည်း ငါသည် ကိုယ်အသားကို ပစပ် နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက် လျက် ဆောင်သွားမည်။ အခန်းကိုကြည့်ပါ။Garrad Bible14 မု ချ အား ဖြင့်၊ ငါ့ အ လောင်း ကို ငါ ကိုက် ချီ၍၊ အ သက် ကို လည်း ဆောင် ကိုင် တော့ မည်။ အခန်းကိုကြည့်ပါ။Judson Bible14 သို့သော်လည်း ငါသည် ကိုယ်အသားကို ပါးစပ်နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက်လျက် ဆောင်သွားမည်။ အခန်းကိုကြည့်ပါ။ |
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။
သင့်ကို နိုင်ထက်စီးနင်းပြုသောသူတို့အား ကိုယ့်အသားကိုယ်ပြန်စားစေမည်။ စပျစ်ဝိုင်ကဲ့သို့ ကိုယ့်သွေးကိုယ်ပြန်သောက်စေမည်။ သို့ဖြစ်၍ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ဖြစ်ကြောင်း လူအပေါင်းတို့သိကြရလိမ့်မည်”ဟု မိန့်တော်မူ၏။