ယခုမှာ ငါသည် မိတ်ဆွေတို့ ပြက်ရယ်ပြုစရာအကြောင်း ဖြစ်ရလေပြီ။ ဘုရားသခင်ကိုခေါ်လျှင် ဘုရားသခင်ထူးသောသူ၊ အပြစ်တင်စရာမရှိ ဖြောင့်မတ်သောသူသည် ပြက်ရယ်ပြုစရာ ဖြစ်ရလေပြီတကား။
ယောဘဝတ္တု။ 11:3 - မြန်မာ့စံမီသမ္မာကျမ်း သင်ရောက်တတ်ရာရာပြောဆိုသည်ကို လူတို့နှုတ်ဆိတ်နေရမည်လော။ သင်ပြက်ရယ်ပြုသောအခါ လူတို့မရှက်ဘဲနေရမည်လော။ Common Language Bible သင်ပြောသောမုသာစကားကြောင့် သူတပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲနေရမည်နည်း။ Garrad Bible သင် ပြော သော အ ချည်း နှီး စ ကား အ တွက်၊ ဆိတ် ဆိတ် နေ၍၊ သင် ကဲ့ ရဲ့ သော အ ခါ၊ ရှုတ် ချ သူ မ ရှိ သ လော။ Judson Bible သင်ပြောသော မုသားစကားကြောင့် သူတစ်ပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲဘဲနေရမည်နည်း။ |
ယခုမှာ ငါသည် မိတ်ဆွေတို့ ပြက်ရယ်ပြုစရာအကြောင်း ဖြစ်ရလေပြီ။ ဘုရားသခင်ကိုခေါ်လျှင် ဘုရားသခင်ထူးသောသူ၊ အပြစ်တင်စရာမရှိ ဖြောင့်မတ်သောသူသည် ပြက်ရယ်ပြုစရာ ဖြစ်ရလေပြီတကား။
သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
သင်တို့ကိုစစ်ကြောတော်မူလျှင် သင်တို့အတွက် အကျိုးရှိပါမည်လော။ လူကိုလှည့်စားသကဲ့သို့ ကိုယ်တော်ကို သင်တို့လှည့်စား၍ရနိုင်မည်လော။
အကယ်စင်စစ် လှောင်ပြောင်သူတို့သည် ငါ့ကို ဝိုင်းရံလျက်ရှိ၏။ သူတို့လှောင်ပြောင်ထေ့ငေါ့သည်ကို ငါကြည့်နေရပါ၏။
ငါပြောသည်ကို သည်းခံကြလော့။ ငါပြောပြီးမှ ငါ့ကို ပြက်ရယ်ပြုလိုက ပြုကြလော့။
သို့မဟုတ်လျှင် ငါလိမ်ပြောသည်ဟု မည်သူသက်သေပြမည်နည်း။ ငါ့စကားသည် အဓိပ္ပာယ်မရှိဟု မည်သူထောက်ပြမည်နည်း”ဟု ဆိုလေ၏။
ယောဘနှင့်တူသောသူ ရှိသလော။ သူသည် ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ရေကဲ့သို့သောက်တတ်၏။
ပွဲ၌လှောင်ပြောင်ကဲ့ရဲ့တတ်သော ဘုရားတရားမဲ့သူများကဲ့သို့ သူတို့သည် ငါ့ကိုကြည့်လျက် အံကြိတ်ကြ၏။
အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏နာမတော်ကိုရှာကြစေရန် သူတို့၏မျက်နှာကို အရှက်ကွဲခြင်းနှင့်ပြည့်စေတော်မူပါ။
အပျော်အပါးလိုက်စားသောသူတို့၏အစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ပါး၍လည်း မနေပါ။ အကျွန်ုပ်အပေါ်၌ ကိုယ်တော်၏လက်တော်သက်ရောက်သောကြောင့် အကျွန်ုပ်တစ်ယောက်တည်းနေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ဒေါသနှင့်ပြည့်စေတော်မူပါ၏။
တစ်စုံတစ်ယောက်သည် ဤစာအားဖြင့် ငါတို့မှာကြားသောစကားကိုနားမထောင်လျှင် ထိုသူအား အရှက်ရစေရန် သူ့ကိုမှတ်ထားလျက် သူနှင့်အပေါင်းအဖော်မပြုကြနှင့်။
အပြစ်တင်စရာကင်းသော မှန်ကန်ပြည့်စုံသည့်စကားကို ပြောဆိုလော့။ သို့ပြုလျှင် ဆန့်ကျင်ဘက်ပြုသောသူသည် ငါတို့နှင့်ပတ်သက်၍ မကောင်းသောအရာတစ်စုံတစ်ခုကိုမျှ မပြောဆိုနိုင်ဘဲ အရှက်ရလိမ့်မည်။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့ခြင်းနှင့်ဆိုင်သော တပ်မက်ခြင်းများအတိုင်းလျှောက်လှမ်းသည့် ပြက်ရယ်ပြုတတ်သောသူများ ပေါ်လာကြလိမ့်မည်”ဟု သင်တို့အား ပြောထားခဲ့ကြ၏။