သို့ဖြစ်လျှင် အကျွန်ုပ်သည် တစ်ခါမျှမရှိခဲ့ဖူးသောသူကဲ့သို့ဖြစ်၍ အမိဝမ်းထဲမှ သင်္ချိုင်းသို့တစ်ခါတည်းရောက်သွားမည်ဖြစ်၏။
ယောဘဝတ္တု။ 10:20 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏နေ့ရက်တို့သည် တိုတောင်းသည်မဟုတ်လော။ ရပ်တန့်တော်မူပါ။ တစ်ခဏလေးပျော်ရွှင်နိုင်ရန် အကျွန်ုပ်တစ်ယောက်တည်းနေပါရစေ။ Common Language Bible အကျွန်ုပ် နေ့ရက်တို့သည် နည်းပါးသည် မဟုတ် လော။ Garrad Bible အ သက် တာ မှာ၊ တို သည် မ ဟုတ် ပါ လော။ ထို့ ကြောင့်၊ သေ ခြင်း အ ရိပ် ကျ၍ မှောင် မိုက် သော ပြည်၊ သေ ခြင်း အ ရိပ် ရောက် ရာ၊ အ စီ အ စဉ် မဲ့ တ ခဲ နက် မှောင် မိုက် အ တိ၊ မည်း နက် ရောင် တောက် ထွန်း လျက်၊ မ ပြန် လမ်း တည်း ဟူ သော ပြည် သို့၊ မ သွား ရ သေး မီ အ ကြား၊ တ ခ ဏ မျှ ကြည် ရွှင် စွာ နေ ရ စေ ရန်၊ ကွေ ကွင်း တော် မူ လျက်၊ အ ကျွန်ုပ် ကို ရှိ ပါ လေ စေ ဟု မြွက် ဆို လေ၏။ Judson Bible အကျွန်ုပ်နေ့ရက်တို့သည် နည်းပါးသည် မဟုတ်လော။ |
သို့ဖြစ်လျှင် အကျွန်ုပ်သည် တစ်ခါမျှမရှိခဲ့ဖူးသောသူကဲ့သို့ဖြစ်၍ အမိဝမ်းထဲမှ သင်္ချိုင်းသို့တစ်ခါတည်းရောက်သွားမည်ဖြစ်၏။
လက်တော်ကို အကျွန်ုပ်အပေါ်မှ ရုပ်သိမ်းတော်မူပါ။ ကိုယ်တော့်ထံမှ ကြောက်မက်ဖွယ်ရာများဖြင့် အကျွန်ုပ်ကို ခြောက်လှန့်တော်မမူပါနှင့်။
မိန်းမမှမွေးလာသောလူသည် အသက်တာတိုတောင်း၍ ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေပါ၏။
အကြောင်းမူကား ငါတို့သည် မနေ့တနေ့ကမှ လူဖြစ်လာသဖြင့် ဘာမျှမသိနားမလည်ကြပါ။ ကမ္ဘာမြေပေါ်တွင် ငါတို့၏နေ့ရက်များသည် အရိပ်မျှသာဖြစ်ပါ၏။
ငါ့အား အသက်ရှူခွင့်ကိုပင်မပေးဘဲ ခါးသီးမှုများနှင့် ပြည့်စေတော်မူခဲ့ပြီ။
အကျွန်ုပ်ထွက်ခွာသွား၍ ပျောက်ကွယ်မသွားမီ အကျွန်ုပ်ရွှင်လန်းခြင်းရှိစေရန် အကျွန်ုပ်ထံမှ အကြည့်လွှဲတော်မူပါ။”
ကိုယ်တော်သည် အကျွန်ုပ်အသက်တာ၏ နေ့ရက်များကို လက်တစ်ဝါးသာရှည်စေတော်မူ၏။ အကျွန်ုပ်၏အသက်တာသည်လည်း ကိုယ်တော်၏ရှေ့တွင် ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ် လူတိုင်းသည် မြဲမြံစွာရပ်တည်လျက်နေစဉ်မှာပင် အခိုးအငွေ့သက်သက်ဖြစ်ကြပါ၏။(စေလာ)