သို့သော် သင်တို့အား ငါဆိုမည်။ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ယာဘက်ပါးကိုရိုက်သောသူအား နောက်တစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။
မဿဲ 5:40 - မြန်မာ့စံမီသမ္မာကျမ်း သင့်ကိုတရားစွဲ၍ သင်၏အင်္ကျီကို ယူလိုသောသူအား ဝတ်ရုံကိုလည်း ယူခွင့်ပေးလော့။ Common Language Bible သင်၏အတွင်းအင်္ကျီကိုယူလို၍တရားတွေ့သော သူအားသင်၏ဝတ်လုံကိုလည်းယူခွင့်ပြုလော့။- Garrad Bible တ ရား တွေ့၍ သင်၏ အ တွင်း အင်္ကျီ ကို ယူ လို သူ အား အ ပြင် အင်္ကျီ ကို လည်း ပေး ခဲ့ လော့။ Judson Bible သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင့်ကို တရားစွဲ၍ သင်၏အတွင်းအင်္ကျီကို ရယူလိုသောသူအား ဝတ်ရုံကိုပါ ပေးလော့။ မြန်မာ သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။- |
သို့သော် သင်တို့အား ငါဆိုမည်။ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ယာဘက်ပါးကိုရိုက်သောသူအား နောက်တစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။
သင့်ကို ခရီးတစ်မိုင်အတင်းအကျပ်သွားစေသောသူရှိလျှင် ထိုသူနှင့်အတူ နှစ်မိုင်သွားလော့။
သင်၏ပါးတစ်ဖက်ကိုရိုက်သောသူအား နောက်တစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။ သင်၏ဝတ်ရုံကိုယူသောသူအား အင်္ကျီကိုလည်း ယူခွင့်ပေးဦးလော့။
အမှန်စင်စစ် သင်တို့အချင်းချင်းတရားတွေ့ခြင်းအမှုသည် သင်တို့အတွက် လုံးလုံးရှုံးနိမ့်ခြင်းပင်ဖြစ်၏။ ထိုသို့တရားတွေ့မည့်အစား မတရားပြုခြင်းကိုသာ အဘယ်ကြောင့်မခံကြသနည်း။ လိမ်ညာလုယူခြင်းကိုသာ အဘယ်ကြောင့်မခံကြသနည်း။
တစ်စုံတစ်ယောက်သည် မိမိနှင့်ဆိုင်သောအပျိုကညာကို အခါလင့်စေလျှင် မလျောက်ပတ်ဟုထင်မှတ်၍ ထိုသို့ပြုစရာလည်းရှိလျှင် သူ၏ဆန္ဒအတိုင်းပြုပါစေ။ သူသည် အပြစ်ပြုသည်မဟုတ်။ သူတို့အိမ်ထောင်ပြုပါစေ။