အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 5:39 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မကောင်း​သော​သူ​ကို အတိုက်အခံ​မ​ပြု​ကြ​နှင့်။ သင်​၏​ယာ​ဘက်​ပါး​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ရာ​တွင်​သင့်​အား​ပြစ်​မှား​သူ​ကို​လက်​စား​မ​ချေ နှင့်​ဟု​ငါ​ဆို​၏။ သင်​၏​လက်​ယာ​ပါး​ကို​ရိုက်​သူ အား​အ​ခြား​ပါး​တစ်​ဖက်​လည်း​ရိုက်​စေ​ဦး​လော့။-

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ ဆို သည် ကား လူ ဆိုး ကို မ ခု ခံ နှင့်။ မည် သူ မ ဆို သင်၏ လကျ်ာ ပါး ကို ရိုက် လျှင် လက် ၀ဲ ပါး ကို ခံ ဦး လော့။

အခန်းကိုကြည့်ပါ။

Judson Bible

ငါ​ပ​ညတ်​သည်​ကား၊ နှောင့်​ယှက်​သော​သူ​ကို မ​ဆီး​မ​တား​နှင့်။ သင်၏ ပါး​တစ်​ဖက်​ကို သူ​တစ်​ပါး​ပုတ်​လျှင် ပါး​တစ်​ဖက်​ကို လှည့်၍​ပေး​ဦး​လော့။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သို့သော်လည်း သင်တို့​အား ငါ​ပြောဆိုသည်​မှာ မကောင်းသော​သူ​ကို အတိုက်အခံ​မပြုကြနှင့်။ သင်​၏ ပါး​တစ်ဖက်​ကို ရိုက်သော​သူ​အား အခြား​တစ်ဖက်​ကိုလည်း လှည့်ပေးလော့။

အခန်းကိုကြည့်ပါ။

မြန်မာ

ငါ​ပ​ညတ်​သည်​ကား၊ နှောင့်​ယှက်​သော​သူ​ကို မ​ဆီး​မ​တား​နှင့်။ သင်၏ ပါး​တစ်​ဖက်​ကို သူ​တစ်​ပါး​ပုတ်​လျှင် ပါး​တစ်​ဖက်​ကို လှည့်၍​ပေး​ဦး​လော့။-

အခန်းကိုကြည့်ပါ။



မဿဲ 5:39
24 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ခေနာနာ​၏​သား​ဇေဒကိ​သည် မိက္ခာယ​အနား​သို့​လာ​ပြီး ပါး​ကို​ရိုက်​၏​။ ထို့နောက် “​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင်​နှင့်​စကားပြော​ရန် ငါ့​ထံမှ မည်သည့်​အချိန်​က ထွက်သွား​သနည်း​”​ဟု မေး​၏​။


လူ​တို့​သည် ငါ့​ကို​ဝိုင်းအုံ​၍ ပါးစပ်​ဖြဲပြ​ကြ​၏​။ ငါ့​ကို​ကဲ့ရဲ့​၍ ပါး​ရိုက်​ကြ​၏​။


“​မကောင်းမှု​ကို​ငါ​တုံ့ပြန်​မည်​”​ဟု မ​ဆို​နှင့်​။ ထာဝရဘုရား​ကို​သာ စောင့်မျှော်​လော့​။ သို့ပြုလျှင် ကိုယ်တော်​သည် သင့်​ကို ကယ်တင်​တော်မူ​လိမ့်မည်​။


“​ငါ့​အပေါ်​သူ​ပြု​ခဲ့​သည့်​အတိုင်း သူ့​အပေါ်​ငါ​ပြု​မည်​။ သူ​၏​လုပ်ဆောင်မှု​နှင့်အညီ သူ့​ကို ငါ​တုံ့ပြန်​မည်​”​ဟု မ​ဆို​နှင့်​။


ရိုက်နှက်​သူ​တို့​အား ငါ့​ကျော​ကို​ပေး​၏​။ မုတ်ဆိတ်​ဆွဲနုတ်​သူ​တို့​အား ငါ့​ပါး​ကို​ပေး​၏​။ အသရေဖျက်​ခံရ​ခြင်း​၊ တံတွေးထွေး​ခံရ​ခြင်း​မှ ငါ့​မျက်နှာ​ကို ငါ​မ​လွှဲ​။


ရိုက်​လို​သော​သူ​အား ပါး​ကို​လှည့်ပေး​၍ ကဲ့ရဲ့ပြစ်တင်​သမျှ​ကို​ခံ​ပါစေ​။


သင်​၏​အမျိုးသားချင်း​ကို လက်တုံ့​မ​ပြန်​ရ​။ အငြိုး​မ​ထား​ရ​။ ကိုယ့်​အိမ်နီးချင်း​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


အို စစ်သမီးပျို​တပ်ဖွဲ့​တို့​၊ စုဝေး​ကြ​လော့​။ ငါ​တို့ ဝိုင်းထား​ခံရ​ပြီ​။ အစ္စရေး​အုပ်ချုပ်​သူ​တို့​၏​ပါး​ကို ကြိမ်လုံး​နှင့်​ရိုက်​ကြ​ပြီ​။


သင့်​ကို​တရားစွဲ​၍ သင်​၏​အင်္ကျီ​ကို ယူ​လို​သော​သူ​အား ဝတ်ရုံ​ကို​လည်း ယူ​ခွင့်ပေး​လော့။


မျက်နှာ​တော်​ကို​ဖုံးအုပ်​ပြီးလျှင် “သင့်​အား​မည်သူ​ရိုက်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။


ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​ကို စွပ်စွဲ​စရာ​အကြောင်း တွေ့ရှိ​နိုင်​ရန်​အတွက် ကိုယ်တော်​သည် ဥပုသ်နေ့​၌ အနာရောဂါ​ငြိမ်း​စေ​မည်​၊ မ​ငြိမ်း​စေ​မည်​ကို စောင့်ကြည့်​နေ​ကြ​၏။


ယေရှု​က​လည်း“ငါ​ပြော​သော​အရာ​မမှန်​လျှင် မမှန်​သည့်​အကြောင်း​ကို ထောက်ပြ​လော့။ မှန်​သည်​ဆိုလျှင် အဘယ်ကြောင့် ငါ့​ကို​ရိုက်​သနည်း”​ဟု ထို​သူ​အား မိန့်​တော်မူ​၏။


အမှန်စင်စစ် သင်​တို့​အချင်းချင်း​တရားတွေ့​ခြင်း​အမှု​သည် သင်​တို့​အတွက် လုံးလုံး​ရှုံးနိမ့်​ခြင်း​ပင်​ဖြစ်​၏။ ထိုသို့​တရားတွေ့​မည့်​အစား မတရား​ပြု​ခြင်း​ကို​သာ အဘယ်ကြောင့်​မ​ခံ​ကြ​သနည်း။ လိမ်ညာ​လုယူ​ခြင်း​ကို​သာ အဘယ်ကြောင့်​မ​ခံ​ကြ​သနည်း။


မည်သူမျှ သူတစ်ပါး​အပေါ် အဆိုး​ကို​အဆိုး​ဖြင့်​မ​တုံ့ပြန်​ကြ​စေရန် သတိပြု​ကြ​လော့။ အချင်းချင်း​အတွက်​လည်းကောင်း၊ လူ​အပေါင်း​တို့​အတွက်​လည်းကောင်း ကောင်းကျိုး​ကို​သာ အစဉ်​ကြိုးစား​ပြု​ကြ​လော့။


သင်​တို့​သည် အပြစ်​နှင့်​တိုက်ခိုက်​ရာ​တွင် သွေး​မြေ​ကျ​သည့်​တိုင်အောင် ခုခံ​တွန်းလှန်​ခြင်း​ကို​မ​ပြု​ကြ​ရ​သေး။


သင်​တို့​သည် ဖြောင့်မတ်​သော​သူ​ကို အပြစ်​ရှိ​သည်​ဟု​သတ်မှတ်​၍ သတ်​ကြ​ပြီ။ သူ​သည် သင်​တို့​ကို ဆန့်ကျင်​ခြင်း​မ​ပြု​ချေ။


သင်​တို့​သည် ကောင်းချီး​မင်္ဂလာ​ကို အမွေ​ဆက်ခံ​ရ​မည့်အကြောင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သည်​ဖြစ်၍ အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို ကဲ့ရဲ့​ပြစ်တင်​ခြင်း​ဖြင့်​လည်းကောင်း မ​တုံ့ပြန်​ဘဲ ကောင်းချီး​ကို​သာ​ပေး​ကြ​လော့။